-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းကို ကြော်ငြာမယ်ဆိုရင် ရွေးချယ်သင့်တဲ့ Linkedin Advertising

သင့်လုပ်ငန်းကို ကြော်ငြာမယ်ဆိုရင် ရွေးချယ်သင့်တဲ့ Linkedin Advertising google

Business လုပ်ငန်းရှင် တော်တော်များများဟာ မိမိတို့ရဲ့ကုန်ပစ္စည်းတွေ Brand တွေကို Digital Advertising ပြုလုပ်တော့မယ်ဆိုရင် Facebook တစ်ခုတည်းကိုသာ သတိထားမိကြပါတယ်။

သင့်လုပ်ငန်းကို ကြော်ငြာဖို့အတွက် နောက်ထပ် ရွေးချယ်သင့်တဲ့အရာ ကတော့ Linkedin ပဲဖြစ်ပါတယ်။


Linkedin မှာ ad မသုံးဖူးသေးတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ Marketer တွေနဲ့ media စီစဉ်သူအများစုဟာ ဘာလို့ Linkedin ကို သတိမထားမိကြတာလဲ ဆိုရင်

၁။ Linkedin က သာမန်လူမှုကွန်ယက်တွေလိုမျိုး မဟုတ်ပါဘူး။

၂။ Linkedin မှာ ရှိတဲ့ ဆက်သွယ်သူတွေက လုပ်ငန်းသဘောအရတွေများလို့ marketer အများစုက Linkedin ကို B2B အတွက်ပဲ သုံးလို့ရတယ် ထင်ကြပါတယ်။

၃။ Linkedin သုံးစွဲသူအရေအတွက်ဟာ Facebook နဲ့ google ထက် အလွန်နည်းပါတယ်။

Social Media မှာသင့်ကုန်ပစ္စည်းတွေကို အကောင်းဆုံးကြော်ငြာနိုင်ဖို့ဆိုရင်


Marketer တစ်ယောက်အနေနဲ့ Linkedin ရဲ့အသုံးဝင်မှုကို ကောင်းကောင်းနားလည် ထားသင့်ပါတယ်။ Linkedin ဟာ တကယ့် ပရော်ဖက်ရှင်နယ်တွေ လုပ်ငန်းရှင်တွေ စသူတွေကို target ထားပေးနိုင်လို့ marketer တွေအတွက် တကယ်ကောင်းတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။


သုံးစွဲသူအရေအတွက် နည်းနေသေးတယ်ဆိုပေမယ့် Linkedin မှာ တကယ်တိကျတဲ့ reach ကို ရရှိနိုင်တဲ့ အချက်၂ချက်ကတော့ Linkedin မှာ သုံးစွဲသူတွေရဲ့ အလုပ်အကိုင်ရာထူး, ကုမ္ပဏီ, skills နဲ့ စိတ်ဝင်စားတဲ့နယ်ပယ် စတာတွေအပေါ် အခြေခံပြီး target ထားလို့ရပါတယ်။


နောက်တစ်ချက်ကတော့ Facebook profile ထက်စာရင် Linkedin profile တစ်ခုမှာ professional ပိုင်းနဲ့ ပတ်သက်လို့ ပိုပြီး တိတိကျကျ up-to-date သိနိုင်ပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ Linkedin feed ဟာ professional ကျကျ ရေးသားထားတဲ့ content အများအပြားနဲ့အတူ စိတ်ဝင်စားစရာ ကောင်းလာတာတွေ့ရပါတယ်။


Linkedin မှာသုံးထားတဲ့ advertising platform ကလည်း Facebook နဲ့ Google လို အလားတူ Feature တွေ ပါဝင်လာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် Social Media များစွာထဲမှာမှ Linkedin ကလည်း သင့်ရဲ့ လုပ်ငန်းကိုအကောင်းဆုံး ကြော်ငြာသင့်တဲ့နေရာတစ်ခုပဲ ဖြစ်ပါတယ်။


Source; MOE

Myanmar Advertising Directory

Read times
Rate this item
(1 Vote)