-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီဂျစ်တယ်အေဂျင်စီမလိုပဲ မိမိရဲ့လုပ်ငန်းတွေကို လူသိများစေမယ့် ကြော်ငြာနည်းလမ်းများ

ဒီဂျစ်တယ်အေဂျင်စီမလိုပဲ မိမိရဲ့လုပ်ငန်းတွေကို လူသိများစေမယ့် ကြော်ငြာနည်းလမ်းများ Google

လေ့လာချက်တွေအရလည်း ပြည်တွင်းမှာသာမက ပြည်ပမှာပါ လူမှုကွန်ရက်ပလက်ဖောင်းပေါ်ကနေ ကြော်ငြာတာဟာသတင်းနဲ့ ပုံနှိပ်မီဒီယာတွေအပေါ်ကနေ ကြော်ငြာတာထက်ကို ပိုပြီးထိရောက်မှု ရှိတာကိုတွေ့ရပါတယ်။

ဒါဆိုရင် သင့်ရဲ့ကုန်အမှတ်တံဆိပ်တွေကို လူသိများလာအောင် Facebook ကို အသုံးချပြီးဘယ်လိုကြော်ငြာကြမလဲ။ ဥပမာ-အွန်လိုင်းရှော့ပင်လေးတွေ တစ်နိုင်တစ်ပိုင် SME’s လေးတွေအနေနဲ့ အေဂျင်စီငှားရမ်းပြီး ကြော်ငြာဖို့ခက်ခဲမှာအမှန်ပါပဲ။ ဒါကြောင့် Facebook ကို အသုံးပြုပြီးကြော်ငြာမယ်ဆိုရင်တော့ မှားယွင်းတက်တဲ့အချက်တွေကို သတိပြုနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

(၁) Hashtag (#) နဲ့တင်တဲ့ post တွေဟာ Facebook ပေါ်မှာ engagement နည်းစေပါတယ်။ ဒါဟာ အတော်များများအထင်လွဲမှားနေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ Hashtag (#) နဲ့တင်ရင် လူသိပိုများမယ်လို့ လူအတော်များများက ယူဆကြပါတယ်။ အဲအချက်ကိုသတိထားသင့်ပါတယ်။

(၂) ညမိုးချုပ်ချိန်မှာတင်တဲ့ post တွေဟာ ပိုအောင်မြင်နိုင်ပါတယ်။ အကြောင်းကတော့ အဲဒီအချိန်အတွင်းမှာ post တင်တဲ့သူနည်းပြီး Facebook သုံးတဲ့သူအရေအတွက်က များလို့ဖြစ်ပါတယ်။

(၃) ကိုယ့်ရဲ့ Page မှာ Pages to watch ကိုယ်နဲ့ အလားတူ Page တွေရဲ့ engagement တွေ activities တွေကိုစောင့်ကြည့်နိုင်ပါတယ်။ ဒါဟာ ပြိုင်ဘက်တွေကိုယှဉ်ပြိုင်ဖို့နဲ့ marketing strategies အတွက် အရမ်းအသုံးဝင်ပါတယ်။

(၄) Audience Insight ကိုသုံးပါ။ အဲ့ကနေတစ်ဆင့် ကိုယ်ရဲ့ Budget, ROI, Interest နဲ့ Target segment ရှိမယ့် Demographic ကို တိတိကျကျသိနိုင်ပါတယ်။ YoutubeVideo Link တွေ မတင်ပါနဲ့။

(၅) Youtube က Video link ကို Facebook မှာထည့်ခြင်းဟာ အမှားကြီးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် Post တွေမှာ Original Photo/video ကို သုံးပါ။ ကိုယ့်ဘာသာကိုယ် ရိုက်ထားတဲ့ပုံနဲ့ သူများဆီကယူသုံးတဲ့ပုံတွေရဲ့ Reach တွေ၊ Engagement တွေကွာပါတယ်။ Digital Platform တွေရဲ့ AI နည်းပညာကိုလျှော့မတွက်ပါနဲ့။ ကိုယ်ဖန်တီးထားတဲ့ ပုံလား၊ သူများဆီက ယူသုံးသလားဆိုတာကို သိရှိကြတာများပါတယ်။ ဒါကြောင့်ကိုယ်တိုင် ဖန်တီးပြီးတင်ပါ။

(၆) Content အရှည်ကြီးမဟုတ်ဘဲ သာမန် Post တင်မယ်ဆိုရင် စာလုံးအရေအတွက် ၁၅၀ ၀န်းကျင်ပဲရှိတဲ့ Post တွေဟာ ရှည်ရှည်ဝေးဝေးရေးထားတဲ့ Post တွေထက် engagement ပိုကောင်းပါတယ်။ ဖြစ်နိုင်ရင် တိုတိုရှင်းရှင်း ထိထိမိမိသာရေးပါ။

