-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘယ်လို SME လုပ်ငန်းတွေက အမြတ်အများဆုံး ရရှိနေသလဲ

စာရင်းအင်းနဲ့ အခွန်ဆိုင်ရာ ၀န်ဆောင်မှု ဆောင်ရွက်ပေးတဲ့ လုပ်ငန်းတွေဟာ အသေးစားနှင့် အလတ်စား လုပ်ငန်းတွေထဲမှာ အမြတ်အများဆုံးလုပ်ငန်းများ ဖြစ်ပြီး ၁၈.၄ ရာခိုင်နှုန်း အသားတင်အမြတ် ရရှိပါတယ်။ 

အိမ်ခြံမြေ လုပ်ငန်းတွေဟာ ၁၅.၂ ရာခိုင်နှုန်း၊ ဥပဒေလုပ်ငန်းတွေဟာ ၁၄.၅ ရာခိုင်နှုန်းနဲ့ ဆေးခန်းတွေကတော့ ၁၃ ရာခိုင်နှုန်းအသားတင် အမြတ်ရရှိတယ်လို့ Sageworks မှာ ဖော်ပြထားပါတယ်။

ဒီ report ဟာ လုပ်ငန်းပေါင်း ၁၆၀၀၀ ကို လေ့လာထားတာဖြစ်ပြီး၊ သန်း၁၀ မီလီယံအောက် ၀င်ငွေရရှိတဲ့လုပ်ငန်းတွေကို သုသေသန ဆောင်ရွက်ထားတာပါ။ သာမန် အသေးစားလုပ်ငန်းတွေဟာ ၇.၂ ရာခိုင်နှုန်းပဲ အမြတ်ရရှိတာ ဖြစ်ပါတယ်။

ဘယ်လိုကြော်ငြာနည်းနဲ့ ၀ယ်သူတွေကို အကောင်းဆုံး ဆွဲဆောင်မလဲ

ဒီလုပ်ငန်းတွေက ဘာကြောင့် လုပ်ငန်းတော်တော်များများထက် အမြတ်ဝင်ငွေပိုများတာလဲ ဆိုတော့ ၀န်ထမ်း အရည်အချင်းနဲ့ အဓိကလုပ်ဆောင်တဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက်ပါ။

ဝန်ဆောင်မှုလုပ်ငန်းတွေဟာ အသေးစားလုပ်ငန်းတွေထဲမှာ အလွန် အမြတ်ငွေရရှိတဲ့လုပ်ငန်းတွေ ဖြစ်ကြပါတယ်။ အဓိကအားဖြင့် စရိတ်နည်းပြီး၊ စတင်တည်ထောင်ဖို့ အတွက် အသုံးစရိတ်နည်းလို့ပါပဲ။

အမြတ်ငွေဆိုတာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ စဉ်းစားသင့်တဲ့ အချက်တစ်ခုတည်း မဟုတ်ပါဘူး။ အခြားအချက်တွေကတော့ သူ့ရဲု့အရည်အချင်းနဲ့ ကိုက်ညီမှုရှိလား၊ ဘယ်လိုလိုင်စင်မျိုး ဆောင်ရွက်သင့်လဲ၊ ဘယ်လို Training တွေလိုအပ်လဲ၊ စီးပွားရေး ပျက်ကပ်စိုက်တဲ့အခါမှာ ဘယ်လိုအခြေအနေဖြစ်နိုင်လဲ စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Source : Entrepreneur

Myanmar Advertising Directory

Read times
Rate this item
(1 Vote)