-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီဂျစ်တယ် မားကတ်တင်း Funnel တစ်ခု ဘယ်လိုရေးဆွဲမလဲ ...

ပထမဦးစွာ ယနေ့ခေတ် က စားသုံးသူတွေရဲ့ သဘောသဘာဝကိုလေ့လာရမှာ ဒီဂျစ်တယ် မားကတ်တင်း သမားတိုင်းရဲ့ ထဲထဲဝင်ဝင်ရှိရမယ့်လုပ်ရက်ပါ။တကယ်တန်းမှာ ခေတ်ကာလ တွေ မည်သို့ မားကတ်တင်းမှ Digital Marketing ပြောင်းလာစေကာမှုတကယ်တန်းက စနစ်ကျကျ လုပ်ဆောင်တာ အကောင်းဆုံးပါ။

 

ဒီဂျစ်တယ် မားကတ်တင်း Funnel မှာ ဆိုရင် ယခင်မားကတ်တင်း Funnel နဲ့ အခြေအနေမတူ တော့တဲ့ အချက်အလက်တွေကို တွေ့ရမယ် တကယ်တန်းမှာတော့ သဘောတရား အားဖြင့် အတူတူပါပဲ။ကွာပြားခြားနားတဲ့ ကိစ္စ ရပ်တွေကို သိထားမယ်ဆို ဒီဂျစ်တယ် မားကတ်တင်းဆိုတာ နည်းပညာပေါ်မှာ တည်ဆောက်ထားတဲ့ ကိစ္စ ရပ်တစ်ခု ခေတ်ပေါ် Trend တွေနောက်ကိုလိုက်ကောင်းလိုက်ရလိမ့်မယ်သို့ပေမည့် ထိုခေတ်ပေါ် Trend တွေက ရေရှည်မှာ မတည်မြဲ နိုင်ဘူးဆိုတာ ကိုတော့ သင်ကောင်းကောင်းကြီးသိထားရမယ်။

 

ဒီဂျစ်တယ် မားကတ်တင်း Funnel တစ်ခုတည်ဆောက်ပြီဆိုရင် သင်သိရမှာက ဒီဂျစ်တယ် မားကတ်တင်း Funnel က ဘာအတွက်ဆိုတာ သင့်အနေနဲ့ တိတိကျကျ သိရပါမယ်။

 

Digital Marketing Institute ကတော့ ဒီဂျစ်တယ် မားကတ်တင်း Funnel ကို အဓိပ္ပါယ်ဖွင့်ဆိုထားချက်က ရှင်းတယ် -

 

Funnel ရဲ့ ဦးစွာ အပိုင်းမှာ ဆွဲဆောင်နိုင်ဖို့ နဲ့
လူတစ်ယောက်ရဲ့ မျက်စိကျ မှု့ ရှိဖို့ လိုအပ်တယ်။
ဘိလပ် အခေါ်အဝေါ် ( Attention and awareness ) ပေါ့

 

ဒုတိယ အပိုင်းမှာကျ စိတ်ဝင်စားမှု့နဲ့ စူးစမ်းလာမှု့ပေါ့
ဘိလပ် အခေါ်အဝေါ် ( Interest and research ) ပေါ့

 

တတိယ အပိုင်းမှာ ကျ တောင့်တမှု့ နဲ့ ဆုံးဖြတ်ချက် ချမှု့က ပါလာပြီ
ဘိလပ် အခေါ်အဝေါ် ( Desire and decision making ) အဆင့်ပေါ့

 

စတုတ္ထ အပိုင်းမှာကျ လှုပ်ရှား မှု့ နဲ့ ဝယ်ယူမှု့ပါလာပြီ
ဘိလပ် အခေါ်အဝေါ် ( Action and purchase ) ပါဒါက ဂိတ်ဆုံးအဆင့်ပဲ။

 

( Awareness ) ဆွဲဆောင်နိုင်ဖို့ ဆိုတာစားသုံးသူရဲ့ ဝယ်ယူမှု့ကို စဖို့ ဦးစွာသော လုပ်ငန်းစဉ် တစ်ခုပါပဲ ထိုအခြေအနေကနေမှ ဝယ်ယူသူတွေကို ၎င်းတို့ကို လိုအပ်နေမှန်းသိလာမှာပါ။

 

( Research )စူးစမ်းလာမှု့ မှာကျ သင့် Product ကို သူတို့ စိတ်ဝင်စားပါက အခြားဘယ်သူတွေက ဘယ်လိုအသံထွက်မလဲဆိုတာကိုသူတို့ရှာကြမယ် ၊ပေးရတဲ့ ဈေးနဲ့ ဈေးတန် မတန်ကြည့်မယ် ဒါပါပဲ။

 

( Decision making ) ဒီအခြေ အနေထိရောက်ဖို့ ဆိုတာ လူတစ်ယောက်က ပထမ အချက်နှစ်ချက်ပေါ်ယိမ်းယိုင်နေပါတယ်။ပထမ အချက်မှာ အခြေ အနေကောင်းရင် သူတို့ အနေနဲ့ ဆုံးဖြတ်ချက်ချမှာပါ။

 

( Action and purchase ) လှုပ်ရှား မှု့ နဲ့ ဝယ်ယူမှု့အဆင့်မှာကျတော့ သူတို့ ဆုံးဖြတ်ချက်ချပြီးမှ ဖြစ်တဲ့ အနေအထားပါ သင့်အနေနဲ့ အထက်ပါ အချက်အလက်တွေမှာ စားသုံးနိုင်သူ ကို တစ်ဆင့်ခြင်း အောင်နိုင်တယ်ဆိုရင် ( Got cha ) ဆိုသလို စားသုံးသူကို ဖမ်းမိမှာပါပဲ။

 

အထက်မှာ ဖော်ပြ ခဲ့တာကတော့ ဒီဂျစ်တယ် မားကတ်တင်း Funnel ဆွဲမယ်ဆို အခြေခံထည့်သွင်းတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ် Funnel အတိုင်း ဒီဂျစ်တယ်မားကတ်တင်း Post တစ်ခုကို ဘယ်လိုလုပ်ဆောင်ရမယ် နောက်ပိုင်းတွင် ဆက်လက်ဖော်ပြပေးသွားပါအုံးမယ်။

 

What is a Digital Marketing Funnel? 

 

<<< Zawgyi >>>

 


-----------------------

 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref ; Funnel Kake 

Read times
Rate this item
(0 votes)