-->
×

Warning

JUser: :_load: Unable to load user with ID: 29


Digital Marketing Funnel အရ Facebook တွင် ဘယ်လို Post တင် ဈေးရောင်းမလဲ

တကယ်တန်း Facebook မှာ ကြော်ငြာ Post တင်ပြီဆိုပါတော့ သင့် အနေနဲ့ ဘယ်လို တွေးတော သင့်သလဲ တကယ်တန်းမှာ သင့် အနေနဲ့ Funnel ဆွဲ ပုံသေ ထားသွားတာ အကောင်းဆုံးပါ။

Funnel ရဲ့ ဦးစွာ အပိုင်းမှာ ဆွဲဆောင်နိုင်ဖို့ နဲ့ လူတစ်ယောက်ရဲ့ မျက်စိကျ မှု့ ရှိဖို့ လိုအပ်တယ် ( Attention and awareness ) ပေါ့။ဒုတိယ အပိုင်းမှာကျ စိတ်ဝင်စားမှု့နဲ့ စူးစမ်းလာမှု့( Interest and research ) ပေါ့။တတိယ အပိုင်းမှာ ကျ တောင့်တမှု့ နဲ့ ဆုံးဖြတ်ချက် ချမှု့က ပါလာပြီ( Desire and decision making ) အဆင့်ပေါ့။စတုတ္ထ အပိုင်းမှာကျ လှုပ်ရှား မှု့ နဲ့ ဝယ်ယူမှု့ပါလာပြီ( Action and purchase ) ပါဒါက ဂိတ်ဆုံးအဆင့်ပဲ။

 

ဒါတွေသိထားပြီဆို ပထမ ဦးစွာ ဆွဲဆောင်နိုင်ဖို့ နဲ့ လူတစ်ယောက်ရဲ့ မျက်စိကျ မှု့ ရှိဖို့ အတွက် သင့် Brand ရဲ့ စားသုံးသူတွေအကြောင်းကို သင်က ကောင်းမွန်စွာသိထားရမယ်။မိန်းကလေး တွေအတွက် ရည်ရွယ်တဲ့ Brand ဆိုရင် ချစ်တို့ရေ အစရှိသဖြင့် အသုံးနှုန်းလေးတွေနဲ့ ချစ်စဖွယ် ဆွဲဆောင်နိုင်ရမည်။

 

လူကြီး ပိုင်းတွေ အတွက် ဆိုရင် လူကြီး လူကောင်းများ ခင်ဗျာ အစရှိသဖြင့် ၊ အကယ်၍ သင်က ခွေး လေးတွေ ပစ္စည်းရောင်းတယ် ဆိုပါတော့ သင်ဟာ ခွေးချစ်သူတွေနဲ့ ရင်ဘက်ချင်းနီးစေဖို့ ခွေးချစ်သူတစ်ယောက်ပုံစံဖော်ဆောင်ရမည်။


ပြီးရင်တော့ စိတ်ဝင်စားမှု့နဲ့ စူးစမ်းလာမှု့ အဆင့်မှာ သင် ဘာကိုကြော်ငြာ ချင်တာလဲ သင့် Product ရဲ့ ကောင်းချက်တွေကို မသိမသာ ၊ သိသိသာသာ အချက်အလက် ကျကျ ရေးသားမယ် ဒီအနေအထားမှာပဲ သူတို့က သင့် Product ကို လုံးဝ သဘောကျ သွားနိုင်သလို ဟင့်အင်း မလိုသေးပါဘူးဆိုတဲ့ အနေအထားကို ဖြစ်သွားနိုင်တဲ့ကိစ္စပဲ။သင့်အနေနဲ့ ရင်ထဲရောက်အောင်စေတနာပါပါရေးသင့်တယ် တကယ်တန်းမှာ မားကတ်တင်းဆိုတာ တိုက်ရိုက်ရောင်းနေတာတော့ မဟုတ်ဘူး သွယ်ဝိုက်ရောင်းနေတာကိုး နည်းလမ်းအသွယ်သွယ်ကို ပညာပြပေါ့။

 

