-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းအမျိုးအစားလိုက် သင့်တော်တဲ့နေရာရွေးချယ်နိုင်ဖို့်ဆိုရင်

သင့်လုပ်ငန်းအမျိုးအစားလိုက် သင့်တော်တဲ့နေရာရွေးချယ်နိုင်ဖို့်ဆိုရင် Google

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်တာ့မယ်ဆိုရင် ကိုယ့်လုပ်ငန်းတည်ထောင်မယ့် နေရာရွေးချယ်ဖို့ကလည်း အဓိကကျတဲ့အချက်ဖြစ်ပါတယ်။

နေရာရွေးချယ်တဲ့အခါ လုပ်ငန်းအမျိုးအစား နဲ့ ဈေးကွက်ဧရိယာ အပေါ်မူတည်ပါတယ်။ ဥပမာ- ကိုယ်လုပ်ချင်တာက ကော်ဖီဆိုင်၊ Mini Mart ဆိုရင် အဲဒီလုပ်ငန်းနဲ့ သင့်တော်တဲ့ နေရာမျိုးကို ရွေးချယ်ဖို့လိုပါတယ်၊ J Donut တို့လို Moon Barky တို့လို ကော်ဖီဆိုင်မျိုးဆိုရင် ကိုယ်စတင်တဲ့အခါ လူငယ်တွေရှိတဲ့နယ်မြေမျိုးကို ရွေးသင့်ပါတယ်။

ဒါပေမယ့် လှည်းတန်းလိုနေရာမျိုးမှာ လုပ်မယ်ဆိုရင် နေရာအနေအထားကတော့ သင့်တော်ပါတယ်။ ဈေးကွက်ဧရိယာက အဲဒီအနားပဲလား နောက်ထပ် ဆိုင်ခွဲတွေထပ်ဖွင့်မှာလားဆိုတဲ့အချက်ကို နည်နည်းစဉ်းစားရပါမယ်။ တစ်ကယ်လို့ တစ်မြို့လုံးကို ရည်ရွယ်ထားတယ်ဆိုရင်လည်း လှည်းတန်းလိုနေရာမျိုးကစမှာလား ကိုယ့်မိတ်ရှိတဲ့နေရာမျိုးက စမှာလား ဆိုတာ စဉ်းစားရပါမယ်။ Customer ရှိလွယ်တဲ့နေရာမှာစရင် တဆက်တည်းမှာ လက်ရှိဈေးကွက် ရှိပြီးသား ပြိုက်ဘက် ရှိနိုင်ပါတယ်။

နောက်တစ်ခုက နေရာရွေးတဲ့အခါ ဈေးကွက်ဧရိယာ၊ Customer စတာတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်သလို ကိုယ့်ရဲ့ ရင်းနှီးမြှပ်နှံမှုပမာဏကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါမယ်။ ရန်ကုန်မြို့ လက်ရှိအနေအထားအရ ၁၂ ပေ x ပေ ၅၀ လောက် အခန်းလေးတစ်ခန်းကို မြေညီထပ်ဆိုရင် အနည်းဆုံး ၂-သိန်းလောက်က စပါတယ်။ တစ်နှစ်စာ စာချုပ်ချုပ်ရင် ပွဲစားခ အပါအဝင် ၂၆-သိန်း စမြှပ်ရပါတော့မယ်။ ကိုယ့်ရဲ့ ငွေရင်းအရ သက်သာတဲ့နေရာကို ရွေးမယ်ဆိုရင်လည်း Customer ကို ထည့်သွင်းစဉ်းစားရပါ ဦးမယ်။ ရင်းနှီးမြှပ်နှံမှုတော့ နည်းပါရဲ့ Customer က နည်းမယ်ဆိုရင်လည်း ဝင်ငွေကနည်းမှာ ဖြစ်တဲ့အတွက် တော်တော်လေး ခေါင်းခြောက်ရပါတယ်။

သင့်လုပ်ငန်းရဲ့ Negative Information တွေ ပျံ့နှံ့လာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းများ

နောက်တစ်ခုက ကြိုတင်ပြင်ဆင်မှု အပိုင်းပါ ကြိုတင်ပြင်ဆင်တယ် ဆိုတာထက် Survey လုပ်စေချင်တာပါ။ ကိုယ်လုပ်မယ့် လုပ်ငန်းအမျိုးအစားနဲ့ နေရာရွေးချယ်ပြီးပြီ ဆိုရင် ကိုယ့်ရဲ့ ဈေးကွက်ဧရိယာထဲမှာဖြစ်စေ၊ ဈေးကွက် ဧရိယာပြင်ပမှာ ဖြစ်စေ အနည်းဆုံး (၁) လလောက် ကြိုတင် Survey လုပ်ပါ။ ဈေးကွက်ဧရိယာထဲမှာ အမျိုးအစားတူ ပြိုင်ဘက် ရှိရင် သူ့ကို ဦးစားပေးလေ့လာပါ။ တကယ်လို့ ကိုယ့်ဈေးကွက် ဧရိယာထဲမှာ အမျိုးအစားတူလုပ်ငန်း မရှိရင် အခြားနေရာက နာမည်ရပြီးသာ လုပ်ငန်းကို လေ့လာပါ။

၁။ တစ်နေ့ပျမ်းမျှ လူအဝင်အထွက် ဘယ်လောက်များပြီး ရောင်းအား ခန့်မှန်း ဘယ်လောက် ရှိနိုင်လဲ

၂။ ဘယ်အမျိုးအစားက ရောင်းအားပိုကောင်းလဲ (ဥပမာ - ကော်ဖီဆိုင်ဆိုရင်လည်း မုန့်လား ကော်ဖီလား၊ Mini Mart ဆိုရင်လည်း ဘာက ရောင်းအားကောင်းလဲ)

၃။ ဘာကြောင့် အဲဒီအမျိုးအစားက ရောင်းအားကောင်းလဲ (ပစ္စည်းကောင်းလို့လား၊ ဈေးသက်သာ လို့လား စသည်ဖြင့်)

၎။ တစ်နေ့တာမှာ ဘယ်အချိန်တွေမှာ လူအဝင်အထွက် များလဲ

၅။ ဘာကြောင့် လူအဝင်အထွက်များလဲ /လူကျလဲ

အဲဒီပတ်ဝန်းကျင်မှာ နေ့တိုင်းသွားပြီး အထက်မှာ ပြောတဲ့ အချက်အလက်တွေကို ရနိုင်သမျှရအောင် စုဆောင်ပြီးမှ ကိုယ့်ရဲ့ လုပ်ငန်းအတွက် အစီအစဉ်ချပါ။

Source; အောင်ကိုဦး (UMK)

Myanmar Advertising Directory

Read times
Rate this item
(0 votes)