-->
×

Warning

JUser: :_load: Unable to load user with ID: 29


Mariah Carey ရဲ႕အသံေၾကာင့္ Walkers ေၾကာ္ျငာ လူႀကိဳက္မ်ားေန

Walkers ေၾကာ္ျငာအသစ္မွာ ေပါ့စ္ ဂီတ ေတးသံရွင္ Mariah Carey ပါဝင္ထားပါတယ္။


ထိုေၾကာ္ျငာအသစ္ဟာ ၿဗိတိန္ အပိုင္ Walkers တံဆိပ္အာလူးေၾကာ္ ေၾကာ္ျငာျဖစ္ၿပီး Walkers မွေၾကာ္ျငာကိုခရစ္စမတ္ပြဲေတာ္ ရာသီနီးၿပီမို႔ Christmas Edition အျဖစ္အာလူးေၾကာ္ႏွစ္မ်ိဳးအသစ္ထပ္မံထြက္ရွိပါတယ္။ဒါေၾကာင့္ Mariah Carey ရဲ႕ ' All I want for christmas is you 'သီခ်င္း အသုံးျပဳကာေၾကာ္ျငာ႐ိုက္ကူးထားပါတယ္။

Mariah Carey ရဲ႕ အသက္က ၄၉ ႏွစ္ရွိၿပီျဖစ္ၿပီး ထို ' All I want for christmas is you ' သီခ်င္းဟာယခုဆို ၂၅ ႏွစ္ျပည့္ခဲ့ ၿပီပဲ ျဖစ္ပါတယ္။ဒါေၾကာင့္လဲ Mariah Carey ဟာ Walkers နဲ႔ ပူးေပါင္းၿပီး သူမရဲ႕ သီခ်င္းကို ပရိသတ္မ်ား ျပန္လည္ သတိရေစရန္ အလို႔ဌာ ဟာသဆန္ဆန္ ေၾကာ္ျငာ တစ္ခုဖန္တီးခဲ့တာပါ။

ဒီဇင္ဘာလဆို ခရစ္စမတ္ အခ်ိန္အခါ ရာသီေရာက္ၿပီမို႔1994 က Mariah Carey ရဲ႕ Merry Christmas album ထဲမွထိုသီခ်င္းကိုေၾကာ္ျငာ Theme အျဖစ္ Advertising Creative သမားက ျပန္လည္ထည့္သြင္းအသုံးျပဳထားပုံပါပဲ။

Mariah Carey အေနျဖင့္ ေၾကာ္ျငာကိစၥ ရပ္မ်ားအတြက္ Walkers ႏွင့္ ေဒၚလာ 300 မီလီယံစာခ်ဳပ္ခ်ဳပ္ထားၿပီးသားပါ သို႔ေပမဲ့ ဒီ Walkers ေၾကာ္ျငာအသစ္အတြက္ေဒၚလာ ၉ မီလီယံ ထပ္မံရရွိထားပါတယ္။

Walkers မွ ထိုေၾကာ္ျငာအတြက္ Campaign ေတြထပ္မံ႐ိုက္ကူးမယ္သိရွိရၿပီးရာသီပြဲေတာ္အလိုက္ ေၾကာ္ျငာ
မ်ားထပ္မံ႐ိုက္ကူးမယ္လို႔သိရွိရပါတယ္။

Walkers မွ ေၾကာ္ျငာ ေရးရာအႀကီးအကဲ ျဖစ္သူ Wayne Newton ရဲ႕ေျပာ
ၾကားခ်က္အရ ' ကြၽန္ေတာ္တို႔ ေၾကာ္ျငာသမားေတြဆိုတာ ေဈးကြက္ကို သိေနရမယ္ ၊ ဥတုရာသီ အလိုက္မ်က္စိပြင့္နားစြင့္ေနရာမယ္ ၊ အခုလဲ Christmas ဆိုေတာ့ လူအမ်ားသေဘာက်ေအာင္ Christmas ဆန္ဆန္ ႐ိုက္ကူးရတာ ေပါ့ဗ်ာ ၊လူတိုင္းရဲ႕ ခရစ္စမတ္ စိတ္ႏွလုံးကိုႏႈိးဆြျဖစ္သြားတာေပါ့ ' ဆိုကာေျပာၾကားသြားခဲ့ပါတယ္။

 

ေၾကာ္ျငာကို ႏွစ္ဆ အကုန္အက်ခံထားတဲ့ Mc Donald's

 

ၿပီးခဲ့တဲ့စေနေန႔က TV လိုင္းမ်ားမွာ ထုတ္လြင့္ ျပသခဲ့ၿပီး Walkers ရဲ႕ YouTube ခ်န္နယ္မွာက် ညဘက္ပိုင္းမွာ တင္ထားတာေတြ႕ရွိရပါတယ္။ထိုေၾကာ္ျငာေလးကို ပရိသတ္မ်ားက အားေပးမႈ႕က အံမခမ္းပါပဲတဲ့။