ထိုအဆင့်ပြီး တောင့်တမှု့ နဲ့ ဆုံးဖြတ်ချက် ချမှု့ အဆင့်ကို သူတို့ရောက်ရှိလာမယ် ဒီအနေအထားမှာ စားသုံးသူတွေက သင့် Product ကို သူတကယ်လိုလားမလိုလား စဉ်းစားမယ်ထို့အပြင်အခြား Product တွေနဲ့ နှိုင်းယှဉ်မယ် သင့်အနေနဲ့ ထို နေရာ မှာ ဈေးနှုန်းတို့ ပရိုမိုးရှင်းတို့ ထည့်မယ်ဆိုရင်အကောင်းဆုံးပဲ ဒါမှ သင့်ကြော်ငြာ က လူတွေရဲ့ စိတ်ကို ပျက်သား စေ ဖို့ ဖြစ်မှာ ပါ။

 

နောက်ဆုံးပိုင်းကိုရောက်လို့ လာမယ် ထိုအပိုင်း မှာ လှုပ်ရှား မှု့ နဲ့ ဝယ်ယူမှု့ က ပါလာပြီ ဒီတော့ Call to action ပါတဲ့ စာသားတစ်ခု ထည့်သွင်း သင့်ပါတယ်။အမြန်သာ ပြေးဝယ်လိုက်ပါ ၊ အခုပဲ ဖုန်းခေါ်လိုက်ပါတို့ ပါတော့ ထည့်သွင်း သင့်ပါတယ် ဒါမှသာလျင် အဆင်ပြေစေမှာပါ။ထို ရေးနည်း အတိုင်းရေးပြီး Digital Marketing လုပ်သင့်ပါတယ် ထိုသို့ပြုလုပ်ခြင်း ဖြင့် နည်းစနစ်ကျ စေမှာ ဖြစ်ပြီးအတော်လေး ပိုမိုအဆင်ပြေလာမှာပါ။

 

<<< Zawgyi >>>

 

Digital Marketing Funnel အရ Facebook တြင္ ဘယ္လို Post တင္ ေစ်းေရာင္းမလဲ

----------------------------------------

 

တကယ္တန္း Facebook မွာ ေၾကာ္ျငာ Post တင္ျပီဆုိပါေတာ့ သင့္ အေနနဲ႕ ဘယ္လို ေတြးေတာ သင့္သလဲ တကယ္တန္းမွာ သင့္ အေနနဲ႕ Funnel ဆြဲ ပုံေသ ထားသြားတာ အေကာင္းဆုံးပါ။

 

Funnel ရဲ႕ ဦးစြာ အပိုင္းမွာ ဆြဲေဆာင္နိုင္ဖို႕ နဲ႕ လူတစ္ေယာက္ရဲ႕ မ်က္စိက် မႈ႕ ရွိဖုိ႕ လိုအပ္တယ္ ( Attention and awareness ) ေပါ့။ဒုတိယ အပိုင္းမွာက် စိတ္ဝင္စားမႈ႕နဲ႔႔ စူးစမ္းလာမႈ႕( Interest and research ) ေပါ့။တတိယ အပိုင္းမွာ က် ေတာင့္တမႈ႕ နဲ႕ ဆုံးျဖတ္ခ်က္ ခ်မႈ႕က ပါလာျပီ( Desire and decision making ) အဆင့္ေပါ့။စတုတၳ အပိုင္းမွာက် လႈပ္ရွား မႈ႕ နဲ႕ ဝယ္ယူမႈ႕ပါလာျပီ( Action and purchase ) ပါဒါက ဂိတ္ဆုံးအဆင့္ပဲ။

 

