-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာကြေးအမြှောက်အများ အသုံးပြုမည့် Michael Bloomberg

ကြော်ငြာကြေးအမြှောက်အများ အသုံးပြုမည့် Michael Bloomberg CNN








 

ယနေ့ကျင်းပ ပြုလုပ်သော How Marketing Is Changing In Myanmar ဟောပြောပွဲအကြောင်း

 









 

Unicode >>>

 

ယခင် နယူးရောဇ့်မြို့ရဲ့ မြို့တော်ဝန်ဖြစ်သူ Michael Bloomberg ဟာ နောက် နှစ်ပတ်ကျော်တွင် တီဗီကြော်ငြာ ပိုင်းဆိုင်ရာမှာ
အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၇ မီလီယံ အသုံးပြုသွားမည်ဟုသိရပါသည်။

Kantar Media/CMAG တို့၏ Data များအရ Michael Bloomberg ဟာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ယခုကဲ့သို့ တီဗီကြော်ငြာများဖြင့် မဲဆွယ်ရန်အကုန်ကျ ခံသည်ဟုသိရှိရပါသည်။

Michael Bloomberg ဟာ စက္ကန့် ၆၀ စာကြော်ငြာနေရာလေးတွေ နေရာ ၁၀၀ မှာ ဝယ်ယူထားပြီး ရှေ့အပတ်ကစတင်ကြော်ငြာမယ်သိရပါတယ်။

ဒီလို ကြော်ငြာကြေး အမြှောက်အများ Michael Bloomberg ထက်အသုံးပြုသူကတော့ စီးပွားရေး လုပ်ငန်းရှင်ဖြစ်သူ Tom Steyer ပါ။Tom Steyer ဟာ တီဗီကြော်ငြာများအတွက် ၆၃ မီလီယံသုံးစွဲထားတယ်သိရပါတယ်။

ယခုဆိုလျှင် Social Media တွေကလည်း နိုင်ငံရေးကြော်ငြာများကို ကန့်သတ်တာမို့ ၎င်းတို့အနေဖြင့် Billboard ထောင်ပြီး တီဗီကြော်ငြာထည့် ရုံပဲ ရှိတော့တာပါ။

Facebook ကတော့ အစကတည်းက နိုင်ငံရေးဆိုင်ရာကြော်ငြာများကို Ban ထားပြီးသားပါ။Facebook ရဲ့ rules မှာကိုက ban ထားကြောင်းပါပြီးထားတာတွေ့ရပါတယ်။

Facebook ရဲ့ ပဲ့ကိုင်ရှင် Mark Zuckerberg က သတင်းထောက်များညီလာခံတစ်ခုမှာ ' 'ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာရှိနေသမျှ , နိုင်ငံရေးသတင်းတွေ နဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေရှိ
နေသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး ' ဆိုကာ ပြောကြားသွားခဲ့ပြီးသားပါ။

Twitter ၏ CEO ဖြစ်သူ Jack Dorsey မှ ' Internet ပိုင်းဆိုင်ရာကြော်ငြာများနှင့် ပတ်သက်လို့ ယနေ့ ခေတ်မှာအရေးပါ အရာရောက်လာတာနှင့်အမျှ နိုင်ငံရေးရာ အပိုင်းမှာလဲ အကျိုးသက်ရောက်မူ့ရှိနိုင်သည် '
သူ၏ Twitter စာမျက်နှာတွင်ရေးသားထားသည်ကိုတွေ့ရသည်။

ထို့ပြင် Jack Dorsey သည် သူ၏ Twitter စာမျက်နှာ ပေါ်တွင် ' ကျွန်တော်တို့ Twitter ပေါ် က နိုင်ငံရေးနှင့် သက်ဆိုင်သော ကြော်ငြာများကို ကမ္ဘာနှင့်တစ်ဝှမ်းဖယ်ရှားဖို့ဆုံးဖြတ်ချက်ချလိုက်ပြီပဲ ဖြစ်ပါတယ်၊
ဘာကြောင့် ဆုံးဖြတ်ချက်ချလိုက်တာလဲဆိုရင်တော့ အကြောင်းပြချက်လေး အချို့တလေ ကြောင့်ပါ ' ဟုဆိုကာ သူ့ရဲ့ Twitter စာမျက်နှာပေါ်တွင် ထပ်မံရေးသားခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ဖြစ်တဲ့ America's political camps ရဲ့ တချို့သတင်းကြော်ငြာများမှာလဲ Ban ခံရတယ်လို့သိရပါတယ်။

တကယ်တန်းမှာ နိုင်ငံရေးနဲ့ သက်ဆိုင်သော ကြော်ငြာများ ကြောင့် အမုန်းစကားတွေ ပျံပွားစေသော ကိစ္စ ကြောင့်လည်းပါဝင်မယ်သိရပါတယ်။

Twitter မှနိုင်ငံရေးဆိုင်ရာကြော်ငြာများကို အဓိက ဖယ်ရှားရခြင်းအကြောင်းအရာကတော့ ထိုကြော်ငြာများဟာ မဲပေးခြင်းကို လွမ်းမိုးသွားမှာဆိုးလို့ပါတဲ့။

နိုင်ငံရေး TV ကြော်ငြာ များကို ယခုကဲ့သို့ TV ads , လက်ကမ်းစာစောင် , Billboard စသည်တို့ တွင် အများအပြားတွေ့ရှိလာရမယ်လို့ခန့်မှန်းကြပါတယ်။

အမေရိကန်တွင်ရှိတဲ့ ချမ်းသာတဲ့ လူတစ်ချို့ဟာ အခြား အရာများပြုလုပ်နေရတာကို ၎င်းတို့ အနေနှင့် ရိုးသွားကြပါပြီ ဒါကြောင့် ငွေ ဖြင့်ကြော်ငြာအားသုံးကာ

၎င်းတို့ကို အားပေးထောက်ခံသူများများရအောင်လုပ်ဆောင်နေကြတာဖြစ်တယ်လို့ အမေရိကန် လူမျိုးတစ်ဦးမှ ပြောကြားထားတာတွေ့ရပါတယ်။

 

Myanmar Advertising Directory

 

Source from CNN

Read times
Rate this item
(0 votes)