-->
×

Warning

JUser: :_load: Unable to load user with ID: 29


Graphic Design ရဲ့ အခြေခံအကျဆုံး အချက်များ

Graphic Design ရဲ့ အခြေခံအကျဆုံး အချက်များ google

Graphic Design ဆိုတာ ကြော်ငြာတွေ မဂ္ဂဇင်းတွေ စာအုပ်တွေမှာ စာတွေနဲ့ပုံတွေ ပေါင်းစပ် ဖော်ပြထားတဲ့ အနုပညာ (သို့) ကျွမ်းကျင်မှု တစ်ခုပဲဖြစ်ပါတယ်။

ဒါဟာ အလွယ်တစ်ကူ အဓိပ္ပါယ်ဖော်ပြချက် တစ်ခုပဲဖြစ်ပါတယ်။ Graphic Design ဆိုတဲ့နာမည်မှာ ကိုက Graphic ရယ် Design ရယ်ဆိုပြီး ၂ ပိုင်းပါနေတယ်။ ဒါဆို Graphic ဆိုတာဘာလဲ Design ဆိုတာဘာလဲ ရှင်းလိုက်ပြီး အဲ့နှစ်ခု ပြန်ပေါင်းလိုက်ရင် Graphic Design ကိုကောင်းကောင်း ရှင်းသွားပါလိမ့်မယ်။

 

featured graphic 

 

Graphic

Graphic ဆိုတာ မိမိတို့ နေ့စဉ်မြင်မြင်သမျှ အရာအားလုံးဟာ Graphic တွေပါပဲ။ Art လို့ခေါ်တဲ့ အနုပညာတွေ၊ Imagination လို့ခေါ်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ Expression လို့ခေါ်တဲ့ ခံစားမှုတွေ ရှိရှိသမျှ အကုန်ပါပါတယ်။
ထိုင်ခုံတွေ၊ စာအုပ်တွေ၊ စိတ်ကူးထဲက ရေကန်လေးတွေ၊ နန်းတော်တွေ စတဲ့ mediums တွေ အကုန်ပါဝင်ပါတယ်။ ဒါတွေ အကုန်လုံး လိုက်ပြောနေမယ်ဆိုရင် အရမ်းယျေဘူရ ကျနေမယ်။ အပေါ်မှာပြောခဲ့သလို Graphic ဆိုတာ ကျတော်တို့ အာရုံတွေမျက်စိတွေမှာ မြင်နေရတဲ့ဟာတွေဆိုရင် သူကို Visual လို့လဲခေါ်လို့ရပါတယ်။

Graphic မှာ အခြေခံအကျဆုံး Visual elements (or) Graphic Elements (၇) မျိုးရှိပါတယ်။ Line, Color, Shape, Texture, Space, Form, Typography ဆိုတာတွေပါ။

စိတ်ကူးထဲမှာဖြစ်ဖြစ် တစ်ကယ့်မျက်စိမှာဖြစ်ဖြစ် မြင်မြင်သမျှမှာ Line (မျဉ်း) ဆိုတာ ပါပါတယ်။ အရာအားလုံးကို Line (သို့) မျဉ်းတွေနဲ့ပါဝင်ဖွဲ့စည်းထားပါတယ်။ စိတ်ကူးထဲမှာ မီးခိုးငွေ့လို့ စဉ်းစားလိုက်ရင်တောင် အဲ့ မီးခိုးမှာ မျဉ်းကွေးတွေ ပါနေပါတယ်။

နောက် (Color) ဒါကတော့ရှင်းပါတယ်။ ဘယ်အရာမှာပဲဖြစ်ဖြစ် အရောင်ဆိုတာ ပါစမြဲပါ။ Black & White ဆိုရင်တောင် အရောင်ပါနေတာပါပဲ။

Shape ပုံသဏ္ဍာန် တစ်ခုမဟုတ် တစ်ခုလည်း ပါဝင်နေပါတယ်။

Texture လူမှာဆိုလဲ လူ့အရေပြား texture ၊ သစ်သားမှာလဲ သစ်သား texture စသည်ဖြင့် မျက်နှာပြင်တို့ရဲ့ အနေအထားလဲ ပါကိုပါပါတယ်။

