-->
×

Warning

JUser: :_load: Unable to load user with ID: 29


ယခင္ေခတ္ေဟာင္းမွ တီဗီေၾကာ္ျငာမ်ားအစီအစဥ္ / အပိုင္း (၁) ရွမ္းရိုးမ ေၾကာ္ျငာ

90's ေခတ္ ကေလးေတြနဲ႔ အေစာပိုင္းနွစ္မွ လူၾကီးမ်ား TV ၾကည့္တိုင္း စိတ္ေပ်ာ္ရႊင္ ခဲ့ျပီး ေၾကာ္ျငာသီခ်င္းေလးေတြ လိုက္ဆိုခဲ့ဖူးၾကမွာပါ။

ကဲ ဒီတစ္ခါမွာေတာ့ ကြ်န္မ သ်ွင္မင္းနဲ႔အတူတူ ၂၀၀၀ ခုနွစ္ေလာက္က TV ေၾကာ္ျငာေလးေတြဆီ ျပန္သြားလိုက္ၾကရေအာင္ ....

ရွမ္းရိုးမ ေၾကာ္ျငာေလး တီဗီ မွာလာရင္ ကြ်န္မတို႔ေတြက ကေလးအရြယ္မို႔ လိုက္က က်တယ္ မိသားစုဝင္ေတြက လက္ခုပ္ေတြတီးေပးၾကတယ္

တကယ္ေတာ႔ ကြ်န္မတို႔ကို စိတ္ေဖ်ာ္ေျဖမႈ႔ေပးနိုင္တဲ့ ထိုေၾကာ္ျငာေလးရဲ႕ေနာက္ကြယ္မွာ အပင္ပန္းအဆင္းရဲခံျပီး ပံုေဖာ္ခဲ့ၾကတဲ႔ အနုပညာ သမား စစ္စစ္ေတြရွိတယ္။

 

TV ေၾကာ္ျငာျဖင့္မဲဆြယ္မည့္ Bernie Sanders

 

ထို ေၾကာ္ျငာရဲ႕ တည္းျဖတ္ဆရာၾကီး ျဖစ္သူ ဦးေထြးေက်ာ္နွင့္ အင္တာဗ်ဴး -

ေမး - ရွမ္းရိုးမ ေၾကာ္ျငာေလးနဲ႔ ဦးေထြးေက်ာ္ရဲ႕ အမွတ္တရမ်ားကို သိခ်င္ပါတယ္ရွင့္ ?

အေျဖ - ရွမ္းရိုးမေၾကာ္ျငာ က ၃ မိနစ္နဲ႔ ၃၅ စကၠန္႔ အစအဆံုးရွိပါတယ္။

ထိုေခတ္တုန္းက ၃ မိနစ္နဲ႕ ၃၅ စကၠန္႔လံုးလဲ ျပသျဖစ္တယ္ သိရပါတယ္။

၂၀၀၂ ခုႏွစ္က ျမဝတီရုပ္သံမွာ ည တိုင္း ၇ နာရီ အျမဲလြင္႔တယ္သိရွိရျပီး ဦးေထြးေက်ာ္က တည္းျဖတ္တဲ့အပိုင္းကို တာဝန္ယူ ရတယ္သိရပါတယ္။

ထိုရွမ္းရိုးမေၾကာ္ျငာေလးဟာ ရိုက္ကြင္းရိုက္ကူး တဲ႔ ေနရာကလည္းေနရာေတာ္ေတာ္ စံုတယ္ , ပုဂံ , ပုပၸါး , ရွမ္းျပည္ , အင္းေလး , ကေလာ , ရန္ကုန္မွာ ဆိုေတာ႔ရိုက္လာတဲ့ အရုပ္ေတြက အမ်ားၾကီးပဲ ,

ထိုအမ်ားၾကီးထဲကမွ အေကာင္းဆံုး ရိုက္ခ်က္ ျပကြက္ေလးေတြ က်ြန္ေတာ္က ထုတ္နွုတ္ေရြးခ်ယ္ရတယ္။

