-->
×

Warning

JUser: :_load: Unable to load user with ID: 29


Digital Marketing အတွက်အရေးပါတဲ့ Visual Content

Digital Marketing အတွက်အရေးပါတဲ့ Visual Content google

ယခုခေတ်မှာ Image, Video, Infographic တွေခေတ်စားလာပါတယ်။

Visual နည်းပညာနဲ့ တိုးတက်မှုအမြန်ဆုံးဖြစ်တဲ့ Social Networking Platform ဟာ Instagram နဲ့ Snapchat ဖြစ်ပြီး Texting ကိုအခြေခံထားတဲ့ Social Network ဟာ Twitter ပါ။ ဒါပေမဲ့ Twitter မှာလည်း Image, Gifs နဲ့ Video တွေဟာ ခေတ်စားလာပါပြီ။ ယခုဖော်ပြပေးမှာကတော့ Visual Content တွေရဲ့ Digital Marketing အတွက်အရေးပါပုံနဲ့ အားသာချက်တွေ ကိုဖော်ပြပေးမှာဖြစ်ပါတယ်။


၁။ မှတ်မိလွယ်စေတယ်

Visual content တွေဟာ ပိုပြီး မှတ်မိလွယ်စေပါတယ်။ မိမိပြောဆိုလိုတဲ့ အကြောင်းအရာကို နှုတ်မှပြောတာ၊ စာဖြင့်ရေးသားတာတွေက ယခင်ထဲကအသုံးချလာတဲ့ နည်းလမ်းတွေဖြစ်ပြီး တကယ်လည်း ထိရောက်ခဲ့ပါတယ်။ ယခုခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မိမိကုန်ပစ္စည်း၊ ဝန်ဆောင်မှုစတာတွေကို Image တွေ၊ Video တွေကနေတဆင့် ဖော်ပြခြင်းဟာ လူတွေရဲ့ အမြင်အာရုံစိုက်မှုကို ပိုမိုရရှိစေပြီး လူတွေဟာ သာမာန် ရေးထားတဲ့ စာကိုဖတ်ရတာထက် Image တွေ၊ Video တွေနဲ့ တွဲဖက်ဖော်ပြထားတဲ့ အကြောင်းအရာကို ပိုပြီးဂရုတစိုက် အချိန်ပေးကြည့်ရှုပါတယ်။ ဥပမာ – ပြောရမယ်ဆိုရင် သင့်ရဲ့ Customer ကို သာမာန် Text တွေပဲ ရေးထားတဲ့ စာတစ်ဆောင်ပို့လိုက်ခြင်းထက် Visual တွေနဲ့ ဖော်ပြရေးသားထားတဲ့ Email တစ်ဆောင်ဟာ ပိုပြီးစိတ်ဝင်စားခြင်းခံရပါတယ်။


၂။ Like and Share ပိုရစေတယ်

Visual content ဟာလူတွေရဲ့ Share လုပ်ခြင်းကိုပိုရစေပါတယ်။ Image နဲ့ တွဲပြီးဖော်ပြထားတဲ့ Content တွေဟာ အခြားရိုးရိုး Content ထက် ၉၀% ပိုပြီး Sharing လုပ်ခြင်းကိုရစေပါတယ်။ Social media မှာရှိတဲ့ Infographic တွေဟာ သာမာန် Content တွေထက် သုံးဆပိုပြီး User တွေရဲ့ Like and Share လုပ်ခြင်းကိုရစေပါတယ်။ User တွေဟာ Image တွေ Infographic တွေမှာလှလှပပ ဆန်းသစ်ပြီး ဖော်ပြထားတဲ့စာတွေကို သာမာန် Text only ရေးသားထားတဲ့ စာထက်ပိုပြီး စိတ်ဝင်တစား ဖတ်ရှုပြီး Share လုပ်ချင်ကျပါတယ်။

သင့်ရဲ့ကြော်ငြာ Video ကို စိတ်ဝင်စားလာနိုင်မယ့် အချက်များ


၃။ ဆိုလိုရင်းရောက်တယ်

Visual content ဟာ ပိုမိုနားလည်လွယ်ပြီး မိမိဆိုလိုရင်းကို ထိရောက်စေပါတယ်။ You tube မှာ တင်ထားတဲ့ How to ဆိုပြီး ရှင်းပြထားတဲ့ Video တွေ အလွန်ခေတ်စားပြီး လူတွေအတွက် ပိုပြီးနားလည်လွယ်ပါတယ်။ သာမာန် ရေးသားထားတဲ့ ရှင်းလင်းချက်ထက် Visual Image တွေ Video ကနေ ဝေဝေဆာဆာရှင်းလင်းချက်တွေက လူတွေအတွက် ပိုပြီးနားလည်လွယ်စေပါတယ်။ လေ့လာချက်တွေအရ လူတွေဟာ Product အကြောင်းရှင်းလင်းထားတဲ့ Videoclip တွေကြည့်ရခြင်းကို စာဖြင့်ဖတ်ရခြင်းထက် လေးဆ ပိုမိုနှစ်သက်တယ်လို့ဆိုပါတယ်။

ယခုဖော်ပြတဲ့အချက်တွေဟာ လူတိုင်းသိတဲ့ အချက်တွေဆိုပေမဲ့ Social Media Marketing ဟာ ထင်သလောက် မလွယ်ကူပါဘူး။ ကိုယ့်ရဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို Customer တွေနားလည်လွယ်အောင် စိတ်ဝင်စားလာအောင် ပြုလုပ်နိုင်ဖို့ဆိုတာအ လွန်အရေးပါတဲ့အတွက် ယခုအကြောင်းအရာတွေကနေတစ်ဆင့် လေ့လာနိုင်ရန်ဖော်ပြလိုက်ပါတယ်။


Source; SEOmyanmar

Myanmar Advertising Directory

Read times
Rate this item
(1 Vote)