နောက် Space ဆိုတဲ့ တစ်ခုနဲ့တစ်ခုကြားက အကွာအဝေး ဒါမှမဟုတ် ဟာကွက်။ စိတ်ထဲမှာ ရည်းစားကို စဉ်းစားလိုက်ရင်တောင် သူနဲ့ကြားက နေရာအကွာအဝေး ဒါမှာမဟုတ် ဟာကွက်နေရာက အော်တိုပါပြီးသားပါ။

ဒီနေရာမှာ form ဆိုတာကို ထုထည်လို့ပြောလို့ရပါတယ်။

နောက်ဆုံး တစ်ခုကတော့ Typography ဒါကတော့ နေ့စဉ်မြင်နေရတဲ့ စာလုံးပုံစံတွေပါ။

ဒါကတော့ Graphic မှာပါတဲ့ အခြေခံအကျဆုံး Graphic Elements (or) Visual Elements အကြောင်း လေးတွေပါ။

 

The Value of Design 

 

Design

ဒီဇိုင်းဆိုတာက တစ်စုံတစ်ခု မဖန်တီးမပြုလုပ်ခင် အဲ့အရာရဲ့ အမြင်နဲ့ လုပ်ဆောင်ချက်တွေ အတွက်စဉ်းစားဆုံးဖြတ် လုပ်ကိုင်ရတာမျိုးပါ။ ဒီဇိုင်းဆိုတာထဲမှာ Creative Thinking တွေ၊ Problem solving တွေ၊ လက်တွေ့ကျကျ လုပ်ဆောင်ချက်တွေ အစရှိတာတွေ ပါဝင်ပါတယ်။

Design မှာလဲ အခြေခံအကျဆုံး Design rules (or) Principle of Design (၈) မျိုးရှိပါတယ်။ Contrast, Hierarchy, Alignment, Balance, Proximity, Repetition, Simplicity, Function ဆိုတာတွေပါဝင်ပါတယ်။

Contrast ဆိုတာ မြင်သာတဲ့ခြားနားချက် လို့ခေါ်ကြပါစို့။

Hierarchy အစဉ်လိုက်ဖြစ်ခြင်း။

Alignment တန်းညှိခြင်း (သို့) ဖြောင့်တန်းမှု။ နှစ်ဖက်ညီမျှမှု ။

Proximity ကပ်လျှက်(သို့) ထိစပ်တည်ရှိမှု။

Repetition ထပ်တစ်လဲလဲဖြစ်မှု။

Simplicity ရိုးရှင်းမှု။

Function လိုအပ်သည့် လုပ်ဆောင်ချက်များ။ ဆိုပြီး Design rules (or) Principle of Design (၈) မျိုးရှိတယ်။

 

အပေါ်က Visual elements (or) Graphic Elements (၇) မျိုးရယ်၊ Design rules (or) Principle of Design (၈) မျိုးရယ်ကို ပေါင်းစပ်အသုံးချ လုပ်ဆောင်တာကို Graphic Design လို့ခေါ်ပါတယ်။ ဒီလောက်ဆိုရင် Graphic Design ဆိုတာ ဘာလဲလို့ မေးလာရင် ဖြေလို့ပါပြီ။ လှအောင်လုပ်တာ Graphic Design မဟုတ်ဘူး။ စိတ်ထဲက ဒီဇိုင်းတွေလုပ်တာ Graphic Design မဟုတ်ဘူး ဆိုပြီး Graphic Design ရဲ့ နက်နဲတဲ့ အဓိပ္ပါယ်တွေကို ပြောပြရင်း Graphic Design ရဲ့ တန်ဖိုးကို လူတွေနားလည်အောင် လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

 


#credit

Myanmar Advetising Directory


Read More...သင့်ရဲ့ page မှာ Like၊ Share တွေ များလာအောင် သိထားသင့်တဲ့ အချက် (၅) ချက်

Read times
Rate this item
(1 Vote)