-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်စီးပွားရေးလုပ်ငန်းအတွက် ကြော်ငြာ Video တစ်ခုဖန်တီးဖို့ လိုအပ်တဲ့ အချက် ၂ချက်

သင့်စီးပွားရေးလုပ်ငန်းအတွက် ကြော်ငြာ Video တစ်ခုဖန်တီးဖို့ လိုအပ်တဲ့ အချက် ၂ချက် Pexels

အခုဆိုရင် လူတွေက Facebook ပေါ်မှာ Video တွေကို အရင်ကထက် ပိုပိုပြီး ကြည့်လာကြသလို Facebook ကလည်း သူ့ရဲ့ Video တွေထဲမှာ ကြော်ငြာတွေ ထည့်သွင်းနိုင်အောင် စီစဉ်ပေးထားပါပြီ။ 

ဒါကြောင့် ရုပ်သံလိုင်းတွေ၊ Online Media Company ကြီးတွေမှာ ဈေးကြီးကြီးပေးပြီး ကိုယ့်ရဲ့လုပ်ငန်း၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို ကြော်ငြာမထည့်သွင်းနိုင်ရင်တောင် ကုန်ကျစရိတ်သက်သက်သာသာနဲ့ လူတွေသန်းနဲ့ချီပြီး ကြည့်တဲ့ Facebook Video တွေထဲမှာ ကြော်ငြာထည့်သွင်းလို့ရပါတယ်။ သိတဲ့လူတွေလည်း သိပြီးသားဖြစ်နိုင်ပေမယ့် မသိသေးတဲ့သူတွေအတွက် အထိရောက်ဆုံး Facebook ကြော်ငြာ Video ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အခုပြောပြမယ့် နည်းလမ်းတွေကတော့ Mobile ဖုန်းနဲ့ လုပ်ဆောင်ဖို့တော့ လွယ်ကူမှာမဟုတ်ဘဲ Computer ကနေတဆင့် Facebook ကိုဝင်ပြီး လုပ်မှသာ အဆင်ပြေမှာဖြစ်ပါတယ်။


၁။ ကြော်ငြာ Video တစ်ခုဖန်တီးပါ

ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကို အတိုဆုံးနဲ့ အထိရောက်ဆုံး ဖော်ပြနိုင်မယ့် ကြော်ငြာ Video တစ်ခုကို ကျွမ်းကျင်တဲ့သူတွေနဲ့ ဖန်တီးပါ။ ဒီကြော်ငြာ Video က နာမည်ကြီးမင်းသားတွေ၊ မင်းသမီးတွေ၊ ဒါရိုက်တာကြီးတွေနဲ့ ရိုက်ကူးနိုင်မှမဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ Graphic တွေနဲ့တင် ဖန်တီးလည်းရပါတယ်။ အရေးကြီးတာက ကြော်ငြာကို ၁၀ စက္ကန့်ထက်မရှည်စေဖို့နဲ့ ကိုယ်ပြောချင်တဲ့ အချက်တွေကို တိုတိုနဲ့ထိထိရောက်ရောက် ဖော်ပြနိုင်ဖို့ပါ။ Video Size က Mobile ဖုန်းနဲ့ ကြည့်ရှုသူတွေအတွက် အဆင်ပြေဆုံးဖြစ်တဲ့ 1:1 Square Size ဖြစ်သင့်ပါတယ်။ အဲဒီလိုဖန်တီးပြီးပြီဆိုရင် ကြော်ငြာ Video ကို ကိုယ့်လုပ်ငန်းရဲ့ Facebook Page မှာ တင်ထားလိုက်ပါ။