ေရြးျပီးေတာ႔သူက Playback ေၾကာ္ျငာလည္းျဖစ္ေနေတာ့သီခ်င္းစာသားနဲ႕ တခ်ိဳ႕ အဆိုေကာင္းတဲ႔ အရုပ္ကေလးေတြ အဆိုေနရာမွာထည့္၊ ရိုက္ခ်က္လွတဲ့ အရုပ္ကေလးေတြေရြးထည့္တယ္ေပါ့ေနာ္။

edit လုပ္တည္းျဖတ္တဲ႔ကာလက ၃ လအနည္းဆံုးၾကာလိမ့္မယ္ဗ်။ ၃ လဆိုေပမဲ့က်ြန္ေတာ္တို႔က ၃ လ လံုးလံုးဒီေၾကာ္ျငာထိုင္ဆက္ေနတာ မဟုတ္ဘူးေလ ။

ၾကားထဲမွာ အျခားေၾကာ္ျငာေလးေတြ အျခားအလုပ္ေလးေတြ ဝင္လာရင္လည္း လုပ္ရေသးတယ္ေလ ဆိုေတာ့ကား သူက သီခ်င္း သံုးပုဒ္ကို ျပန္ဆက္ထားတာ ဒီေၾကာ္ျငာၾကီးတစ္ခုလံုးမွာေလ

ေၾကာ္ျငာအစပိုင္းမွာ Adventure ပံုစံေလးနည္းနည္းဆန္တာေပါ႔ေနာ္ ဆုရြန္းလဲ့နဲ႔ပုလဲဝင္း သူတို႔ႏွစ္ေယာက္က မီးပံုးပ်ံစီးတယ္။

မီးပံုးပ်ံေပၚကေန ေဆးဗူးေတြ ျပစ္ခ်လိုက္တယ္ ျပီးေတာ့ေနာက္ပိုင္းသီခ်င္းအဆိုျဖစ္သြားတာေပါ့ အဓိက ကေတာ႔ ထိုေၾကာ္ျငာမွာ နႏၵာလိႈင္ေပါ့။

အမွတ္တရ အေနနဲ႔ကေတာ႔ ထိုစဥ္က ေၾကာ္ျငာက အရမ္းရွည္တယ္ ရွည္တဲ့အခါၾကေတာ့ ၾကားထဲမွာလဲ Product အေၾကာင္းရွင္းျပတဲ႔ ဒိုင္ယာေလာဒ့္ေတြလဲပါတယ္

ထိုေနရာေတြမွာ 3 D Animation နဲ႔ အရုပ္ေတြျဖည့္ရတာေပါ့ ။ ေၾကာ္ျငာ ကဘာလို႔ေကာင္းသြားလဲဆိုေတာ႔ ဒါရိုက္တာရွိမယ္လုပ္ငန္းရွင္ရွိမယ္ေပါ့ သူတို႔ႏွစ္ေယာက္လံုးက

ဒီ တည္းျဖတ္ပိုင္းမွာ ကြ်န္ေတာ္႔သေဘာအတိုင္းလံုးဝ ေပးလုပ္ထားတာ သူတို႕ဘာမွ ဝင္ေရာက္ေျပာဆိုျခင္းမရွိဘူးျပင္ခ်င္တဲ့အခ်က္ေလး နည္းနည္းပါးပါး ဝင္ေထာက္ေျပာဆိုတာမ်ိဳးပဲရွိတယ္

လြတ္လြတ္ လပ္လပ္လုပ္လို႔ရတယ္ဗ်ာ အဲ႔မွာတစ္ခုအားသာသြားတာပါ။ အမွတ္တရအျဖစ္ဆံုးကေတာ့ ေၾကာ္ျငာေတြ လုပ္တဲ့အခါမွာ အဓိကရင္ဆိုင္ရတာ Timeline ဗ်

