-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေ အတွက် အသုံးဝင်မယ့် နည်းလမ်းများ

အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေ အတွက် အသုံးဝင်မယ့် နည်းလမ်းများ google

သင့်ရဲ့လုပ်ငန်း တိုးတက်ကောင်းမွန်ဖို့ Marketing ကလည်း အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် အသေးစားလုပ်ငန်းရှင်တွေ အတွက်တော့ ကိုယ်ခွဲမရှိတာကြောင့် marketing ပိုင်းမှာ လစ်ဟာနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် marketing ကို တိုးတက်စေမယ့် နည်းလမ်းပေါင်းများစွာထဲကမှ အသေးစားစီးပွားရေးလုပ်ငန်းတွေ အတွက် တကယ်အသုံးတည့်မယ့် နည်းလမ်း ၆မျိုးကိုဖော်ပြပေးလိုက်ပါတယ်။


၁။ ပြိုင်ဖက်တွေဆီက လေ့လာပါ

သင်နဲ့ စီးပွားတူပြိုင်ဖက်တွေဟာ သူတို့နယ်ပယ်မှာ ဘယ်လို စွမ်းဆောင်နေသလဲဆိုတာ လေ့လာပါ။ သူတို့ customer တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဆွဲဆောင်ကြသလဲ၊ ဒီနည်းလမ်းတွေထဲကမှ ဘယ်အရာက အလုပ်ဖြစ်ပြီး ဘယ်ဟာကတော့ အလုပ်မဖြစ်ဘူးလဲဆိုတာ လေ့လာပါ။ မိမိရဲ့ competitor တွေကို research လုပ်တဲ့ နေရာမှာ သူတို့ရဲ့ အရည်အသွေး၊ ဝန်ဆောင်မှု၊ အသွင်အပြင် စတဲ့ အချက်တွေကို လေ့လာပြီး မိမိရဲ့ လုပ်ငန်းနဲ့ ဘယ်လို ကွဲပြားခြားနားသလဲဆိုတာ နားလည်ပါစေ။ research လုပ်ထားတဲ့ အချက်အလက်တွေကိုလည်း သေချာစာရင်းပြုစုထားပါ။ ဥပမာ competitor တွေနဲ့ ယှဉ်ရင် မိမိရဲ့ အားသာချက် အားနည်းချက်တွေကို မှတ်သားထားသလိုပေါ့။


၂။ Social Media ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချပါ

ဥပမာ သင်ဟာ ရန်ကုန်မြို့အတွင်းမှာ စားသောက်ဆိုင်ဖွင့်ထားတယ် ဆိုပါစို့။ သင့်ရဲ့ customer တွေဟာ နယ်ခံတွေသာ ဖြစ်မှာမို့လို့ သင့်အနေနဲ့ online မှာ ရှိနေစရာ မလိုဘူးလို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် သင်သာ customer အသစ်တွေကို ဆွဲဆောင်ချင်တယ် ဆိုရင်တော့ online မှာ အမြဲ မြင်သာထင်သာ ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် Google, Facebook, LinkedIn, Instagram စတဲ့ social platform တော်တော်များများမှာ မိမိရဲ့လုပ်ငန်းကို ရှာဖွေရလွယ်ကူပါစေ။ သင့်ရဲ့ ပြိုင်ဖက်တွေကို online မှာ ဘယ်လို keyword တွေသုံးပြီး ရှာနိုင်သလဲ၊ သူတို့ကတော့ ဘယ်သူတွေကို target ထား ကြော်ငြာသလဲ၊ ဘယ်လို social media platform တွေကို သုံးသလဲ၊ ဘယ်လို content တွေကို share နေကြသလဲဆိုတာ လေ့လာပါ။


၃။ Customer review တွေနဲ့ testimonials တွေကို စုဆောင်းပါ

သင့်ရဲ့ online ပေါ်မှာ ရပ်တည်မှုအတွက် နောက်ထပ်အရေးကြီးတဲ့ အရာကတော့ customer တွေရဲ့ review ပါ။ လေ့လာချက်တွေအရ စားသုံးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အနည်းဆုံး 4 star rating ရှိတဲ့ လုပ်ငန်းကိုသာ ရွေးချယ်ကြတာပါ။ ဒါကြောင့် မိမိရဲ့ customer တွေဆီ တိုက်ရိုက်ရောက်နိုင်မယ့် social media platform တွေကနေပဲဖြစ်ဖြစ် လူချင်းတွေ့ပြီးတော့ပဲဖြစ်ဖြစ် သင့်လျော်ရာ social media platform မှာ review တွေ ချန်ထားပေးခဲ့ဖို့ တောင်းဆိုသင့်ပါတယ်။ ဘယ်သူမဆို ကောင်းတဲ့ review ကိုသာ ရချင်မှာ ဆိုပေမယ့် negative review တွေကိုလည်း ကြိုဆိုလက်ခံမှသာ သင့်ရဲ့လုပ်ငန်းတိုးတက်ဖို့ ဘာတွေပြင်ဆင်သင့်သလဲ ဆိုတာသိလာမှာပဲဖြစ်ပါတယ်။

