-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘာကြောင့် Digital Marketing မှာ Strategy ရှိသင့်လဲ???

ဘာကြောင့် Digital Marketing မှာ Strategy ရှိသင့်လဲ??? google.com

Digital Marketing လုပ်တော့မယ်ဆိုရင် Digital Tools တွေကို အသုံးပြုတတ်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ Brand ပေါ်မူတည်ပြီး Strategy တွေလည်း ထားရှိဖို့ လိုကိုလိုအပ်ပါတယ်။

ဘာကြောင့် Digital Marketing မှာ Strategy ရှိသင့်လဲဆိုတာကတော့

ဦးတည်ချက်မဲ့နေလိမ့်မယ်

ကိုယ့်မှာသာ တိကျတဲ့ Strategy မရှိခဲ့ရင် ကိုယ့်ရဲ့ Campaign တွေက ဘယ်ကို သွားချင်မှန်းမသိဘဲ ဦးတည်ချက်မဲ့နေပါလိမ့်မယ်။

ကိုယ့်ရဲ့ ဦးတည်ချက်က Like တက်ဖို့လောက်ပဲဆိုရင်တော့ Digital Marketer တစ်ယောက်အနေနဲ့ အဆင်မပြေပါဘူး။

လုပ်ငန်းအတွက်က Like ထက် ပိုအရေးကြီးတဲ့အရာတွေ ရှိပါတယ်။ ဒီအရာတွေကို ကိုယ့်ရဲ့ Digital Channel ကနေဘယ်လိုသွားမလဲဆိုတဲ့လမ်းကြောင်း ရှိထားသင့်ပါတယ်။

ကိုယ့်အခြေအနေ ကိုယ်မသိဘူး

ကိုယ့် Brand ဟာ Market ထဲမှာ ဘယ်နားရောက်နေတယ်၊ ဘယ်လိုအခြေအနေ ရှိနေလဲဆိုတာ မသိဘဲ ဖြစ်နေပါလိမ့်မယ်။

ဒါဆိုရင်တော့ မျက်စိမှိတ်ပြီး လမ်းလျှောက်နေသလိုပါပဲ။ Strategy သာ တိတိပပရှိမယ်ဆိုရင် ဘယ်ရောက်နေရင် ဘယ်လိုသွားမယ်၊ ဘယ်ကို ရောက်လာရင်တော့ ဘယ်ကို ထပ်သွားမယ်ဆိုတဲ့ Plan မျိုး ရှိကောင်း ရှိနေနိုင်ပါတယ်။

Brand Power ကျမယ်

ကိုယ့်ရဲ့ ပြိုင်ဘက်တွေက Strategy တိတိကျကျနဲ့ သူတို့ ပန်းတိုင်ကို သွားနေချိန်မှာ ကိုယ့်ရဲ့ Campaign တွေဟာ သူများလုပ်လို့ လိုက်လုပ်တဲ့ဟာမျိုးတွေချည်းဖြစ်ပြီး ဦးတည်ချက်မဲ့ရင် လုပ်ငန်းကို ထိခိုက်စေပါတယ်။

ကိုယ့်ရဲ့ Customer တွေအမြင်မှာလည်း Brand Power ကျစေနိုင်သလို၊ လုပ်ငန်းအချင်းချင်းကြားမှာလည်း

ကိုယ်ဟာ တစ်ဆင့်နိမ့်နေတတ်ပါတယ်။

Failure အတွက် Plan မဲ့နေမယ်

ဘယ်အလုပ်မှာမဆို အောင်မြင်ဖို့ အစီအမံတွေ လုပ်ပြီး ပန်းတိုင်ကို လှမ်းကြပေမယ့် တစ်ခါတစ်လေ ကျရှုံးတတ်ပါတယ်။ ကိုယ့်မှာသာ Strategy ကောင်းကောင်းရှိမယ်ဆိုရင် ဘယ်လိုအခြေအနေရောက်ရင်တော့ ဘယ်လိုရုန်းထမယ်ဆိုတာမျိုး ရှိနေနိုင်ပါတယ်။ မဟုတ်ဘဲ ကြုံသလိုလုပ်နေမယ်ဆိုရင်တော့ အခြေအနေဆိုးတွေက ရုန်းထွက်ဖို့ ခက်ခဲတတ်ပါတယ်။

လုပ်ငန်းနဲ့ Digital Channel သဟဇာတ မဖြစ်ဘဲနေမယ်

ကိုယ့်လုပ်ငန်းက သွားချင်တဲ့ လမ်းကြောင်းက တစ်ခု။ ကိုယ်က လုပ်နေတာက ကြုံရာကျပန်းဆိုရင် ရေရှည်မှာ

လုပ်ငန်းရဲ့ Value တွေနဲ့ လွဲချော်သွားနိုင်ပါတယ်။ ဒါဆိုရင်တော့ Digital အတွက် ငွေကုန်ကြေးကျရှိတာပဲရှိပြီး

ထိရောက်မှုတွေ နည်းပါးနေပါလိမ့်မယ်။

ဈေးကွက်မှာ နောက်ကောက်ကျမယ်

Strategy ကောင်းကောင်းမရှိတဲ့ Activity တွေနဲ့ ဈေးကွက်ကို ဦးဆောင်နိုင်ဖို့၊ နေရာရဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ရေရှည်မှာ ဈေးကွက်မှာ နောက်ကောက်ကျသွားနိုင်ပါတယ်။

Read-ထုတ်ကုန်ကို ဗျူဟာနှင့်ကယ်တင်ခြင်း

Source ; Digital Parmaukkha

Read times
Rate this item
(1 Vote)