-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာတစ်ခုရဲ့ အရေးကြီ်းဆုံးဖြစ်တဲ့ Call To Action

ကြော်ငြာတစ်ခုရဲ့ အရေးကြီ်းဆုံးဖြစ်တဲ့ Call To Action google

ကြော်ငြာတစ်ခု လုပ်တော့မယ်ဆိုရင် ကိုယ်ရဲ့ Audiences ကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်၊

ဘာကိုဆက်ပြီးလုပ်စေချင်သလဲ ဆိုတဲ့ Call To Action အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ကြော်ငြာတဲ့ နေရာမှာ ကိုယ်ပြောချင်တာ ဘာကိုဆိုလိုမှန်းမသိဘူးဆိုရင် ကိုယ့် Brand ကို ဘယ်သူကမှစိတ်ဝင်စားမှာ မဟုတ်ပါဘူး။ Social Media မှာကြော်ငြာတာဖြစ်လို့ Creative ဖြစ်မှုဟာ အရေးပါပေမယ့်လည်း အဓိကအရေးကြီးတဲ့ အချက်က ကြော်ငြာကို မြင်ပြီး ဘာဆက်လုပ်ရမလဲ ဆိုတဲ့ တိုက်တွန်းချက်တစ်ခု ဖြစ်တဲ့ Call to Action ပဲဖြစ်ပါတယ်။ ဒီနေရာမှာ Call to Action အကြောင်းကို ရှင်းလင်းဖော်ပြပေးပါမယ်။

 

တကယ်ကောင်းတဲ့ ကြော်ငြာတစ်ခုဟာ Audiences တစ်ယောက်မြင်ပြီးတာနဲ့ သူ့ကို ဘာဆက်လုပ်စေချင်သလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်နေရမယ်လို့ဆိုပါတယ်။ Call To Action မကောင်းရင်လည်း Click တွေ Engagement တွေရဖို့ နည်းပါတယ်။ ဥပမာ Discount က တစ်ရက်ထဲမို့ အခုပဲ အပြေးသွားဝယ်လိုက်တော့နော် ဆိုတာတွေက Action တစ်ခုခုလုပ်ဖြစ်ဖို့ ကြော်ငြာကနေတဆင့်တိုက်တွန်းတာပါ။ ကြော်ငြာကို ကြည့်လိုက်တာနဲ့ ဘာဆက်လုပ်ရမလဲဆိုတာ တွန်းအားပေးနိုင်တဲ့ "ဝယ်ပါ" "ရယူလိုက်ပါ" "သုံးကြည့်ပါ" "စမ်းသပ်လိုက်ပါ" စတဲ့စကားလုံးတွေ ဖြစ်ပါတယ်။

ဈေးသက်သာခြင်းက ပြဿနာလား


Facebook ကပေးထားတဲ့ Send Message၊ Call Now တို့လို Button တွေလည်း ရှိပါတယ်။ အခု ဖြစ်နေတဲ့ ပြဿနာတစ်ခုကတော့ လုပ်ငန်းရှင်တွေတော်တော်များက သူတို့ Brand ကို လူသိစေချင်သလို၊ ရောင်းအားလဲ တက်စေချင်ပါတယ်။ Brand Awareness လား Sales လား။ နှစ်ခုလုံးကို ကြော်ငြာတွေက ဖြည့်ဆည်းပေးဖို့က ခက်ခဲပါတယ်။ တစ်ချို့Brand အကြီးကြီးတွေ Brand Awareness ရစေချင်လို့ Page ကို Like၊ Follow တို့ စတဲ့ ရှင်းရှင်းလင်းလင်း Call to action လေးတွေထည့်ပြီး လုပ်တတ်ကြပါတယ်။


ဒါပေမဲ့ သူတို့က Social Media ပေါ်မှာ မရောင်းကြပါဘူး။ သူတို့ Brand ကိုလူစိတ်ဝင်စားမှုပဲရစေချင်တာပါ။ Brand Awareness ရပြီးမှ သွယ်ဝိုက်ပြီး ဝယ်စေချင်တဲ့ Action နဲ့ တိုက်ရိုက်ဝယ်စေချင်တဲ့ Action နဲ့ က တော်တော်ကွာပါတယ်။ ဒီမှာတော့ ကြော်ငြာ တစ်ခုတည်းက Brand Awareness နဲ့ Drive a direct Sale ဆိုတဲ့ Direct Marketing ကိုပါတွဲလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို Brand Awareness နဲ့ Sale ပါ တွဲလုပ်ခိုင်းတဲ့ ကြော်ငြာ တွေဟာ သိပ်မအောင်မြင်တတ်တာ တွေ့ရပါတယ်။ တကယ်တမ်းက Customer တွေ လွယ်လွယ်ကူကူလုပ်နိုင်တဲ့ Action လေးတွေကိုတောင်းဆိုတဲ့ ကြော်ငြာတွေက ပိုအလုပ်ဖြစ်ပါတယ်။ ဘယ်လို ကြော်ငြာ အမျိုးအစားပဲ ဖြစ်ဖြစ် Call to Action ကတော့ လိုအပ်ပါတယ်။


Source; I4B Solution

Myanmar Advertising Directory

Read times
Rate this item
(1 Vote)