-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာပိုင်းဆိုင်ရာ ဝန်ထမ်းများ လစားများတိုးရဖွယ်ရှိ

ကြော်ငြာပိုင်းဆိုင်ရာ ဝန်ထမ်းများ လစားများတိုးရဖွယ်ရှိ Google





 


 






 

Unicode >>> 

 

နယူးဇီလန် နှင့် သြစတေးလျတွင် ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာလုပ်ကိုင်သော ဝန်ထမ်းများကို၎င်းတို့၏ရာထူးနေရာများအရ လစာတိုးပေးမည်ဖြစ်ကြောင်းသိရှိရပါတယ်။

တကယ့်နာမည်ကြီး ကြော်ငြာ အေဂျင်စီကြီးတွင် ဝန်ထမ်းများ၏ အရည်အချင်း ၊ အလုပ်လုပ်ရာနေရာ ဌာန ၊ ကျား\ မ ၊ အလုပ်တွင်အလုပ်လုပ်သော ကြာချိန်နှင့် အတွေ့အကြုံ စသည်တို့ကိုစာရင်းကောက်နေပြီ သိရှိရသည်။

ဘာကြောင့်လစာများတိုးပေးရသလဲဆိုလျှင် ကြော်ငြာလုပ်ငန်းတွင် လုပ်ကိုင်မည့် အလုပ်သမား စိတ်ပါဝင်စားသူနည်းပါးလွန်းတာကြောင့်ဟုသိရပါတယ်။ကြော်ငြာ လုပ်ငန်းဟာ အနုပညာ၊စိတ်ကူး စိတ်သန်းနှင့်
နည်းပညာ ပေါင်းစပ် လုပ်ကိုင်ရတာကြောင့် လူငယ်များအနေဖြင့် စိတ်ဝင်စားမှု့နည်းပါးနေတယ်သိရပါတယ်။

Adverttising Agency များတွင်အလုပ်လျှောက်လွှာများက ၁၀၀ မှာ ၈၀ လောက်က လုပ်ငန်းစု၏ အုပ်ချုပ်ရေးနှင့် အခြား အလုပ်နေရာများကိုသာ စိတ်ဝင်စားနေတယ်သိရပါတယ်။

ကြော်ငြာပိုင်းဆိုင်ရာအမှန်တကယ်လိုအပ် လစ်လပ်နေသောနေရာများမှာ နည်းပညာ ဆိုင်ရာ ဒါရိုက်တာ ၊ အကြီးတန်း ကြော်ငြာစာ ရေးသားသူ ၊ အကြီးတန်း အနုပညာဆိုင်ရာ ဒါရိုက်တာ နှင့် တီထွင်ဖန်တီးမူ့ဆိုင်ရာဒါရိုက်တာ

စသည့်နေရာများတွင် အလုပ်လျှောက်သူနည်းပါးနေတယ်သိရပါတယ်။

 

Burberry ကြော်ငြာ Campaign အကြောင်းသိကောင်းစရာ

 

ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာ အကြီးစားဒါရိုက်တာဖြစ်သူ အောခ်က်လန်းမှ အမျိုးသမီးတစ်ဦးကို အိမ်တွင် အလုပ်လုပ်နေရူံဖြင့် တစ်နှစ်လျှင် လစာ ဒေါ်လာ ၃ သိန်းပေးထားတယ်သိရပြီးကြော်ငြာပိုင်းဆိုင်ရာ သာမန်

လုပ်သားတစ်ဦး၏ လစာမှာ တစ်နှစ်လျှင်ဒေါ်လာ ၉ သောင်း ၈ ထောင် ရရှိကာ ကြော်ငြာစာတန်းမှတ်ပေးသော လူငယ်တစ်ဦး၏ လစာမှာ တစ်နှစ်လျှင်ဒေါ်လာ ၄ သောင်း ၅ ထောင် ရရှိတယ်သိရပါတယ်။

လူငယ်များအနေဖြင့် ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာနေရာများတွင်လဲ လုပ်ကိုင် သင့်ကြောင်း လစာများမှာလဲ အခြားလုပ်ငန်းများနည်းတူရရှိကြောင်းအသိပေးရင်းနိဂုံးချုပ်အပ်ပါသည်။

 

Myanmar Advertising Directory 

 

Source from Ads Age

Read times
Rate this item
(0 votes)