-->
×

Warning

JUser: :_load: Unable to load user with ID: 29


Instagram မှာ သင့်လုပ်ငန်းကို ကြော်ငြာမယ်ဆိုရင် လိုအပ်တဲ့အချက် (၆)ချက်

Instagram မှာ သင့်လုပ်ငန်းကို ကြော်ငြာမယ်ဆိုရင် လိုအပ်တဲ့အချက် (၆)ချက် google

ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ Social Media တွေခေတ်စားလာတာနဲ့အမျှ လုပ်ငန်းရှင်တွေဟာလည်း Digital Marketing ကိုလုပ်ကိုင်လာကြပါတယ်။

Social Media များစွာထဲမှ Instagram ကိုလည်းမေ့ထားလို့ မရပါဘူး။ တစ်ကမ္ဘာလုံးမှာ Instagram ကို လစဉ်အသုံးပြုသူ ဦးရေ ၁ဘီလီယံ ရှိနေပါတယ်။ Instagram မှာသင့်လုပ်ငန်းကို ကြော်ငြာမယ်ဆိုရင်တော့ လိုအပ်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ Customer အများကြီးဆီ ရောက်နိုင်ခြင်း

Instagram ကိုလစဉ်သုံးစွဲသူ ၁ ဘီလီယံ ရှိနေတာကြောင့် မိမိလုပ်ငန်းရဲ့ကြော်ငြာကို Customer များစွာဆီကိုရောက်ရှိနိုင်ပါတယ်။


၂။ Storytelling ကို အဓိကထားခြင်း

Customer တွေက ဇာတ်လမ်းပုံပြင်တွေကို ပိုပြီးစိတ်ဝင်စားလေ့ရှိပါတယ်။ Instagram မှာက Storytelling ကို အဓိကထားတာကြောင့် ကိုယ်ကြော်ငြာချင်တဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို storytelling နဲ့ လူတိုင်းစိတ်ဝင်စားအောင် ကြော်ငြာလို့ရပါတယ်။


၃။ Engagement ပိုကောင်းခြင်း

Instagram က Social channel တွေထဲမှာ average engagement အကောင်းဆုံးchannel ဖြစ်တာကြောင့် ကိုယ့်ရဲ့ကြော်ငြာက engagement ပိုကောင်းလာစေမှာပါ။

သင့်လုပ်ငန်းကို သတင်းစာမှာ ကြော်ငြာထည့်ဖို့ လိုအပ်တဲ့ အချက်(၅)ချက်

၎။ Visual Content ပြုလုပ်နိုင်ခြင်း

စာချည်းပဲရေးတင်တဲ့ content တွေထက် ပုံနဲ့တင်တဲ့ Visual Content တွေက ၆၅၀% ပိုပြီး engagement ကောင်းတာကိုတွေ့ရပါတယ်။ ဒါကြောင့် Instagram က Visual Content လုပ်ဖို့ အကောင်းဆုံး platform တစ်ခုပါ။


၅။ Feedback တွေကို အလွယ်တကူသိနိုင်ခြင်း

Instagram က ကိုယ့် brand နဲ့ပတ်သတ်တဲ့ Feedback တွေကို hashtag နဲ့ လွယ်လွယ်ကူကူ ရှာဖွေနိုင်တာကြောင့် ဆောင်ရန်ရှောင်ရန်အချက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီသိနိုင်မှာ ဖြစ်ပါတယ်။


၆။ ပြိုင်ဘက်တွေကို လေ့လာနိုင်ခြင်း

ပြိုင်ဘက်တွေရဲ့ ဈေးကွက်ချဲ့ထွင်ရေးနည်းလမ်းတွေကို Instagram မှာလေ့လာနိုင်တာကြောင့် သင့်လုပ်ငန်းအတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို အလွယ်တကူသိရှိနိုင်ပါတယ်။

Myanmar Advertising Directory

Read times
Rate this item
(1 Vote)