ဒါေတြသိထားျပီဆို ပထမ ဦးစြာ ဆြဲေဆာင္နိုင္ဖို႕ နဲ႕ လူတစ္ေယာက္ရဲ႕ မ်က္စိက် မႈ႕ ရွိဖုိ႕ အတြက္ သင့္ Brand ရဲ႕ စားသံုးသူေတြအေၾကာင္းကို သင္က ေကာင္းမြန္စြာသိထားရမယ္။မိန္းကေလး ေတြအတြက္ ရည္ရြယ္တဲ့ Brand ဆိုရင္ ခ်စ္တို႕ေရ အစရွိသျဖင့္ အသံုးႏႈန္းေလးေတြနဲ႕ ခ်စ္စဖြယ္ ဆြဲေဆာင္နိုင္ရမည္။လူၾကီး ပိုင္းေတြ အတြက္ ဆိုရင္ လူၾကီး လူေကာင္းမ်ား ခင္ဗ်ာ အစရွိသျဖင့္ ၊ အကယ္၍ သင္က ေခြး ေလးေတြ ပစၥည္းေရာင္းတယ္ ဆိုပါေတာ့ သင္ဟာ ေခြးခ်စ္သူေတြနဲ႕ ရင္ဘက္ခ်င္းနီးေစဖို႕ ေခြးခ်စ္သူတစ္ေယာက္ပံုစံေဖာ္ေဆာင္ရမည္။


ျပီးရင္ေတာ့ စိတ္ဝင္စားမႈ႕နဲ႔႔ စူးစမ္းလာမႈ႕ အဆင့္မွာ သင္ ဘာကိုေၾကာ္ျငာ ခ်င္တာလဲ သင့္ Product ရဲ႕ ေကာင္းခ်က္ေတြကို မသိမသာ ၊ သိသိသာသာ အခ်က္အလက္ က်က် ေရးသားမယ္ ဒီအေနအထားမွာပဲ သူတို႕က သင့္ Product ကို လံုးဝ သေဘာက် သြားနိုင္သလို ဟင့္အင္း မလိုေသးပါဘူးဆိုတ့ဲ အေနအထားကို ျဖစ္သြားနိုင္တဲ့ကိစၥပဲ။သင့္အေနနဲ႕ ရင္ထဲေရာက္ေအာင္ေစတနာပါပါေရးသင့္တယ္ တကယ္တန္းမွာ မားကတ္တင္းဆိုတာ တိုက္ရိုက္ေရာင္းေနတာေတာ့ မဟုတ္ဘူး သြယ္ဝိုက္ေရာင္းေနတာကိုး နည္းလမ္းအသြယ္သြယ္ကို ပညာၿပေပါ့။

 

ထိုအဆင့္ျပီး ေတာင့္တမႈ႕ နဲ႕ ဆုံးျဖတ္ခ်က္ ခ်မႈ႕ အဆင့္ကို သူတို႕ေရာက္ရွိလာမယ္ ဒီအေနအထားမွာ စားသံုးသူေတြက သင့္ Product ကို သူတကယ္လိုလားမလိုလား စဥ္းစားမယ္ထို႕အျပင္အျခား Product ေတြနဲ႕ နႈိ္င္းယွဥ္မယ္ သင့္အေနနဲ႕ ထို ေနရာ မွာ ေစ်းႏႈန္းတို႕ ပရိုမိုးရွင္းတို႕ ထည့္မယ္ဆိုရင္အေကာင္းဆုံးပဲ ဒါမွ သင့္ေၾကာ္ျငာ က လူေတြရဲ႕ စိတ္ကို ပ်က္သား ေစ ဖို႕ ျဖစ္မွာ ပါ။

 

ေနာက္ဆုံးပိုင္းကိုေရာက္လို႕ လာမယ္ ထိုအပိုင္း မွာ လႈပ္ရွား မႈ႕ နဲ႕ ဝယ္ယူမႈ႕ က ပါလာျပီ ဒီေတာ့ Call to action ပါတဲ့ စာသားတစ္ခု ထည့္သြင္း သင့္ပါတယ္။အျမန္သာ ေျပးဝယ္လိုက္ပါ ၊ အခုပဲ ဖုန္းေခၚလိုက္ပါတို ႕ ပါေတာ့ ထည့္သြြင္း သင့့္ပါတယ္ ဒါမွသာလ်င္ အဆင္ေျပေစမွာပါ။ထို ေရးနည္း အတိုင္းေရးျပီး Digital Marketing လုပ္သင့္ပါတယ္ ထုိသို႕ျပဳလုပ္ျခင္း ျဖင့္ နည္းစနစ္က် ေစမွာ ျဖစ္ျပီးအေတာ္ေလး ပိုမိုအဆင္ေျပလာမွာပါ။

 

Ref ; The Drum 

Read times
Rate this item
(0 votes)