လုပ္ငန္းရွင္ေတာ္ေတာ္မ်ားမ်ားက editing ကို ၂ ရက္ ၃ နဲ႔လိုခ်င္ၾကတယ္။ အင္မတန္မွ ေလာၾကတာဗ် , အေကာင္းလဲလိုခ်င္တယ္ ေလာလည္းေလာတယ္ သူတို႔ကအဲ႔လို ဆိုေတာ႔တခ်ိဳ႕အရာေတြက် အနုပညာဆန္တဲ့ကိစၥေတြပါတဲ့အခါၾကေတာ့

အခ်ိန္နည္းနည္းေပးရတယ္ ေပးရတယ္ဆိုတာ စဥ္းစားခ်ိန္ရွိတာကိုး ဒီ ရွမ္းရုိးမ ေၾကာ္ျငာမွာက် အဲ့ဒီ Great Wall တိုင္းရင္းေဆးလုပ္ငန္းပိုင္ရွင္က အရမ္းသေဘာေကာင္းတယ္။

အဲ့တာေတာ့တကယ္႔အမွတ္တရပဲ သူကြ်န္ေတာ္တို႔ editing ရုံးခန္းကိုေန႔တိုင္းလာတယ္ ျပီးရင္ထိုင္ေနတယ္ ဘာဆိုဘာမွ ေျပာဆိုျခင္းမရွိဘူး

တစ္ခါတစ္ေလ ထမင္းစားခ်ိန္ေတြဆိုကြ်န္ေတာ္တို႕တည္းျဖတ္ရုံးမွာ ရွိတဲ့ ဝန္ထမ္းေလးေယာက္လံုးကိုသူစားေသာက္ဆိုင္ေတြမွာေန႔လည္စာလိုက္ေကြ်းတယ္

ေနာက္ျပီးသူတို႕လိုခ်င္တဲ႕ပံုေပါ႕ေနာ္စစခ်င္းမွာ မီးပံုးပ်ံၾကီးစီးသြားမယ္ , မီးပံုးပ်ံေပၚကိုတြယ္တတ္မယ္ , အမွန္တကယ္က စတန္႕မင္းသား ၊ စတန္႔မင္းသမီးေတြရဲ႕အလုပ္ရတဲ႔ အလုပ္

ဆုရြန္းလဲ့နဲ႔ပုလဲဝင္း တို႔ကလုပ္လဲ မလုပ္ရဲေတာ႔ Chroma ခံျပီးရိုက္တယ္ေပါ့ ။ ထို Chroma ကို ေလထဲမွာျဖစ္ေနတဲ႔ပံုမ်ိဳးကြ်န္ေတာ္တို႔က ျပန္အသက္ သြင္းတာ

ေနာက္ျပီးပုဂံ မွာပဲရွိတဲ႔ မီးပံုးပ်ံၾကီးေတြကို ကြ်န္ေတာ္တို႔ပညာနဲ႔ေပါင္းဆက္ျပီး အင္းေလး၊ပင္းတယ မွာလဲမီးပံုးပ်ံေတြပ်ံခိုင္းလိုက္တယ္ ေနရာတိုင္းမွာ ဒီမီးပံုးပ်ံကို Continuity ကိုက္ေအာင္ခ်ိတ္ဆက္သြားတာေပါ႔

Animation အပိုင္းေတြဆို္ရင္လဲ ကို ဗလ က ဒိုင္ခံဆြဲေပးတယ္ ကြ်န္ေတာ္က ပိုေကာင္းေအာင္ ျပန္သ ရတာေပါ့ တခ်ိဳ႕ေနရာေတြမွာ တစ္ခါတေလ Animation ၃ စကၠန္႔ ၄ စကၠန္႔ေလာက္ပဲျမင္ရမဲ့ဟာ တကယ္ လုပ္မယ္ဆို

၃ ရက္ ၄ ရက္ေလာက္ျပန္လုပ္ရတယ္ လုပ္ၾကည့္လိုက္စိတ္တိုင္းမက်လိုက္ ျပန္လုပ္ရလိုက္ေပါ႔။ ေပ်ာ္ဖို႔လည္း အရမ္းေကာင္းပါတယ္။ အဓိက ကေတာ့လုပ္ငန္းရွင္က တခ်က္မွ ေလာခ်င္းမရွိတာပဲ ျပီးသြားေတာ့လဲ