Social Monitoring နဲ့  Social Listening ရဲ့ ကွာခြားချက်များ


၂။ Facebook Ads Manager မှာ Ads ဖန်တီးပါ

ပထမဆုံး Facebook မှာ ဘယ်ဘက်အောက်ဆုံးထောင့်က Create ဆိုတာရဲ့အောက်က Ads ကိုနှိပ်ပြီး Ads Manager ထဲဝင်လိုက်ပါ။ ပထမဆုံးပေါ်လာတဲ့ စာမျက်နှာက What's Your Marketing Objective ဆိုတာရဲ့အောက်မှာ Video Views ကိုရွေးပြီး Continue ကိုနှိပ်ပါ။ အဲဒီနောက် Audience ရွေးရမှာဖြစ်ပါတယ်။ အသက်၊ အရွယ်၊ ကျား၊ မ၊ Location တွေကို ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် အချက်တွေအတိုင်း ရွေးချယ်ပါ။ အဲဒီနောက် အောက်ကိုဆက်ဆင်းလိုက်ရင် Placement ဆိုတာကို တွေ့ပါလိမ့်မယ်။ Automatic Placements ဆိုတာကိုမရွေးဘဲ Edit Placements ဆိုတာကို ရွေးလိုက်ပါ။ အဲဒီလိုရွေးလိုက်လို့ ပေါ်လာတဲ့ထဲက Device နေရာမှာ All Devices ဆိုတာကိုရွေးပါ။


Platform မှာတော့ Facebook ခေါင်းစဉ်အောက်က Feeds၊ Instant Article နဲ့ In-Stream Video တို့ကိုပဲ အမှန်ခြစ်ပေးပြီး ကျန်တာတွေကိုဖြုတ်လိုက်ပါ။ Instagram သုံးတတ်သူတွေကို မရည်ရွယ်ဘူးဆိုရင် Instagram အောက်က Feed နဲ့ Stories ၂ ခုလုံးကို အမှန်ခြစ်တွေ ဖြုတ်ထားလိုက်တာ ပိုကောင်းပါတယ်။ Audience Network မှာတော့ အားလုံးကို အမှန်ခြစ်ပေးထားလိုက်ပါ။ ပြီးပြီဆိုရင် Budget မှာ ကိုယ့်သုံးမယ့် ငွေပမာဏနဲ့ Schedule ကိုရွေးပါ။ Optimization For Ad Delivery မှာ 10 Seconds Video View ကိုရွေးပါ။ ကျန်တာတွေကိုတော့ သူ့အတိုင်းပဲ ထားလိုက်ရုံပါပဲ။ အဲဒီနောက် Continue ကိုနှိပ်ပါ။ နောက်တစ်မျက်နှာမှာ Facebook Page ဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့ကြော်ငြာ Video တင်ထားတဲ့ Page ကိုရှာပြီးရွေးပါ။ Format မှာ Single Video ကိုရွေးပါ။


Video နေရာကိုရောက်ရင် Browse Library ကိုနှိပ်ပြီး Page Video ထဲကိုဝင်လိုက်ပါ။ ကိုယ့်ရဲ့ကြော်ငြာ Video ကို တွေ့ပါလိ့မ်မယ် ရွေးလိုက်ပါ။ အဲဒီနောက် Preview မှာ ကိုယ့်ရဲ့ကြော်ငြာက ဘယ်လိုပုံစံပေါ်မလဲဆိုတာကို ကြည့်နိုင်ပါတယ်။ စိတ်တိုင်းကျပြီဆိုရင်တော့ Confirm ကိုနှိပ်လိုက်ရင် အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ ကြော်ငြာ Video က သင့် Page ရဲ့ Sponsored Post အနေနဲ့ ကိုက်ညီမယ့်သူတွေဆီမှာ ပေါ်နေမှာဖြစ်တဲ့အပြင် TV ကြော်ငြာတွေလိုပဲ လူကြည့်များတဲ့ Video တွေရဲ့ အလယ်မှာလည်း Facebook က အလိုအလျောက် ထည့်သွင်းပြသပေးသွားမှာ ဖြစ်တာကြောင့် လူတွေဆီကို ပိုပြီးထိရောက်တဲ့ နည်းလမ်းနဲ့ ရောက်ရှိနိုင်မှာပဲ ဖြစ်ပါတယ်။

 

Source; Amayapuya

Myanmar Advertising Directory

Read times
Rate this item
(1 Vote)