-->
×

Warning

JUser: :_load: Unable to load user with ID: 29


Copywriter ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားမလဲ

Copywriter ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားမလဲ Google

ကြော်ငြာလောကထဲက ကိုယ့်ထက်ပိုစီနီယာကျ၊ ပိုတော်သူတွေဆီက အတုခိုးရင်းလေ့လာတာက အဆိုးမရှိပါဘူး။

တီထွင်ဆန်းသစ်မှုအရှိဆုံး Art Director ထဲမှာပါတဲ့ Helmut Krone ကပြောဖူးပါတယ်။

ကျွန်တော့်ဆီက Copywriter တစ်ယောက်ကို “ဒီလောက်ကောင်းတဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေ (ဝါ) ကြော်ငြာတွေကိုဖန်တီးနိုင်တဲ့ အရေးအကြီးဆုံးအရာက ဘာများပါလိမ့်” ဆိုပြီးမေးလိုက်တဲ့အခါမှာ၊ သူကပြန်ဖြေပါတယ်။

“ကိုယ်ပိုင်ဖန်တီးမှုတွေ ဟုတ်လား၊ ဒါတော့ လုံးဝ သဘောမတူပါဘူး။ ဆန်းသစ်မှုအသစ်တွေဖန်တီးချင်တာပေါ့ - မရရင်သေးတော့ အတုခိုးရပါတယ်။

တရုတ်မှာ PUBG Mobile ကို တရားဝင်ရပ်နားလိုက်တဲ့ Tencent

Bob Gage ဆီက ၅ နှစ် အတုခိုးခဲ့ပါတယ်။ စာကြောင်းတစ်ကြောင်းနဲ့ တစ်ကြောင်းကြားအကွာအဝေးကိုတောင် အတုခိုးခဲ့ပါတယ်။ Bob ကလည်း Paul Rand ဆီက အတုခိုးယူခဲ့တာဖြစ်ပါတယ်။

Paul Rand ကလည်း ဂျာမန်စာရေးဒီဇိုင်းသမား Tschichold ဆိုသူဆီက အတုခိုးခဲ့တာဖြစ်ပါတယ်။”

ကျွန်တော်လည်း အတုခိုးခြင်းကနေ စသင်ခဲ့တာပဲ။ လန်ဒန်ကအေဂျင်စီမှာလုပ်နေတုန်း၊ အမေရိကန်ကအကောင်းဆုံး ကြော်ငြာတွေကိုအတုခိုးပါတယ်။ နောက်ပိုင်းမှ ကိုယ်ပိုင်အတွေးနဲ့ ဖန်တီးတာပါ။

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)