ဟာသဆန္ဆန္ ႐ိုက္ကူးထားတာမို႔မထင္မွတ္ထားတဲ့ ကေလးပရိသတ္အေတာ္ေတာ္မ်ားမ်ားပါ သေဘာက်တယ္လို႔
သိရပါတယ္။

Mariah Carey ရဲ႕ Walkers ေၾကာ္ျငာ အက်ဥ္းခ်ဳပ္ (Story Line)

Christmas အခ်ိန္အခါမွာ Mariah ဟာ သူမရဲ႕ ' All I want for christmas is you ' သီခ်င္း႐ိုက္ကြင္းမွာပါ။

Mariah ရဲ႕ စကားေျပာေလးနဲ႔ ' ကြၽန္မ ခရစ္စမတ္ ကိုခ်စ္တယ္ ,
                                        ခရစ္စမတ္က ေမွာ္ဆန္တဲ့ အခ်ိန္ေလးပဲ ,
                                        ေပးကမ္း မူ႔ေတြရဲ႕ အခ်ိန္ ,
                                        ဂ႐ုစိုက္ ၾကင္နာမူ႔ေတြရဲ႕အခ်ိန္ ,
                                        ေဝမွ်ျခင္းေတြရဲ႕ အခ်ိန္ ' ဆိုကာေျပာၾကားခဲ့ပါတယ္။

တစ္ထုတ္ထဲက်န္ေတာ့တဲ့ Walkers အာလူးေၾကာ္ထုတ္ေလးကိုေတာ့ သူမအေနနဲ႔ မမွ်ေဝႏိုင္ရွာပါဘူး။႐ိုက္ကူးေရး အဖြဲ႕ထဲက နတ္သူငယ္ ဝတ္စုံ ဆင္ျမန္းထားတဲ့ သ႐ုပ္ေဆာင္ ေကာင္ေလးနဲ႔ အၿပိဳင္လုရပါေတာ့တယ္။Mariah ဟာ High pitch သီဆိုျခင္းရဲ႕ ဘုရင္မမို႔ သူမ သီဆိုလိုက္စဥ္ အာလူးေၾကာ္ထုတ္က သူမ လက္ထဲေရာက္သြားပါတယ္။

ထိုမွ Mariah က Christmas အခ်ိန္မွအရာအားလုံးကိုေဝမွ်ရမယ္ဆိုကာ
အာလူးေၾကာ္တစ္ျပားကို နတ္သူငယ္ဝတ္စုံႏွင့္ေကာင္ေလးအား ေပးကမ္းလိုက္ပါတယ္။

ထိုနတ္သူငယ္ ဝတ္စုံနဲ႔ေကာင္ေလးဟာစားရကံမႀကဳံသူမို႔ သူ႔လက္ထဲေရာက္သည့္တိုင္သူမစားခဲ့ရပါဘူး ..........

ထိုအျခင္းအရာကို ေၾကာ္ျငာဖန္တီးသူက ဟာသဆန္ဆန္ ဖန္တီး႐ိုက္ကူးထားပါတယ္။
ဒီ Walkers ေၾကာ္ျငာေလးဟာ ေၾကာ္ျငာအသစ္ေတြထဲ အေမရိကား မွာ ေရပန္းအစားဆုံးပါတဲ့။

Unicode >>>

Walkers ကြော်ငြာအသစ်မှာ ပေါ့စ် ဂီတ တေးသံရှင် Mariah Carey ပါဝင်ထားပါတယ်။
ထိုကြော်ငြာအသစ်ဟာ ဗြိတိန် အပိုင် Walkers တံဆိပ်အာလူးကြော် ကြော်ငြာဖြစ်ပြီး Walkers မှကြော်ငြာကိုခရစ်စမတ်ပွဲတော် ရာသီနီးပြီမို့ Christmas Edition အဖြစ်အာလူးကြော်နှစ်မျိုးအသစ်ထပ်မံထွက်ရှိပါတယ်။ဒါကြောင့် Mariah Carey ရဲ့ ' All I want for christmas is you 'သီချင်း အသုံးပြုကာကြော်ငြာရိုက်ကူးထားပါတယ်။

Mariah Carey ရဲ့ အသက်က ၄၉ နှစ်ရှိပြီဖြစ်ပြီး ထို ' All I want for christmas is you ' သီချင်းဟာယခုဆို ၂၅ နှစ်ပြည့်ခဲ့ ပြီပဲ ဖြစ်ပါတယ်။ဒါကြောင့်လဲ Mariah Carey ဟာ Walkers နဲ့ ပူးပေါင်းပြီး သူမရဲ့ သီချင်းကို ပရိသတ်များ ပြန်လည် သတိရစေရန် အလို့ဌာ ဟာသဆန်ဆန် ကြော်ငြာ တစ်ခုဖန်တီးခဲ့တာပါ။

ဒီဇင်ဘာလဆို ခရစ်စမတ် အချိန်အခါ ရာသီရောက်ပြီမို့1994 က Mariah Carey ရဲ့ Merry Christmas album ထဲမှထိုသီချင်းကိုကြော်ငြာ Theme အဖြစ် Advertising Creative သမားက ပြန်လည်ထည့်သွင်းအသုံးပြုထားပုံပါပဲ။