ကြ်န္ေတာ္လုပ္ေပးလိုက္တာ အရမ္းၾကိဳက္သြားတယ္ ဆိုကာေျပာျပသြားခဲ့ပါတယ္။

ထို႔ျပင္ ရွမ္းရိုးမ ေၾကာ္ျငာရဲ႕ ဒါရိုက္တာျဖစ္သူ ဦးေဝလုဝႆန္ ရဲ႕ေျပာ ၾကားခ်က္ကေတာ့ -

ဒီ ရွမ္းရိုးမေၾကာ္ျငာ ဟာ ဂရိတ္ေဝါ တိုင္းရင္းေဆးထဲမွာ႐ိုက္ကူးရက္ ၁၂ ရက္႐ိုက္ခဲ့ရတဲ့ေၾကာ္ျငာပါ။

ရွမ္းရိုးမေၾကာ္ျငာကို ပုဂံ၊ ေက်ာက္ပန္းေတာင္းေတာင္ႀကီး၊အင္းေလး၊ပင္းတယ၊ကေလာ၊ရန္ကုန္ ေဂါက္ကြင္း၊အမ်ိဳးသားကဇာတ္႐ုံအားလုံးအခ်ိန္တစ္လၾကာေအာင္႐ိုက္ခဲ့ပါတယ္။

တည္းျဖတ္ရာမွာလဲ႐ိုက္ကြက္အကုန္ မလစ္ဟင္းရေအာင္ ကိုေထြးေက်ာ္ ရက္ေပါင္းမ်ားစြာအိပ္ေရးပ်က္ခဲ့ရပါတယ္။ေၾကာ္ျငာသီခ်င္းတည္းျဖတ္ၿပီးမွကိုေဇာ္မ်ိဳးထြဋ္ dubbing ျပန္တီးေပးရေသးတာမ်ိဳးရွိခဲ႔ပါေသးတယ္။

ထိုေခတ္မွ နာမည္ၾကီးမင္းသမီး နႏၵာလႈိင္၊ပုလဲဝင္း၊စု႐ႊန္းလဲ့တို႔ဦးေဆာင္ပါဝင္ၿပီးအင္းေလးမွ အထက တေက်ာင္းလုံး၊ကေလာမွေက်ာင္သူေက်ာင္းသားမ်ား၊၁၅၀ေက်ာ္ကို ပါဝင္အားျဖည့္ ႐ိုက္ကူးခဲ့ရပါတယ္။

ကြၽန္ေတာ္မွ ကေလာဗ်ဴးပြိဳင့္ေနရာမွျမင္ရတဲ့ေရွ႕ကေတာင္တန္းကို လူအျပည့္လိုခ်င္တယ္ဟုေတာင္းဆိုလိုက္တာကို ပိုင္ရွင္ကိုေမာင္ေမာင္လြင္မွျဖစ္ေစရမယ္ဆိုၿပီး ရွာေဖြခဲ့တဲ့ေဒသခံမ်ားပါ ေၾကာ္ျငာထဲ ပါဝင္ပါတယ္။

ရွမ္း႐ိုးမေၾကာ္ျငာကို ရွမ္းေတာင္တန္းအျပည့္လူေတြလက္ခ်င္းယွက္ၿပီးရပ္ျပတာလိုခ်င္တယ္ဆိုတဲ့အေတြးကို ရေအာင္ဖန္တီးေပးခဲ့တဲ့လုပ္ငန္းရွင္ေတြပါ ဆိုကာ ဒါရိုက္တာၾကီးမွ ေျပာျပထားပါတယ္။

အနုပညာ တစ္ခုဆိုတာ အခုလိုပဲ အနုပညာရွင္ေတြ အားလံုးေပါင္းစည္းလုပ္ကိုင္ျပီးမွ ျဖစ္ေပၚလာတဲ့ ရင္တြင္းထြက္ ရတနာ တစ္ပါးပါ။

