-->
×

Warning

JUser: :_load: Unable to load user with ID: 29


ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပြီး အမြတ်အများကြီးရနေတဲ့ ကမ္ဘာကျော် Brand များ

ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပြီး အမြတ်အများကြီးရနေတဲ့ ကမ္ဘာကျော်  Brand များ Google

ကမ္ဘာကျော် Brandတွေနဲ့ပတ်သက်ရင် ပြောကြတာက အရည်အသွေးကောင်းလို့ ဈေးကြီးတာ၊ အရင်းအနှီးကြီးကြီးနဲ့ သေချာထုတ်လုပ်ထားလို့ အခုလိုဈေးကြီးပေးဝယ်ရတာ ဆိုတဲ့စကားပါပဲ။

အဲဒီစကားက ရာစုနှစ်ပေါင်းများစွာအ မှန်တရားဆိုတဲ့ ခေါင်းစဉ်အောက်မှာနေရာယူခဲ့ပြီးတော့ အခုအချိန်ထိလည်းနေရာယူဆဲဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာကျော် Brandတွေကိုယ်တိုင် ထုတ်ဖော်ပြောထားတဲ့အချက်တွေကို အခြေခံပြီး လေ့လာသုံးသပ်တဲ့အခါ အထက်တန်းစား လူဂုဏ်ထံတွေသာအသုံးပြုနိုင်တဲ့ ကမ္ဘာ့ဈေးကြီး Branded ပစ္စည်းတွေရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် ဟာ သူတို့သတ်မှတ်တဲ့ ရောင်းဈေးထက် အများကြီးသက်သာနေတာကိုတွေ့ရပါတယ်။ အဲဒါအပြင် အကျိုး အမြတ်အားဖြင့် အမြတ်ရာခိုင်နှုန်း ၃၀ရာခိုင်နှုန်းကနေ စတင်အမြတ်ရနေတာဖြစ် တယ်လို့သိရပါတယ်။ ဘယ် Brand တွေကဘယ်လို ဈေးသက်သာပြီး ဘယ်လောက်အမြတ်ယူထားလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


Louis Vuitton

ကမ္ဘာကျော် အမှတ်တံဆိပ်တွေထဲမှာ Louis Vuitton (LV) တံဆိပ်ဆိုရင် အကောင်းစားမှကြိုက်တယ် ဆိုသူတွေမော်မော်ကြွားကြွားလေ ရှိုးထုတ်ချင်သူတွေ ကိုင်ချင်သုံးချင်တဲ့အမှတ်တံဆိပ်လို့ဆိုရမှာပါ။ ဒါပေမယ်၂၀၀၀ခုနှစ် နယူးယောက်တိုင်းမ် မဂ္ဂဇင်းရဲ့ လေ့လာတွေ့ရှိချက်အရ LV အမှတ်တံဆိပ် အိတ်တွေဟာသူတို့သတ်မှတ်ရောင်းချနေတဲ့ တန်ဖိုးထက် ဒေါ်လာရာနဲ့ချီ ဈေးပေါနေတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဒါကိုအခိုင်အမာငြင်းဆိုထားပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလည်း အတိအကျပြောနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲ့ဒါအပြင် Forbes မဂ္ဂဇင်းရဲ့ တွက်ချက်မှုမှာလည်း ကမ္ဘာ့မြောက်ခြမ်းကိုတင်ပို့နေတဲ့ LV ပစ္စည်းတွေရဲ့ ပျမ်းမျှအမြတ်ငွေဟာ ၃၀ရာခိုင်နှုန်းအထိ အမြတ်ရရှိနေပြီး ဒီအမြတ်ရာခိုင်နှုန်းရဲ့တန်ဖိုးဟာဒေါ်လာ ၂၈ဒသမ၈ဘီလီယံအထိ ရှိနေတယ်လို့ ဆိုပါတယ်။


