-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖေ့ဘွတ်ခ်ပေါ်မှာ Boost လုပ်တဲ့အခါ ရှောင်ရှားရမယ့်အချက်များ

ဖေ့ဘွတ်ခ်ပေါ်မှာ Boost လုပ်တဲ့အခါ ရှောင်ရှားရမယ့်အချက်များ Google

Facebook ပေါ်မှာ Boost/Promote ပြုလုပ်ရာတွင် ကိုယ်ပိုင် Website တွေအတွက် ကြော်ငြာခြင်းကဏ္ဍများခေတ်စားလာတာနဲ့အမျှ သိထားသင့်တဲ့အချက်များကို ပြောပြပေးချင်ပါတယ်။

ကြော်ငြာတဲ့အခါမှာလည်း မိမိကြော်ငြာအတွက် စာအရေးအသားက အင်မတန်အရေးကြီးလှပါတယ်။ FacebookUser တွေကို ဆွဲဆောင်နိုင်ဖို့အတွက် အဓိကအရေးကြီးတာကြောင့် သေချာရေးသားဖို့လိုအပ်ပါတယ်။

မိမိတို့ရဲ့ ထုတ်ကုန်/ရောင်းကုန်ပစ္စည်းများ အကြောင်း၊ မိမိတို့ဝန်ဆောင်မှုတွေအကြောင်းကို လူအများစုနဲ့အကြိုက်တွေ့ နားလည်အသုံးပြုစေဖို့အတွက် တင်ပြပုံအရေးအသား အဓိကလိုအပ်တယ်ဆိုတာကတော့ ပြောပြစရာ မလိုလောက်ပါဘူးနော်။

များသောအားဖြင့် ကြုံတွေ့ရလေ့ရှိတဲ့ပြဿနာက ကြော်ငြာဓါတ်ပုံပါ။ ၄င်းကြော်ငြာဓါတ်ပုံက စာသားတွေအများကြီးရေးထားတဲ့ ပုံမျိုးဖြစ်နေပြန်ရင်လဲ Facebook ကလက်ခံပေးလေ့မရှိတဲ့အတွက် အဆင်မပြေပါဘူး။ အဲ့ဒီလိုမျိုးပုံနဲ့ Boost/Promote ပြုလုပ်မိတဲ့အခါ ဘယ်လိုမျိုးဖြစ်လေ့ရှိလဲဆိုတော့ သတ်မှတ်ထားတဲ့ကြော်ငြာရက် အရေအတွက်မပြည့်ခင် မိမိကြော်ငြာက ဆက်မသွားတော့တာမျိုး၊ ဒါမှမဟုတ်ရင် ရောက်သင့်ရသင့်တဲ့ လူအရေအတွက် မရတာမျိုးတွေဖြစ်တတ်တာပါ။

Read More>>> Graphic အကြောင်းတစ်စေ့တစ်စောင်း

အဲဒီအခါ ငွေအလဟဿ ကုန်တာမျိုးဖြစ်နိုင်တဲ့အပြင် သတ်မှတ်ရက် အပြည့်မရနိုင်တာကြောင့် အခြားအဆင်မပြေမှုတွေကိုပါ ဆက်ကြုံနိုင်ရပါတယ်။ ထို့ကြောင့် ကြော်ငြာလိုသောဓါတ်ပုံက စာသားတွေအများကြီးနဲ့ ရေးသားပုံဖော်ထားတာမျိုးမဟုတ်ဘဲ လူအများနားလည်သိရှိလွယ်တဲ့ ပုံမျိုးဖြစ်ဖို့အရင်စဉ်းစားသင့်ပါတယ်။ ရိုးရိုးရှင်းရှင်းပုံလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ စာအရေးအသားတွေနဲ့ဆိုရင် သင့်ကြော်ငြာကအောင်မြင်ဖို့ရန် ရာနှုန်းပြည့်နီးပါး သေချာနေပါပြီ။

Credit; T-Work

 

Read times
Rate this item
(0 votes)