-->
×

Warning

JUser: :_load: Unable to load user with ID: 29


တိုးတက်လာတဲ့ စီးပွားရေးအတွက် တီထွင်မှုများ

ရည်ရွယ်ထားတဲ့ ဦးတည်မယ့် ဈးကွက်တစ်ခု ( Target Market ) ကို ရွေးချယ် ထိုးဖောက်နိုင်အောင် လုပ်ဆောင်လို့ရမယ့် တီထွင်မှု နည်းလမ်းများ ဖြစ်ပါတယ်။

Product (ထုတ်ကုန်)

ခေတ်ပြိုင်စီးပွားရေးမှာ အများထုတ်ကုန်တွေနဲ့ယှဉ်ပြိုင်ထိုးဖောက်ရတာမို့ ထုတ်ကုန်အမျိုးအမည် ၊ ထုတ်ကုန်အရည်အသွေး၊ ထုတ်ကုန် ပုံသဏ္ဍာန် ၊ ထုတ်ကုန်ရွေးချယ်နိုင်မှု ၊ ထုတ်ကုန် တံဆိပ်အမည် ၊ ထုတ်ကုန် ထုပ်ပိုးပုံစံ စတဲ့ အချက်ကိုလည်း သေချာ ဒီဇိုင်းလုပ်ပြီးမှ ဈေးကွက်ထိုးဖောက်ဖို့ အရေးကြီးပါတယ်။


Promotion (အရောင်းတိုးမြှင့်မှု)

လုပ်ငန်းကို ဖောက်သည်ဆီရောက်စေဖို့ နည်းလမ်းများအသုံးပြုပြီး ကြော်ငြာခြင်း ၊ မိတ်ဆက်ရောင်းချခြင်း ၊ အရောင်းအားတိုးမြှင့်ခြင်း ၊ လူမှုသို့ဆက်သွယ်ခြင်းစတဲ့ online ၊ offline နည်းလမ်းတွေကို သုံးပြီး ကိုယ်ရည်ရွယ်တဲ့ ဈေးကွက်သို့ရောက်အောင် တိုးမြှင့်ဆောင်ရွက်ခြင်း နည်းလမ်းကို အသုံးပြုရမှာ ဖြစ်ပါတယ်။

အသေးစားလုပ်ငန်းရှင်တွေအတွက် အသုံးဝင်မယ့် Marketing နည်လမ်းများ


Price (ဈေးနှုန်း)

ထုတ်ကုန် ၊ လုပ်ငန်း ၊ ဈေးကွက်အနေအထားများ အပေါ်သုံးသပ်ပြီး ဈေးနှုန်းသတ်မှတ်ချက်ဟာ အရေးကြီးပါတယ်။


Quotation ( ဈေးနှုန်းစုံစမ်းမှု)

Price List ဈေးနှုန်း-အနည်းအများ ၊ Discount လျှော့ဈေးသတ်မှတ်မှုများ ၊ Credit Terms အကြွေးပုံစံများ ၊ Payment Terms ပေးချေမှုပုံစံများ ၊ Profit အကျိုးအမြတ်စတဲ့ အချက်တွေကို တွက်ချက်ပြီး ဈေးကွက်ကို ထိုးဖောက်ဖို့လိုအပ်ပါတယ်။


Place ( ဈေးကွက်နေရာ )

အနီးစပ်ဆုံး ၊ လက်လှ မ်းမှီဆုံးသော လုပ်ငန်းများဟာ ဈေးကွက်ဝေစုပိုရမှာဖြစ်ပါတယ်။

မိမိလုပ်ငန်းဟာ Customer Convenience (ဖောက်သည်အဆင်ပြေမှု) ၊ Distribution (ဖြန့်ဝေမှုပုံစံများ) ၊ Channel (လမ်းကြောင်းအသုံးပြုမှုများ) ၊ Inventory (သိုလှောင်မှုတည်နေရာများ) ၊ Network ချိတ်ဆက်မှုပုံစံများ စတဲ့ ကိုယ့်ဘက်-သူ့ဘက် ဈေးကွက်နေရာကို အဆင်ပြေဆုံးဖြစ်အောင် နေရာချထားနိုင်ဖို့လည်း အရေးကြီးပါတယ်။

 

Positioning (နေရာချထားမှု)

ဈေးကွက်တစ်ခု ဖန်းတီးတော့မယ်ဆိုရင် အရေးကြီးဆုံးက ဈေးကွက်နေရာချတာ မှန်ဖို့ဖြစ်ပြီး ဈေးကွက်နေရာ ၊ ဈေးကွက် အဆင့်အတန်း ၊ ဈေးကွက်လုပ်ဆောင်ချက် စတဲ့အချက်များကို ဘက်စုံစဉ်းစားပြီး ရေးဆွဲမှုအပိုင်းများ စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

 

People (လူမှုဆိုင်ရာ) 

မိမိဈေးကွက်နှင့်ချိတ်ဆက်နေသော လူမှုပိုင်းဆိုင်ရာ Employees ၀န်ထမ်းအရည်အချင်း ၊ Management စီမံခန့်ခွဲမှု ၊ Strategy နည်းဗျူဟာပုံစံ ၊ Culture ဖောက်သည်ဓလေ့ထုံးစံ ၊ Technology နည်းပညာအသုံးပြုမှု Customer Service ၀န်ဆောင်ပေးမှုပုံစံများကိုလည်း မတူညီသော ဈေးကွက်လိုအပ်ချက်အလိုက် အလိုက်သင့်ပေါင်းစပ်ပြီး ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

 

Process (လုပ်ဆောင်မှုပုံစံ)

ဈေးကွက်လည်ပတ်နေမှုရဲ့ Servicing ၀န်ဆောင်မှုပုံစံများ ၊ Enquire Reply စုံစမ်းအကြောင်းပြန်ခြင်းများ ၊ R&D သုသေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ၊ Experience အတွေ့အကြုံရယူမှု နှင့် Innovation အလိုက်သင့် ဆန်းသစ်တီထွင်ပေးခြင်း စတဲ့အချက်များဖြင့် စီးပွားရေးအောင်မြင်ဖို့ရာ ဖန်တီးနိုင်မှာဖြစ်ပါတယ်။

Source: baganmart


Myanmar Advertising Directory

Read times
Rate this item
(1 Vote)