Startup လုပ်​ငန်း​ရှင်တွေ သိထားသင့်တဲ့အချက် (၅)ချက်


၎။ သတင်းစာ၊ ဂျာနယ်တွေအပြင် တခြား media တွေကိုလည်း အသုံးချပါ

လုပ်ငန်းအသေးစားလေးတွေမှာလည်း စိတ်လှုပ်ရှားစရာ အကြောင်းအရာ အဖြစ်အပျက်ကလေးတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းဖော်ပြပေးနိုင်မယ့် story လေးတွေ ဖန်တီးရင်း တခြား media တွေမှာပါ ဖော်ပြပေးပါ။ ဒါ့အပြင် သင့်ရဲ့ product တချို့ကိုလည်း sample အနေနဲ့ သတင်းထောက်တွေ၊ ဂျာနယ်လစ်တွေဆီပို့ပေးရင်း အခွင့်သင့်ရင်သင့်သလို ရေးသားပေးဖို့ တောင်းဆိုနိုင်ပါသေးတယ်။အရေးအကြီးဆုံးကတော့ သတင်းထောက်တွေ ဂျာနယ်လစ်တွေနဲ့ connection ကောင်းကောင်းတည်ဆောက်ထားဖို့ပါပဲ။


၅။ customer တွေကို စိတ်ကျေနပ်မှုပေးပါ

marketing ဆိုတာ သင်ကိုယ်တိုင်ပဲ လုပ်နေစရာမလိုပါဘူး။ သင့်ရဲ့ အကောင်းဆုံး customer တွေကိုသာ သင့်အတွက် ထောက်ခံကြေငြာပေးနိုင်တဲ့ သူတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါ။ word-of-month marketing ဟာ သာမန် marketing တွေထက် 10 ဆပိုပြီး အလုပ်ဖြစ်ပါတယ်။ ဒါဆိုရင် word-of-month marketing ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ။ customer အံ့အားသင့်သွားလောက်တဲ့အထိ သဘောကျမှုမျိုးပေးရပါမယ်။ ဒီလို ဝန်ဆောင်မှုကို ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို အသုံးချမယ်ဆိုရင် ဒီလူတွေဟာ သင့်ရဲ့ အမာခံဖောက်သည်ဖြစ်ရုံတင်မကဘဲ သင့်အတွက်ပါ ကြော်ငြာပေးနေကြဦးမှာပါ။


၆။ Email list ကို ဖန်တီးပါ

Email marketing ကလည်း customer တွေနဲ့ သင့်အကြား relationship ကို ကြာရှည်ထိန်းသိမ်းပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါ။ email marketing ကို အပြည့်အဝ အသုံးချတတ်ဖို့အတွက် ပြည့်စုံတဲ့ email list ကို ဖန်တီးဖို့ လိုအပ်ပါတယ်။ Customer တွေရဲ့ contact information ကို လဲလှယ်နိုင်လောက်တဲ့အထိ တန်တဲ့ offer တစ်ခု သင့်မှာရှိထားရပါမယ်။ ဥပမာ VIP loyalty program အတွက် sign up လုပ်ဖို့ ဒါမှမဟုတ် special discount တွေရဖို့အတွက် sign up လုပ်ဖို့ စသဖြင့်ပေါ့။ email list ကို ရပြီဆိုတာနဲ့ သင့်ရဲ့email marketing ဗျူဟာကို ဆွဲနိုင်ပါပြီ။ email marketing မှာ customer relationship တည်ဆောက်ဖို့ brand recognizing ရဖို့ အရောင်းမြှင့်ဖို့ စတဲ့ ရည်ရွယ်ချက် တွေပေါ် မူတည်ပြီး newsletter တွေ၊ သင့်ရဲ့ လုပ်ငန်းနယ်ပယ်က သတင်းတွေ၊ အသစ်ထွက်တဲ့ product တွေ စတဲ့ အကြောင်းအရာတွေကို ပေးပို့နိုင်ပါတယ်။


Source; MOE

Myanmar Advertising Directory

Read times
Rate this item
(1 Vote)