-->
×

Warning

JUser: :_load: Unable to load user with ID: 29


Client ကို Video နဲ့ ပတ်သတ်တဲ့ Report ထုတ်ပေးမယ်ဆိုရင်

Client ကို Video နဲ့ ပတ်သတ်တဲ့ Report ထုတ်ပေးမယ်ဆိုရင် google

Digital Marketer တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ဖြစ်ပြီး တခြားသူဆီ ကြော်ငြာထည့်ထားလို့ ပေးပို့လာတဲ့ Video ရဲ့ Report ကိုကြည့်တတ်ဖို့လိုပါတယ်။

ဒီအတွက် အခုပြောပြတာလေးတွေက လိုအပ်မယ်ထင်ပါတယ်။ Video တစ်ခု ရဲ့ Post Details ကိုကြည့်မယ်ဆိုရင် မိမိ Page ရဲ့ Publishing Tools ထဲကိုသွားပါ။ တင်ထားခဲ့တဲ့ Video ကိုတွေ့ရင်ဖွင့်လိုက်ပါ။ ဒါဆိုရင်တော့ Post Details ဆိုပြီးတွေ့ရပါလိမ့်မယ်။ Post Details ရဲ့ အောက်မှာတော့ Video, Post, Shares ဆိုပြီး Tab ၃ ခုရှိပါတယ်။


Video Tab မှာတော့ Performance for Your Post ဆိုပြီး မြင်ရပြီး အဲမှာတော့ Video နဲ့ပတ်သက်တဲ့ View နဲ့ Audience အကြောင်းကိုကြည့်လို့ရပါတယ်။ Minutes Viewed မှာတော့ 3- Sec Video Views, 10- Sec Video View, Average Video Watch Time, Audience Retention နဲ့ Audience And Engagement ဆိုပြီးတွေ့ရမှာပါ။ 3 – Sec နဲ့ 10 – Sec ကတော့ မိမိ Video ကိုအပြီးထိကြည့်ထားတာမဟုတ်ဘဲ 3 Sec လောက်ပဲ ကြည့်ထားတဲ့လူအရေအတွက်နဲ့ 10 Sec လောက်ပဲကြည့်ထားတဲ့သူတွေရဲ့ View အရေအတွက်ပဲဖြစ်ပါတယ်။

Like & Reached က သင့်ကြော်ငြာအတွက် ဘယ်လောက်အရေးပါလဲ?

Average Video Watch Time ကတော့ Video ကိုကြည့်ထားတဲ့ Viewer တွေ ဘယ်လောက်ကြာအောင် ကြည့်လဲဆိုတာကို Average တွက်ပေးထားတာပဲဖြစ်ပါတယ်။ Audience Retention ထဲကို ၀င်လိုက်ရင်တော့ Page ကို follow လုပ်ထားတဲ့သူ ဘယ်လောက်ကြည့်လဲရယ်၊ တခြား Share သွားတဲ့သူတွေကြောင့် မြင်သွားတာပဲဖြစ်ဖြစ် ကြည့်လို့ရသလို Auto Play ကြောင့်ကြည့်တာလား၊ Video ကို click နှိပ်ပြီး ကြည့်တာလားဆိုတာလား ဆိုတဲ့ % တွေနဲ့ကြည့်လို့ရပါသေးတယ်။ မိမိရဲ့ Video မှာ Clicked to play က % များနေရင်တော့ တကယ်ကြိုက်ပြီး ဖွင့်ကြည့်ထားတဲ့ သူအရေအတွက်များတယ်လို့ မှတ်ယူလို့ရပါတယ်။


နောက်ဆုံး Audience And Engagement မှာတော့ Reached တွေ Engagement တွေ ဘယ်အသက်အပိုင်းအခြားက အကြည့်အများဆုံးလဲဆိုတာရယ်၊ ဘယ်မြို့က အကြည့်အများဆုံးလဲဆိုတာရယ်ကို တွေ့ရမှာပါ။ Post ဆိုတဲ့ Tab မှာတော့ တင်ထားတဲ့ပို့စ်ရဲ့ Reached, Views, Reaction, Comment နဲ့ Share တွေ ဘယ်လောက်ရှိတယ်ဆိုတာ ကြည့်နိုင်ပါတယ်။ Shares ဆိုတဲ့ Tab မှာတော့ မိမိရဲ့ ပို့စ်က ဘယ် Page ကရှယ်သွားလဲဆိုတာကိုကြည့်လို့ရမှာပါ။


Digital Marketer တစ်ယောက်အနေနဲ့ Client ကို Report ထုတ်ပေးမယ်ဆိုရင် အခု ပြောပြခဲ့တာတွေအကုန်ပါအောင် Graph တွေကအစ ထည့်ပေးဖို့လိုပါတယ်။ နောက်တစ်ခုက Report ကသေသပ်လှပနေဖို့ပါပဲ။ Client တစ်ယောက်ဆိုရင်တော့ ဘာကြောင့် View နည်းတယ်၊ Auto Play တွေကများနေပြီး Clicked to play ကဘာကြောင့်နည်းနေတာလဲ၊ Average Watch Time က အချိန်အရမ်းနည်းနေတာ ဘာကြောင့်ဆိုပြီး မေးခွန်းထုတ်လို့ရပါတယ်။ ဒါပေမယ့် Video တစ်ခုပေါက်တယ် မပေါက်ဘူးဆိုတာကလည်း မိမိတင်လိုက်တဲ့ video တစ်ခုရဲ့ အထဲမှာပြောပြတဲ့ အကြောင်းအရာ ရေးတင်လိုက်တဲ့ ခေါင်းစဉ်စာသားတွေနဲ့ မိမိသုံးတဲ့ Budget ပေါ် အများကြီးမူတည်တာကြောင့် Video တိုင်းတော့ မပေါက်နိုင်ဘူး ဆိုတာကိုတော့ သိထားသင့်ပါတယ်။


Source; Leo - Digital Marketer

Myanmar Advertising Directory

Read times
Rate this item
(2 votes)