-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖုန်းကနေတစ်ဆင့် Mobile Marketing သုံးပြီး တိုက်ရိုက်ကြော်ငြာမယ်ဆိုရင်

ဖုန်းကနေတစ်ဆင့် Mobile Marketing သုံးပြီး တိုက်ရိုက်ကြော်ငြာမယ်ဆိုရင် google

Mobile Marketing ဆိုတာ ကုမ္ပဏီတွေအနေနဲ့ မိမိတို့ သိစေချင်တဲ့ အကြောင်းအရာတွေကို ဖုန်းတွေကနေတစ်ဆင့် Customer တွေဆီ တိုက်ရိုက် ရောက်ရှိအောင် လုပ်ဆောင်တဲ့ Digital Marketing နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။

မိမိရဲ့ ကုန်ပစ္စည်း သို့ ၀န်ဆောင်မှုအကြောင်းကို အီးမေးလ်ပေးပို့ခြင်း၊  SMS ( Short Message Service ) နဲ့ MMS ( Multimedia Messaging Service ) ပို့ခြင်း၊ Social Media တွေကို အသုံးပြုပြီး သတင်းအချက်အလက် ပေးပို့ခြင်း စတာတွေဟာ Mobile Marketing ထဲမှာ ပါဝင်ပါတယ်။

အခုခေတ်မှာ ဘာကြောင့် အရင်လို ဖုန်းဆက်ပြီး Marketing မဆင်းတော့ပဲ Mobile Marketing တွေကို အသုံးပြုလာကြလဲဆိုတော့ ဒီနည်းလမ်းဟာ ကုန်ကျစရိတ် သက်သာတယ်၊ တစ်ပြိုင်နက်ထဲမှာပဲ လူအများကြီးဆီ ရောက်ရှိစေနိုင်တယ်၊ ၀န်ထမ်းတွေကို အချိန်ကုန်လူပင်ပန်း သက်သာစေတယ် စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

Coca-Cola က ဘယ်လိုကြော်ငြာတွေနဲ့ အောင်မြင်မှုကို ဆက်ထိန်းထားတာလဲ..?

နည်းပညာတွေ တစ်နေ့တစ်ခြား တိုးတက်လာတာနဲ့အမျှ ကွန်ပြူတာတွေမှာပဲ ပြုလုပ်နိုင်တဲ့ အရာတွေကို ဖုန်းတွေမှာလည်း လုပ်ဆောင်လာနိုင်ပြီ ဖြစ်ပါတယ်။ အခုဆိုရင် ဖုန်းတွေမှာပါ အီးလ်မေးပို့ခြင်း၊ ဖတ်ခြင်း၊ ၀က်ဆိုဒ်တွေထဲ ၀င်ပြီး မိမိသိချင်တဲ့ အကြောင်းအရာတွေ သတင်းအချက်အလက်တွေ ဖတ်ခြင်းအထိ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။

မျက်မှောက်ခေတ်ကာလမှာ ဖုန်းတွေနဲ့ အင်တာနက်ကို နေရာမရွေး အချိန်မရွေး တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ကြပြီး အခုဆိုရင် မြန်မာနိုင်ငံမှာ ဖုန်းဆင်းကတ် အသုံးပြုသူပေါင်းဟာ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လောက် ရှိနေပါပြီ။

ဖေ့စ်ဘုတ်ခ် အသုံးပြုသူတွေဟာလည်း တစ်နှစ်တစ်ခြား ပိုမို များပြားလာပြီး ၂၂ သန်းကျော်ထိ ရှိလာပါတယ်။ အခြား Social Media တွေ အပါအ၀င် အင်တာနက် အသုံးပြုသူဟာဆိုရင် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။

Mobile Advertising လုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင် မိမိရဲ့ Audience ကို သေချာစွာ သိရှိဖို့ လိုပါတယ်။ မိမိ Customer တွေက မြို့ပေါ်မှာများလား၊ နယ်မှာများလား၊ အသက်အရွယ် ဘယ်လောက်ကို Target ထားတာလဲ၊ ကျားမ မရွေးလား စသဖြင့် မိမိကုန်ပစ္စည်း သို့ ၀န်ဆောင်မှုပေါ် မူတည်ပြီး ရွေးချယ်မှု မမှားဖို့ အရေးကြီးပါတယ်။

 

Su Mon Oo

Myanmar Advertising Directory

Read times
Rate this item
(3 votes)