Montblanc

ကမ္ဘာကျော်အမှတ်တံဆိပ်တွေထဲမှာ စာရေးကိရိယာတွေလည်းပါဝင်ပါတယ်။ အဲဒီအထဲက Montblanc ဆိုတဲ့အမှတ်တံဆိပ် ဖောင်တိန်တွေဟာ လက်ရေးလှရေးဖို့ လူတွေရဲ့အားထုတ်မှုနေရာမှာ အလွယ်တကူပဲနေရာယူနိုင်ခဲ့ပါတယ်။ အဆင့်မြင့်တဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားလို့ အနုပညာလက်ရာမြောက်တဲ့စာလုံးတွေကို အပမ်းမကြီးဘဲ ရေးခြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီဖောင်တိန်ကို ဒေါ်လာရာချီပေးဝယ်ပြီး တန်ဖိုးကြီး မင်ရည်စက်တွေကို အနှမြောမရှိ စာရွက်ပေါ်မှာရေးချနေကြပါတယ်။ ဒါပေမယ့် ဒီဖောင်တိန်တွေဟာ သင်ထင်ထားသလို ခက်ခက်ခဲခဲထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ လူတွေရဲ့ ဇိမ်ခံတတ်တဲ့အလိုဆန္ဒတွေကြောင့် တန်ဖိုးမြင့်အမှတ်တံဆိပ်အဖြစ် တွန်းတင်ခံရပြီး ထုတ်လုပ်မှုကုန်ကျစရိတ်သက်သက်သာသာနဲ့ အမြတ်ရာခိုင်နှုန်းများစွာကို အလွယ်တကူ ပဲရနေတာပါ။

ကုန်ပစ္စည်း Post တွေတင်တဲ့အခါ Creators Link ပါ ချိတ်ဆက်နိုင်တော့မယ့် Instagram
Coach

ကမ္ဘာကျော်အမှတ်တံဆိပ်တွေထဲမှာ Coach တံဆိပ်အိတ်တွေကလည်း ကမ္ဘာ့ဖက်ရှင်လောကမှာ ခြေကုပ်ယူထားနိုင်တဲ့အထိ နာမည်ကြီးပါတယ်။ သူ့အိတ်တွေက ခန့်ငြားတယ်၊ ဈေးကြီးတယ်၊ ကျက်သရေရှိတယ် ဒီလိုဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့အတွက် သတ်မှတ်တဲ့ဈေးနှုန်းကို အနှမြောမရှိတိုးပြီး ဝယ်နေကြတာပါပဲ။ Coachဟာ လက်ရှိရောင်းနေတဲ့ ဈေးကိုပဲ ထပ်မြှင့်ဖို့ကြိုးစားခဲ့ပေမယ့် သူတို့မှားသွားပြီဆိုတာကိုသိလိုက်တဲ့အချိန်မှာ အွန်လိုင်းဈေးကွက်အတွက် အထူးလျှော့ဈေးတွေနဲ့ ဈေးကွက်ကိုပြန်ထိန်းခဲ့ပါတယ်။ ဈေးကွက်ကျွမ်းကျင်သူ တွေရဲ့သုံးသပ်ချက်အရ Coach ပစ္စည်းတွေဟာ ဈေးကြီးပေးရပေမယ့် ဖျက်ခနဲကြည့်လိုက်ရင်တောင် သိပ်ပြီးသတိမထားမိဘူး လို့ဆိုပါတယ်။


Rolex

နာမည်ကြီးအမှတ်တံဆိပ် နာရီတွေထဲမှာ Rolex ဆိုရင် High Fashion, High Class ကို ကိုယ်စားပြုတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါ့အပြင် အပြိုင် Brand တွေကိုလည်း ကောင်းကောင်းယှဉ်နိုင်ပြီး အချိန်မရွေးနေရာမရွေး ဝံ့ဝံ့ကြွားကြွားလေးထုတ်ကြည့်နိုင်တဲ့ Brand တစ်ခုဆိုလည်းမမှားပါဘူး။ ဒါပေမယ့် Rolex အပါအဝင် ကမ္ဘာတစ်ဝှမ်းက ဈေးကြီးပါတယ်ဆိုတဲ့ နာရီတွေဟာ သင်ထင်ထားသလောက် ထုတ်လုပ်မှုကုန်ကျစရိတ်မကြီးသလို ဈေးအလျှော့အတင်းလုပ်လို့ရတဲ့အထိကို ဈေးသက်သာတဲ့ အမှတ်တံဆိပ်တွေပဲဖြစ်ပါတယ်။

Source; Myanmaplatform
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)