အခုဆို ပရိသတ္ၾကီးလဲ ရွမ္းရိုးမ ေၾကာ္ျငာ အေၾကာင္း ကို သိရွိသြားေလာက္ပါျပီ။ေသေသခ်ာခ်ာ ေျပာျပေပးတဲ့ ဦးေထြးေက်ာ္ကိုလည္း ေက်းဇူးတင္ပါတယ္ထို႔ျပင္ ဦး ေဝလုဝႆန္ ကိုလည္းေက်းဇူးတင္ပါတယ္။

ေနာက္အပတ္ ေသာၾကာေန႔ယခုလို အခ်ိန္မွာ ကြ်န္မႏွင့္အတူတူ ေခတ္ေဟာင္းကေၾကာ္ျငာေတြ ျပန္ ၾကည့္ၾကမယ္ေနာ္။

 

Unicode >>> 

 

90's ခေတ် ကလေးတွေနဲ့ အစောပိုင်းနှစ်မှ လူကြီးများ TV ကြည့်တိုင်း စိတ်ပျော်ရွှင် ခဲ့ပြီး ကြော်ငြာသီချင်းလေးတွေ လိုက်ဆိုခဲ့ဖူးကြမှာပါ။

ကဲ ဒီတစ်ခါမှာတော့ ကျွန်မ သျှင်မင်းနဲ့အတူတူ ၂၀၀၀ ခုနှစ်လောက်က TV ကြော်ငြာလေးတွေဆီ ပြန်သွားလိုက်ကြရအောင် ....

ရှမ်းရိုးမ ကြော်ငြာလေး တီဗီ မှာလာရင် ကျွန်မတို့တွေက ကလေးအရွယ်မို့ လိုက်က ကျတယ် မိသားစုဝင်တွေက လက်ခုပ်တွေတီးပေးကြတယ်

တကယ်တော့ ကျွန်မတို့ကို စိတ်ဖျော်ဖြေမှု့ပေးနိုင်တဲ့ ထိုကြော်ငြာလေးရဲ့နောက်ကွယ်မှာ အပင်ပန်းအဆင်းရဲခံပြီး ပုံဖော်ခဲ့ကြတဲ့ အနုပညာ သမား စစ်စစ်တွေရှိတယ်။

ထို ကြော်ငြာရဲ့ တည်းဖြတ် ဆရာကြီး ဖြစ်သူ ဦးထွေးကျော်နှင့် အင်တာဗျူး -

မေး - ရှမ်းရိုးမ ကြော်ငြာလေးနဲ့ ဦးထွေးကျော်ရဲ့ အမှတ်တရများကို သိချင်ပါတယ်ရှင့် ?

အဖြေ - ရှမ်းရိုးမကြော်ငြာ က ၃ မိနစ်နဲ့ ၃၅ စက္ကန့် အစအဆုံးရှိပါတယ်။

ထိုခေတ်တုန်းက ၃ မိနစ်နဲ့ ၃၅ စက္ကန့်လုံးလဲ ပြသဖြစ်တယ် သိရပါတယ်။

၂၀၀၂ ခုနှစ်က မြဝတီရုပ်သံမှာ ည တိုင်း ၇ နာရီ အမြဲလွင့်တယ်သိရှိရပြီး ဦးထွေးကျော်က တည်းဖြတ်တဲ့အပိုင်းကို တာဝန်ယူ ရတယ်သိရပါတယ်။

ထိုရှမ်းရိုးမကြော်ငြာလေးဟာ ရိုက်ကွင်းရိုက်ကူး တဲ့ နေရာကလည်းနေရာတော်တော် စုံတယ် , ပုဂံ , ပုပ္ပါး , ရှမ်းပြည် , အင်းလေး , ကလော , ရန်ကုန်မှာ ဆိုတော့ရိုက်လာတဲ့ အရုပ်တွေက အများကြီးပဲ ,