(၇) ပုံမှန် Facebook ကြော်ငြာတစ်ခုရဲ့ Click-through rate (CTA) ဟာ ပုံမှန်အားဖြင့် ၀.၉%သာ ရှိတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ CTA button ထည့်လိုက်မယ်ဆိုရင်တော့ အဲဒီပမာဏထက် သုံးဆကျော်တက်လာပါတယ်။

(၈) A/B Testing လုပ်ပါ။ မတူညီတဲ့ ads တွေကမတူညီတဲ့ response တွေရပါတယ်။ ငွေအများကြီးသုံးပြီး မကြော်ငြာခင်၊ ဘယ်ကြော်ငြာပိုထိရောက်လဲဆိုတာ AB Tasty တို့ Apptimize တို့လို A/B Testing Tool တွေကိုသုံးပြီး A/B Test အရင် လုပ်သင့်ပါတယ်။

(၉) Facebook မှာ ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ ကြော်ငြာ Content ဖန်တီးမယ်ဆိုရင်တော့ စာလုံးရေ ၁၀၀၀ နဲ့ ၃၀၀၀ အကြားဟာ အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်ဖန်တီးမယ့် Content တွေမှာ Search Engine Optimization (SEO) ဖြစ်ဖို့အရေးကြီးပါတယ်။ SEO ဆိုတာကိုယ့်ရဲ့ Content ဟာ Google, Facebook, Youtube နဲ့ Amazon အပြင် အခြား Platform ပေါ်ထိသက် ရောက်မှုရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့် Content ဟာ Facebook ပေါ်မှာပဲဆိုရင်တောင် SEO ကောင်းဖို့လိုတာပါ။

(၁၀) စာလုံးပေါင်းသတ်ပုံဂရုစိုက်ပါ။ အထူးသဖြင့် လူသိများတဲ့ ကုန်အမှတ်တံဆိပ် Brand တွေပေါက်ပြီးသားစကားလုံး တွေကို မှန်ကန်စွာ ရေးသားပါ။ ဥပမာ Facebook ကို အင်္ဂလိပ်လိုရေးထားတဲ့ post မှာ “F” ကိုအသေးနဲ့ရေးပြီး Boost ကြည့်ပါ။ မပြင်မချင်း Boost လုပ်ခွင့်မပေးသလို Boost ပြန်ရင်လည်း (organic) ranking score ကို ထိခိုက်တာမို့ ဖန်းတီးထားတဲ့ content တစ်ခုလုံးကိုဖြစ်စေ၊ Page/Website တစ်ခုလုံးကိုဖြစ်စေ နစ်နာစေမှာဖြစ်ပါတယ်။

Read More >>>အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရရှိဖို့အတွက် Social Media ကို ဘယ်လိုအသုံးချမလဲ

(၁၁) အင်တာနက်နဲ့ လူမှုကွန်ရက်တွေမှာလူတွေရဲ့ ရှာဖွေမှုအကြိမ် အရေအတွက်ဟာ အရမ်းတိုးတက်နေပါတယ်။ ဒါကြောင့် ကိုယ်ရေးမယ့် content တွေမှာ အများစုရှာဖွေနေတဲ့ အင်္ဂလိပ်လို Keywords/Phrase တွေပါရင် ကိုယ့် Content ဟာ ပိုပေါက်ပါတယ်။ ဒါကြောင့် မရေးခင်က ကိုယ်ရေးမယ့် Content ဟာ ဘယ်လို Keyword တွေနဲ့ ဆက်စပ်သလဲဆိုတာ စဉ်းစားပြီးမှရေးပါ။ မြန်မာလိုရေးတဲ့ Content မှာတောင် ကိုယ့်စာနဲ့ဆက်စပ်တဲ့အင်္ဂလိပ် Keyword လေးငါးလုံးညှပ်ထည့်ပေးသင့်ပါတယ်။

ဒီအချက်တွေကိုဂရုစိုက်ပြီး Content တွေဖန်တီး Post တွေတင်ပြီး မိမိရဲ့လုပ်ငန်းတွေကို လူသိပိုများလာအောင် ဆောင်ရွက်နိုင်ပါတယ်။ ဒစ်ဂျစ်တယ်အေဂျင်စီတွေ မငှားနိုင်ရင်တောင်မှ ဒီအချက်တွေကို လိုက်နာရုံနဲ့ပိုကောင်းမွန်တဲ့ ကြော်ငြာနည်းလမ်းတွေဖြစ်လာမှာပါ။ တကယ်တမ်း ကိုယ့်အမှတ်တံဆိပ်လူသိများဖို့ဆိုရင် မိမိ Page က Content တွေကို Click များအောင်၊ Engagement များအောင်၊ Organic reach များအောင်လုပ်ဖို့ အစဉ်တစိုက်ကြိုးစားနေဖို့က အဓိကဖြစ်ပါတယ်။ ဒီအချက်ကို အလေးထားနိုင်နေသရွေ့ မိမိလုပ်ငန်းအတွက် အကောင်းဆုံးရလဒ်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။


Source; Net Guide
Myanmar Advertising Direcotry

Read times
Rate this item
(1 Vote)