Mariah Carey အနေဖြင့် ကြော်ငြာကိစ္စ ရပ်များအတွက် Walkers နှင့် ဒေါ်လာ 300 မီလီယံစာချုပ်ချုပ်ထားပြီးသားပါ သို့ပေမဲ့ ဒီ Walkers ကြော်ငြာအသစ်အတွက်ဒေါ်လာ ၉ မီလီယံ ထပ်မံရရှိထားပါတယ်။

Walkers မှ ထိုကြော်ငြာအတွက် Campaign တွေထပ်မံရိုက်ကူးမယ်သိရှိရပြီးရာသီပွဲတော်အလိုက် ကြော်ငြာ
များထပ်မံရိုက်ကူးမယ်လို့သိရှိရပါတယ်။

Walkers မှ ကြော်ငြာ ရေးရာအကြီးအကဲ ဖြစ်သူ Wayne Newton ရဲ့ပြော
ကြားချက်အရ ' ကျွန်တော်တို့ ကြော်ငြာသမားတွေဆိုတာ ဈေးကွက်ကို သိနေရမယ် ၊ ဥတုရာသီ အလိုက်မျက်စိပွင့်နားစွင့်နေရာမယ် ၊ အခုလဲ Christmas ဆိုတော့ လူအများသဘောကျအောင် Christmas ဆန်ဆန် ရိုက်ကူးရတာ ပေါ့ဗျာ ၊လူတိုင်းရဲ့ ခရစ်စမတ် စိတ်နှလုံးကိုနှိုးဆွဖြစ်သွားတာပေါ့ ' ဆိုကာပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က TV လိုင်းများမှာ ထုတ်လွင့် ပြသခဲ့ပြီး Walkers ရဲ့ YouTube ချန်နယ်မှာကျ ညဘက်ပိုင်းမှာ တင်ထားတာတွေ့ရှိရပါတယ်။ထိုကြော်ငြာလေးကို ပရိသတ်များက အားပေးမှု့က အံမခမ်းပါပဲတဲ့။

ဟာသဆန်ဆန် ရိုက်ကူးထားတာမို့မထင်မှတ်ထားတဲ့ ကလေးပရိသတ်အတော်တော်များများပါ သဘောကျတယ်လို့
သိရပါတယ်။

Mariah Carey ရဲ့ Walkers ကြော်ငြာ အကျဉ်းချုပ် (Story Line)

Christmas အချိန်အခါမှာ Mariah ဟာ သူမရဲ့ ' All I want for christmas is you ' သီချင်းရိုက်ကွင်းမှာပါ။

Mariah ရဲ့ စကားပြောလေးနဲ့ ' ကျွန်မ ခရစ်စမတ် ကိုချစ်တယ် ,
                                        ခရစ်စမတ်က မှော်ဆန်တဲ့ အချိန်လေးပဲ ,
                                        ပေးကမ်း မူ့တွေရဲ့ အချိန် ,
                                        ဂရုစိုက် ကြင်နာမူ့တွေရဲ့အချိန် ,
                                        ဝေမျှခြင်းတွေရဲ့ အချိန် ' ဆိုကာပြောကြားခဲ့ပါတယ်။

တစ်ထုတ်ထဲကျန်တော့တဲ့ Walkers အာလူးကြော်ထုတ်လေးကိုတော့ သူမအနေနဲ့ မမျှဝေနိုင်ရှာပါဘူး။ရိုက်ကူးရေး အဖွဲ့ထဲက နတ်သူငယ် ဝတ်စုံ ဆင်မြန်းထားတဲ့ သရုပ်ဆောင် ကောင်လေးနဲ့ အပြိုင်လုရပါတော့တယ်။Mariah ဟာ High pitch သီဆိုခြင်းရဲ့ ဘုရင်မမို့ သူမ သီဆိုလိုက်စဉ် အာလူးကြော်ထုတ်က သူမ လက်ထဲရောက်သွားပါတယ်။

ထိုမှ Mariah က Christmas အချိန်မှအရာအားလုံးကိုဝေမျှရမယ်ဆိုကာ
အာလူးကြော်တစ်ပြားကို နတ်သူငယ်ဝတ်စုံနှင့်ကောင်လေးအား ပေးကမ်းလိုက်ပါတယ်။

ထိုနတ်သူငယ် ဝတ်စုံနဲ့ကောင်လေးဟာစားရကံမကြုံသူမို့ သူ့လက်ထဲရောက်သည့်တိုင်သူမစားခဲ့ရပါဘူး ..........

ထိုအခြင်းအရာကို ကြော်ငြာဖန်တီးသူက ဟာသဆန်ဆန် ဖန်တီးရိုက်ကူးထားပါတယ်။
ဒီ Walkers ကြော်ငြာလေးဟာ ကြော်ငြာအသစ်တွေထဲ အမေရိကား မှာ ရေပန်းအစားဆုံးပါတဲ့။

Myanmar Advertising Directory

Read times
Rate this item
(0 votes)