-->
×

Warning

JUser: :_load: Unable to load user with ID: 29


Facebook မှာကြော်ငာမယ်ဆိုရင် သိထားရမယ့်ရည်ရွယ်ချက် (၁၁)ခု

Facebook မှာကြော်ငာမယ်ဆိုရင် သိထားရမယ့်ရည်ရွယ်ချက် (၁၁)ခု Google

သင့်ရဲ့ဈေးကွက်ရှာဖွေခြင်း အစီအစဉ်အတွက် Facebook က အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပါသလား...?

ဒါဆိုရင်တော့ Facebook မှာ ကြော်ငြာရခြင်းရဲ့ရည်ရွယ်ချက်တွေကို သိထားဖို့လိုနေပါပြီ။ Facebook ကြော်ငြာမှာဆိုရင် ရည်ရွယ်ချက် (၁၁)ခု ရှိပါတယ်။ Facebook ကြော်ငြာမှာရှိတဲ့ ရည်ရွယ်ချက် (၁၁)ခုကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) Brand awareness
ပထမဆုံးအချက်ဖြစ်တဲ့ Brand awareness ကတော့ သင့်ရဲ့brand ကို လူတွေအများကြီးကသိအောင် ကြော်ငြာခြင်းဖြစ်ပါတယ်။

(၂) Reach
ဒီအချက်က သင့်ရဲ့ကြော်ငြာ (ads) ကို လူအများကြီးဆီကို ရောက်ရှိစေနိုင်တဲ့နည်း ဖြစ်ပါတယ်။

(၃) Traffic
Traffic ရဲ့ ရည်ရွယ်ချက်ကတော့ သင့်တို့ရဲ့ ဝက်ဘ်ဆိုက် ဒါမှမဟုတ် တိကျတဲ့ ဝက်ဘ်ဆိုက်ပေ့ခ်ျ ပေါ်ကို လူအများကြီးရောက်ရှိစေနိုင်ဖို့အတွက် ဖြစ်ပါတယ်။

(၄) Engagement
ဒီနေရာမှာဆိုရင် သင့်တို့ ရဲ့ post ဒါမှမဟုတ် page likes ကို တိုးမြှင့်စေတဲ့နေရာဖြစ်ပါတယ်။ ပြီးရင် Event တစ်ခုခုမှာ တက်ရောက်သူကို တိုးမြှင့်စေတဲ့နည်းလည်း ဖြစ်ပါတယ်။

Read More>>> အောင်မြင်သူတွေဟာ အလုပ်အားရက်တွေကို ဘယ်လိုအကောင်းဆုံးအသုံးချသလဲ...?

(၅) App installs
ဒီနေရာမှာဆိုရင် သင့်တို့ရဲ့ App ကို လူအများကြီးက install လုပ်နိုင်တဲ့နေရာဖြစ်ပါတယ်။

(၆) Video views
သူရဲ့ရည်ရွယ်ချက်ကတော့ လူတွေအများကြီးက သင့်တို့ရဲ့ videos များကို ကြည့်ရှုနိုင်တဲ့နည်းတစ်ခု ဖြစ်ပါတယ်။

(၇) Lead generation
ဒီအချက်ရဲ့ဆိုလိုတဲ့ ရည်ရွယ်ချက်ကတော့ sale funnel အတွက် ကြော်ငြာလုပ်တဲ့နည်းလို့ ပြောလို့ရပါတယ်။

(၈) Messages
Facebook messenger ကနေ သင့်ရဲ့စီးပွားရေးလုပ်ငန်းကို လူတွေအများကြီးက ဆက်သွယ်နိုင်အောင်လုပ်တဲ့နည်း ဖြစ်ပါတယ်။

(၉) Conversions
ဒီနေရာမှာဆိုရင် သင့်တို့ရဲ့ကုန်ပစ္စည်းကို လူတွေကဝယ်ယူနိုင်အောင် လုပ်တဲ့နည်းဖြစ်ပါတယ်။

(၁၀) Catalog sales
သင်တို့ရဲ့လုပ်ငန်းကို သိပြီးသားလူတွေအတွက် Facebook, Instagram နဲ့ Messenger တို့မှတဆင့် ပိုရင်းနှီးကျွမ်းဝင်မှုရှိစေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

(၁၁) Store visits
နောက်ဆုံးအချက်ဖြစ်တဲ့ Store visits ရဲ့ ရည်ရွယ်ချက်ကတော့ အနီးအနာမှာရှိတဲ့ customers များကို ရရှိနိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။

ဒီအပေါ်ကအချက်တွေကို သုံးပြီးတော့ Facebook မှာ ကြော်ငြာလုပ်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ရလဒ်တစ်ခုကို ရရှိမှာအသေအချာပါပဲ။

Source; Myanmar Online Marketing
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)