-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်း Post အောက်က Comment တွေကို အကောင်းဆုံး Reply ပြန်ဖို့ နည်းလမ်းများ

သင့်လုပ်ငန်း Post အောက်က Comment တွေကို အကောင်းဆုံး Reply ပြန်ဖို့ နည်းလမ်းများ pexels

Facebook မှာ လုပ်ငန်းရှင်တွေ ကိုယ့်လုပ်ငန်းအကြောင်း Post တင်မယ်၊ ပြီးတော့ Boost လည်းလုပ်လိုက်မယ်ဆိုရင် Comment ပေါင်းသောင်းခြောက်ထောင်ကို တွေ့ရမှာပါ။

အဲဒီ Comment တွေထဲမှာ အားပေးတဲ့၊ ချီးကျူးတဲ့ Comment တွေ ပါလာမှာဖြစ်သလို Post ထဲမှာပါပြီး ဈေးနှုန်း၊ လိပ်စာ၊ ဖုန်းနံပါတ်တို့လို Information တွေကိုပြန်မေးထားတဲ့ စိတ်ရှုပ်စရာ Comment တွေ၊ ဘလိုင်းကြီးဆဲတဲ့ Comment တွေ၊ အထင်မှားပြီး အဆိုးမြင်တဲ့ သဘောနဲ့ပြောထားတဲ့ Comment တွေ၊ ကိုယ့်ရဲ့အမှားအယွင်း၊ တကယ့်အားနည်းချက်ကို ဝေဖန်ထောက်ပြတဲ့ Comment တွေဆိုပြီး Comment အမျိုးမျိုးကိုလည်း တွေ့ဖူးကြမှာပါ။ ဒါဆိုရင် ကိုယ့်ကြော်ငြာ Post အောက်က အဲဒီ Comment အမျိုးမျိုးကို အကောင်းဆုံး ဘယ်လိုတုံ့ပြန်ဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ အပြုသဘောဆောင်တဲ့ Comment တွေ

အပြုသဘောဆောင်တဲ့ Comment တွေဆိုတာက အရမ်းကောင်းတာပဲ၊ သဘောကျတယ်၊ အောင်မြင်ပါစေ စတဲ့ တိုက်ရိုက်ချီးကျူးတဲ့ စကားမျိုးတွေရေးထားတဲ့ Comment တွေတင်မကဘဲ သူတို့ရဲ့တခြားသူငယ်ချင်းတွေကို mention ခေါ်ပြီးပြထားတာတွေ၊ အားပေးချီးကျူးတဲ့ Comment တွေကိုဆိုလိုတာပါ။ ဒီလို Comment မျိုးပေးတဲ့သူတွေကို သူတို့ရဲ့အားပေးမှုကို အလေးထားကြောင်းဖော်ပြဖို့ သေချာဂရုတစိုက် Reply ပြန်ဖို့လိုပါတယ်။ အဲဒီလို Reply ပြန်တဲ့နေရာမှာ Love Reaction လေးပေးပြီး Comment တိုင်းကို Copy၊ Paste လုပ်ထားတဲ့ တစ်ပုံစံတည်း အရေးအသားတွေနဲ့ Reply မပြန်မိစေဖို့ လိုပါတယ်။ ဒါဆိုရင် သူတို့ကို အလေးထားရာ ရောက်မှာမဟုတ်ပါဘူး။ Comment ပိုင်ရှင်ရဲ့ အရေးအသားအလိုက် ကျေးဇူးတင်ကြောင်းကို တစ်ဦးကို ပုံစံတစ်မျိုးနဲ့ ဂရုတစိုက် ပြန်လည်ဖော်ပြဖို့ လိုမှာပဲဖြစ်ပါတယ်။

 

၂။ ရိုင်းရိုင်းဆိုင်းဆိုင်း Comment တွေ

ဘလိုင်းကြီး ဆဲဆိုထားတဲ့ Comment တွေဆိုရင် တခြားကြည့်မိတဲ့သူတွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေနိုင်တာကြောင့် ဖျက်ပစ်ပြီး အဲဒီ Comment ပေးတဲ့သူကိုပါ Ban သင့်ရင် Ban ရပါမယ်။ အရမ်းမရိုင်းဘူး၊ အပျော်သဘော နောက်ပြောင်သလောက်ပဲ ဆိုရင်တော့ ပြန်ပြီး အကွက်ကျကျနောက်ပြောင်တာ၊ ဒါမှမဟုတ် လျစ်လျူရှုထားလိုက်တာမျိုး လုပ်သင့်ပါတယ်။