ထိုအများကြီးထဲကမှ အကောင်းဆုံး ရိုက်ချက် ပြကွက်လေးတွေ ကျွန်တော်က ထုတ်နှုတ်ရွေးချယ်ရတယ်။

ရွေးပြီးတော့သူက Playback ကြော်ငြာလည်းဖြစ်နေတော့သီချင်းစာသားနဲ့ တချို့ အဆိုကောင်းတဲ့ အရုပ်ကလေးတွေ အဆိုနေရာမှာထည့်၊ ရိုက်ချက်လှတဲ့ အရုပ်ကလေးတွေရွေးထည့်တယ်ပေါ့နော်။

edit လုပ်တည်းဖြတ်တဲ့ကာလက ၃ လအနည်းဆုံးကြာလိမ့်မယ်ဗျ။ ၃ လဆိုပေမဲ့ကျွန်တော်တို့က ၃ လ လုံးလုံးဒီကြော်ငြာထိုင်ဆက်နေတာ မဟုတ်ဘူးလေ ။

ကြားထဲမှာ အခြားကြော်ငြာလေးတွေ အခြားအလုပ်လေးတွေ ဝင်လာရင်လည်း လုပ်ရသေးတယ်လေ ဆိုတော့ကား သူက သီချင်း သုံးပုဒ်ကို ပြန်ဆက်ထားတာ ဒီကြော်ငြာကြီးတစ်ခုလုံးမှာလေ

ကြော်ငြာအစပိုင်းမှာ Adventure ပုံစံလေးနည်းနည်းဆန်တာပေါ့နော် ဆုရွန်းလဲ့နဲ့ပုလဲဝင်း သူတို့နှစ်ယောက်က မီးပုံးပျံစီးတယ်။

မီးပုံးပျံပေါ်ကနေ ဆေးဗူးတွေ ပြစ်ချလိုက်တယ် ပြီးတော့နောက်ပိုင်းသီချင်းအဆိုဖြစ်သွားတာပေါ့ အဓိက ကတော့ ထိုကြော်ငြာမှာ နန္ဒာလှိုင်ပေါ့။

အမှတ်တရ အနေနဲ့ကတော့ ထိုစဉ်က ကြော်ငြာက အရမ်းရှည်တယ် ရှည်တဲ့အခါကြတော့ ကြားထဲမှာလဲ Product အကြောင်းရှင်းပြတဲ့ ဒိုင်ယာလောဒ့်တွေလဲပါတယ်

ထိုနေရာတွေမှာ 3 D Animation နဲ့ အရုပ်တွေဖြည့်ရတာပေါ့ ။ ကြော်ငြာ ကဘာလို့ကောင်းသွားလဲဆိုတော့ ဒါရိုက်တာရှိမယ်လုပ်ငန်းရှင်ရှိမယ်ပေါ့ သူတို့နှစ်ယောက်လုံးက

ဒီ တည်းဖြတ်ပိုင်းမှာ ကျွန်တော့်သဘောအတိုင်းလုံးဝ ပေးလုပ်ထားတာ သူတို့ဘာမှ ဝင်ရောက်ပြောဆိုခြင်းမရှိဘူးပြင်ချင်တဲ့အချက်လေး နည်းနည်းပါးပါး ဝင်ထောက်ပြောဆိုတာမျိုးပဲရှိတယ်

လွတ်လွတ် လပ်လပ်လုပ်လို့ရတယ်ဗျာ အဲ့မှာတစ်ခုအားသာသွားတာပါ။ အမှတ်တရအဖြစ်ဆုံးကတော့ ကြော်ငြာတွေ လုပ်တဲ့အခါမှာ အဓိကရင်ဆိုင်ရတာ Timeline ဗျ

လုပ်ငန်းရှင်တော်တော်များများက editing ကို ၂ ရက် ၃ နဲ့လိုချင်ကြတယ်။ အင်မတန်မှ လောကြတာဗျ , အကောင်းလဲလိုချင်တယ် လောလည်းလောတယ် သူတို့ကအဲ့လို ဆိုတော့တချို့အရာတွေကျ အနုပညာဆန်တဲ့ကိစ္စတွေပါတဲ့အခါကြတော့

