-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ငန်းရှင်များ ရလဒ်ကောင်းတွေ ရရှိလာစေမယ့် Tool အသစ်ကို မိတ်ဆက်လိုက်တဲ့ Twitter

လုပ်ငန်းရှင်များ ရလဒ်ကောင်းတွေ ရရှိလာစေမယ့် Tool အသစ်ကို မိတ်ဆက်လိုက်တဲ့ Twitter Google

Western Country တွေမှာ အသုံးများတဲ့ Social Media Network တစ်ခုဖြစ်တဲ့ Twitter ဟာဆိုရင်တော့ အကောင်းဆုံး အချိန်နဲ့ နေ့ရက်တွေမှာ Publish Tweet လုပ်ပြီး Audience Engagement တွေရရှိစေနိုင်မယ့် Insight Tool တစ်ခုကို Launch လုပ်ခဲ့ပါတယ်။

ဒီ Tool အသစ်လေးရဲ့ နာမည်ကတော့ “Time is everything” ပဲဖြစ်ပြီး ဒီ Tool ကို Develop လုပ်ရတဲ့အချိန်ကလည်း ၁ လခန့်ယူခဲ့ရတယ်လို့ သိရှိရပါတယ်။ ဒီ Tool လေးကြောင့် Twitter အသုံးပြုတဲ့ Company တွေမှာလည်း ရလဒ်ကောင်းတွေရရှိခဲ့တယ်လို့ သိရှိခဲ့ရပါသေးတယ်။

ဒီ Tool ရဲ့ နောက်ထပ် အကျိုးပြုပုံကိုပြောရမယ် ဆိုရင် အထူးသဖြင့် Video Tweet တွေမှာဆိုရင်လည်း Video တွေအပေါ် Audience Watching နဲ့ Engagement များနေတဲ့ အချိန်တွေကို Historical Data တွေနဲ့ အတူ ဖော်ပြပေးပါတယ်။

ပိုမိုထိရောက်တဲ့ Marketing တွေ ဖန်တီးနိုင်တော့မယ့် WhatsApp Advertising

“Time is everything” က Video Tweet တွေရဲ့ အကောင်းဆုံး Engagement, Conversation, Viewership ရချိန်တွေကိုလည်း Data Provide ပြီး Highlight ပြုလုပ်ပေးပါသေးတယ်။

ဒီ Tool က Follower ဒါမှမဟုတ် User တစ်ယောက်ထဲ Video ကြည့်နေတဲ့ အချိန်ကိုဖော်ပြပေးမှာ မဟုတ်ပဲ အားလုံးကြည့်ရှုနေတဲ့ အချိန်ကို ဖော်ပြပေးမှာ ဖြစ်တဲ့အတွက် ဒီ Tool လေးက Twitter အသုံးပြုတဲ့ Company တွေအတွက် အဆင်ပြေပြီး ရလဒ်ကောင်းတွေရရှိလာစေမယ့် Tool လေးတစ်ခုလို့ လည်းပြောနိုင်ပါတယ်။


Source; SEO Myanmar
Myanmar Advertising Directory

Read times
Rate this item
(1 Vote)