Native Content ဆိုတာဘာလဲ

 

၃။ ပါပြီးသား Information တွေကို ပြန်မေးထားတဲ့ Comment တွေ

စီးပွားရေးလုပ်နေတာဖြစ်တဲ့အတွက် ဒီလို Comment မျိုးတွေကို ကိုယ်က စိတ်ရှုပ်နေလို့ မရပါဘူး။ Post ထဲမှာရေးထားပါတယ်၊ စာကိုသေချာဖတ်ပေးပါ ဆိုတာမျိုး၊ ပြောထားပြီးသားတွေပြန်မေးရင် မဖြေပါဘူး ဆိုတာမျိုးတွေ Reply လုံးဝမပြန်သင့်ပါဘူး။ ကိုယ်ကလူတွေ Online မှာ စာသေချာဖတ်ရေး Campaign လုပ်နေတာမဟုတ်ဘဲ စီးပွားရေး လုပ်နေတယ်ဆိုတာကို သတိရပါ။ Post ထဲမှာဖော်ပြပြီးသားပဲဖြစ်ဖြစ်၊ လူတိုင်းသိနိုင်တာကို ပြန်မေးနေတာမျိုးကိုပဲ ဖြစ်ဖြစ် တတ်နိုင်သမျှ စိတ်ရှည်ရှည်နဲ့ ဂရုတစိုက် Reply ပြန်ပေးဖို့လိုပါတယ်။ ဒီလို စိတ်ရှည်ရှည် Reply ပြန်တဲ့အတွက် Comment ရေးပြီးမေးတဲ့ ကာယကံရှင်တင်မကဘဲ ကိုယ့်ရဲ့ Reply ပြန်ပုံကိုမြင်တဲ့ တခြားသူတွေကပါ ကိုယ့်ရဲ့လုပ်ငန်းကို သဘောကျ နှစ်သက်လာမှာပဲ ဖြစ်ပါတယ်။

 

၎။ Nagative Comment တွေ

အဆိုးမြင်တဲ့သဘောနဲ့ ကိုယ့်ရဲ့အမှား၊ ချို့ယွင်းချက်မဟုတ်ဘဲ အထင်အမြင်မှားပြီး ပြောထားတဲ့ Comment တွေကိုလည်း ဖျက်ပစ်တာ၊ လျစ်လျူရှုထားတာ၊ ဒေါသနဲ့ တုံ့ပြန်တာမျိုးတွေမလုပ်သင့်ပါဘူး။ မှန်ကန်ကြောင်းကို သေသေချာချာ စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ Reply မျိုးပြန်သင့်ပါတယ်။

 

၅။ အားနည်းချက်ကို ဝေဖန်ထောက်ပြတဲ့ Comment တွေ

လူတိုင်းအမှားနဲ့မကင်းတဲ့အတွက် ကိုယ်လည်းမှားနိုင်တယ်၊ အားနည်းချက် ရှိနိုင်တယ်ဆိုတာကို စိတ်ထဲမှာအမြဲထည့်ထားပါ။ Post ထဲမှာ စာလုံးပေါင်းမှားနေတာ၊ အချက်အလက်ရှေ့နောက်လွဲနေတာကို ဝေဖန်ထောက်ပြတာမျိုးတွေကို မဖျက်ပစ်ဘဲ ကျေးဇူးတင်ကြောင်း Reply ပြန်ပြီး အရေးတယူပြန်လည်ပြင်ဆင်ရပါမယ်။ ကိုယ့်လုပ်ငန်း၊ ကုန်ပစ္စည်းရဲ့ တကယ့်ချို့ယွင်ချက်၊ အားနည်းချက်အကြောင်းပြောလာတဲ့ Comment တွေဆိုရင်လည်း တခြားသူတွေပါ ဝိုင်းပြီးအပြစ်တင်မှာ စိုးရိမ်တဲ့စိတ်နဲ့ ဖျက်ပစ်တာမျိုး မလုပ်သင့်ပါဘူး။ အဲဒီအစား အဲဒီအားနည်းချက်၊ ချို့ယွင်းချက်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်သွားမယ့်အကြောင်းနဲ့ ကိုယ့်ဘက်ကအခက်အခဲကို နားလည်သွားအောင် ဂရုတစိုက် ရှင်းပြတာမျိုး လုပ်သင့်ပါတယ်။

 


Source; Amayapuya

Myanmar Advertising Directory

Read times
Rate this item
(2 votes)