အချိန်နည်းနည်းပေးရတယ် ပေးရတယ်ဆိုတာ စဉ်းစားချိန်ရှိတာကိုး ဒီ ရှမ်းရိုးမ ကြော်ငြာမှာကျ အဲ့ဒီ Great Wall တိုင်းရင်းဆေးလုပ်ငန်းပိုင်ရှင်က အရမ်းသဘောကောင်းတယ်။

အဲ့တာတော့တကယ့်အမှတ်တရပဲ သူကျွန်တော်တို့ editing ရုံးခန်းကိုနေ့တိုင်းလာတယ် ပြီးရင်ထိုင်နေတယ် ဘာဆိုဘာမှ ပြောဆိုခြင်းမရှိဘူး

တစ်ခါတစ်လေ ထမင်းစားချိန်တွေဆိုကျွန်တော်တို့တည်းဖြတ်ရုံးမှာ ရှိတဲ့ ဝန်ထမ်းလေးယောက်လုံးကိုသူစားသောက်ဆိုင်တွေမှာနေ့လည်စာလိုက်ကျွေးတယ်

နောက်ပြီးသူတို့လိုချင်တဲ့ပုံပေါ့နော်စစချင်းမှာ မီးပုံးပျံကြီးစီးသွားမယ် , မီးပုံးပျံပေါ်ကိုတွယ်တတ်မယ် , အမှန်တကယ်က စတန့်မင်းသား ၊ စတန့်မင်းသမီးတွေရဲ့အလုပ်ရတဲ့ အလုပ်

ဆုရွန်းလဲ့နဲ့ပုလဲဝင်း တို့ကလုပ်လဲ မလုပ်ရဲတော့ Chroma ခံပြီးရိုက်တယ်ပေါ့ ။ ထို Chroma ကို လေထဲမှာဖြစ်နေတဲ့ပုံမျိုးကျွန်တော်တို့က ပြန်အသက် သွင်းတာ

နောက်ပြီးပုဂံ မှာပဲရှိတဲ့ မီးပုံးပျံကြီးတွေကို ကျွန်တော်တို့ပညာနဲ့ပေါင်းဆက်ပြီး အင်းလေး၊ပင်းတယ မှာလဲမီးပုံးပျံတွေပျံခိုင်းလိုက်တယ် နေရာတိုင်းမှာ ဒီမီးပုံးပျံကို Continuity ကိုက်အောင်ချိတ်ဆက်သွားတာပေါ့

Animation အပိုင်းတွေဆိုရင်လဲ ကို ဗလ က ဒိုင်ခံဆွဲပေးတယ် ကျွန်တော်က ပိုကောင်းအောင် ပြန်သ ရတာပေါ့ တချို့နေရာတွေမှာ တစ်ခါတလေ Animation ၃ စက္ကန့် ၄ စက္ကန့်လောက်ပဲမြင်ရမဲ့ဟာ တကယ် လုပ်မယ်ဆို

၃ ရက် ၄ ရက်လောက်ပြန်လုပ်ရတယ် လုပ်ကြည့်လိုက်စိတ်တိုင်းမကျလိုက် ပြန်လုပ်ရလိုက်ပေါ့။ ပျော်ဖို့လည်း အရမ်းကောင်းပါတယ်။ အဓိက ကတော့လုပ်ငန်းရှင်က တချက်မှ လောချင်းမရှိတာပဲ ပြီးသွားတော့လဲ

ကျွန်တော်လုပ်ပေးလိုက်တာ အရမ်းကြိုက်သွားတယ် ဆိုကာပြောပြသွားခဲ့ပါတယ်။

ထို့ပြင် ရှမ်းရိုးမ ကြော်ငြာရဲ့ ဒါရိုက်တာဖြစ်သူ ဦးဝေလုဝဿန် ရဲ့ပြော ကြားချက်ကတော့ -

