-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့် Brand ရဲ့ Organic Reach တွေ တိုးလာစေမယ့် နည်းလမ်းများ

သင့် Brand ရဲ့ Organic Reach တွေ တိုးလာစေမယ့် နည်းလမ်းများ google

Reach ဆိုတာ လူတွေများများဆီ ရောက်တာကိုပြောတာပါ။ Organic Reach ဆိုတာကတော့ ကြော်ငြာမသုံးဘဲ ရရှိတဲ့ရလဒ်ပဲဖြစ်ပါတယ်။

ဘာလူတွေက ကိုယ်ရဲ့ Post ကိုမြင်နိုင်ပြီး ကိုယ်ပစ္စည်းအကြောင်းသိနိုင်မယ်။ အရောင်းအ၀ယ်တွေ ဖြစ်မှာ ဖြစ်ပါတယ်။ Organic Reach ရဖို့ Content ကောင်းတွေ ဖန်တီးနိုင်ဖို့ကအရေးကြီးဆုံးပါ။ Facebook က Post ကို ပုံမှန်ပေးနေကြ reach တွေ ပိုမိုလျော့ချလာတဲ့နောက် အမြဲတမ်းတော့ ပို့စ်တွေကို ကြော်ငြာချည်းသုံးပြီး Boost post လုပ်ချင်ကြမှာတော့မဟုတ်ပါဘူး။ ဒါကြောင့် Organic Reach ကို Marketer တွေက ပိုအလေးထားကြပါတယ်။ ကြော်ငြာစရိတ်သက်သာတဲ့အပြင် သင့်ရဲ့ Content အပေါ် အားစိုက်ထုတ်ထားတဲ့ သင့်ရဲ့ Effort နဲ့ Customer တွေကိုပေးတဲ့ Value ကိုပါ တွေ့နိုင်လို့လည်းဖြစ်ပါတယ်။ သင့် Brand ရဲ့ Organic Reach တွေ တိုးတက်ဖို့ဆိုရင်တော့


၁။ ဆန်းစစ်ခြင်း

ပထမဆုံး ကိုယ်ပေ့ခ်ျက ဘယ်လို Content Type တွေက ပို Engagement ရနေလဲဆိုတာ ကြည့်ရပါမယ်။ ပြီးရင် သူတို့ကို Engagement ပိုရဖို့ဘယ်လို improve လုပ်ရမလဲဆိုတာ အားစိုက်ရမှာ ဖြစ်ပါတယ်။


၂။ Content ကောင်းများဖန်တီးခြင်း

Relevant (ဆက်နွယ်မှုရှိခြင်း) နဲ့ အသုံးဝင်တဲ့ Content တွေကို ဖန်တီးဖို့ကြိုးစားရပါမယ်။ ဒီလို Conversation ကို ဖြစ်စေမဲ့ Content ကောင်းတွေနဲ့ မိမိ ပို့စ်ကို Users တွေရဲ့ News Feed မှာပေါ်အောင် အားထုတ်မှာ ဖြစ်ပါတယ်။ Sharing များအောင် လုပ်ဆောင်ပါ။

စာဖတ်သူတွေ သဘောကျစေမယ့် Headline မျိုးရဖို့ဆိုရင်


၃။ Engagement ဖြစ်စေမဲ့ ပို့စ်များဖန်တီးခြင်း

Audience ရဲ့ လိုအပ်ချက်နဲ့ လိုချင်တာကို သိရပါမယ်။လူတွေဟာ သူတို့အတွက် အသုံးဝင်တဲ့ Info တွေကို နှစ်သက်ကြပါတယ်။


၎။ Facebook group များအသုံးပြုခြင်း

Facebook ထဲမှာ Group တွေဟာ ကွန်မြူနစ်တီ အသေးစားတွေဖြစ်ပါတယ်။ Interest လည်းတူညီတဲ့အတွက် ပိုကောင်းပါတယ်။ Facebook ပေါ်မှာ User တစ်ယောက်ဟာ Facebook group 6,000 နဲ့အထက်ကို Join လို့ရပါတယ်။ ကိုယ့်လုပ်ငန်းပေ့ခ်ျအတွက် Facebook group တွေကို အသုံးပြုနိုင်ပါတယ်။

Facebook အပြင် တစ်ခြား Social Platform တွေဖြစ်တဲ့ Twitter, Instagram နဲ့ LinkedIn စတာတွေကိုလည်း ကိုယ်ပေ့ခ်ျနဲ့ ချိတ်ဆက်ဖို့သုံးနိုင်ပါတယ်။ တစ်ခြားအနေနဲ့ မိမိ brand ရဲ့ Organic Reach တိုးတက်စေဖို့ ၀ဘ်ဆိုဒ်၊ Email Marketing တို့ကို သုံးပြီး audience နဲ့ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။


Source; TNonlineMKT

Myanmar Advertising Directory

Read times
Rate this item
(1 Vote)