ဒီ ရှမ်းရိုးမကြော်ငြာ ဟာ ဂရိတ်ဝေါ တိုင်းရင်းဆေးထဲမှာရိုက်ကူးရက် ၁၂ ရက်ရိုက်ခဲ့ရတဲ့ကြော်ငြာပါ။

ရှမ်းရိုးမကြော်ငြာကို ပုဂံ၊ ကျောက်ပန်းတောင်းတောင်ကြီး၊အင်းလေး၊ပင်းတယ၊ကလော၊ရန်ကုန် ဂေါက်ကွင်း၊အမျိုးသားကဇာတ်ရုံအားလုံးအချိန်တစ်လကြာအောင်ရိုက်ခဲ့ပါတယ်။

တည်းဖြတ်ရာမှာလဲရိုက်ကွက်အကုန် မလစ်ဟင်းရအောင် ကိုထွေးကျော် ရက်ပေါင်းများစွာအိပ်ရေးပျက်ခဲ့ရပါတယ်။ကြော်ငြာသီချင်းတည်းဖြတ်ပြီးမှကိုဇော်မျိုးထွဋ် dubbing ပြန်တီးပေးရသေးတာမျိုးရှိခဲ့ပါသေးတယ်။

ထိုခေတ်မှ နာမည်ကြီးမင်းသမီး နန္ဒာလှိုင်၊ပုလဲဝင်း၊စုရွှန်းလဲ့တို့ဦးဆောင်ပါဝင်ပြီးအင်းလေးမှ အထက တကျောင်းလုံး၊ကလောမှကျောင်သူကျောင်းသားများ၊၁၅၀ကျော်ကို ပါဝင်အားဖြည့် ရိုက်ကူးခဲ့ရပါတယ်။

ကျွန်တော်မှ ကလောဗျူးပွိုင့်နေရာမှမြင်ရတဲ့ရှေ့ကတောင်တန်းကို လူအပြည့်လိုချင်တယ်ဟုတောင်းဆိုလိုက်တာကို ပိုင်ရှင်ကိုမောင်မောင်လွင်မှဖြစ်စေရမယ်ဆိုပြီး ရှာဖွေခဲ့တဲ့ဒေသခံများပါ ကြော်ငြာထဲ ပါဝင်ပါတယ်။

ရှမ်းရိုးမကြော်ငြာကို ရှမ်းတောင်တန်းအပြည့်လူတွေလက်ချင်းယှက်ပြီးရပ်ပြတာလိုချင်တယ်ဆိုတဲ့အတွေးကို ရအောင်ဖန်တီးပေးခဲ့တဲ့လုပ်ငန်းရှင်တွေပါ ဆိုကာ ဒါရိုက်တာကြီးမှ ပြောပြထားပါတယ်။

အနုပညာ တစ်ခုဆိုတာ အခုလိုပဲ အနုပညာရှင်တွေ အားလုံးပေါင်းစည်းလုပ်ကိုင်ပြီးမှ ဖြစ်ပေါ်လာတဲ့ ရင်တွင်းထွက် ရတနာ တစ်ပါးပါ။

အခုဆို ပရိသတ်ကြီးလဲ ရှမ်းရိုးမ ကြော်ငြာ အကြောင်း ကို သိရှိသွားလောက်ပါပြီ။သေသေချာချာ ပြောပြပေးတဲ့ ဦးထွေးကျော်ကိုလည်း ကျေးဇူးတင်ပါတယ်ထို့ပြင် ဦး ဝေလုဝဿန် ကိုလည်းကျေးဇူးတင်ပါတယ်။

နောက်အပတ် သောကြာနေ့ယခုလို အချိန်မှာ ကျွန်မနှင့်အတူတူ ခေတ်ဟောင်းကကြော်ငြာတွေ ပြန် ကြည့်ကြမယ်နော်။

Myanmar Advertising Directory 

Read times
Rate this item
(1 Vote)