-->
Brand နေရာယူခြင်း
Brand နေရာယူခြင်း Google
ကုမ္ပဏီတို့အနေဖြင့် ကုန်ထုတ်လုပ်မှုအပိုင်း တွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်ကြသော် လည်း မိမိကုန်စည်ရောင်းချရာ ပြည်တွင်းပြည်ပ ဈေးကွက်များတွင် အမှတ်တံဆိပ်ထူထောင်ရန် အတွက် ကုန်ကျစရိတ်ကို ချွေတာသုံးစွဲကြသည်။
ထိုသို့ ဖြစ်ရသည်မှာ ကုန်ရကျိုးမနပ်ဟု ယူဆခြင်းနှင့် အများက ကိုးစားယုံကြည်သည့် အမှတ်တံဆိပ် အဖြစ်သို့ ရောက်ရှိရန် အချိန်ကြာမြင့်စွာ ရယူရခြင်း တို့ကြောင့် ဖြစ်သည်။ တိုယိုတာ၊ ဆိုနီ၊ ဆမ်ဆောင်း အစရှိသည့် အမှတ်တံဆိပ်တို့သည် ကမ္ဘာလူသုံးကုန် အမှတ်တံဆိပ်အဖြစ်သို့ ရောက်ရှိအောင် ဆယ်စုနှစ် တစ်ခုကျော်ကြာမြင့်အောင် လုပ်ကိုင်ဆောင်ရွက်ခဲ့ ကြရသည်။ အကုန်အကျလည်း များခဲ့ကြသည်။ ထိုသို့ နိုင်ငံတကာအမှတ်တံဆိပ်အဖြစ်သို့ ရောက်ရှိ အောင် ပျိုးထောင်ရသည်မှာ ရောင်းဈေးနှုန်း မသေ ချာသည့် နှစ်ရှည်ပင်ကို စိုက်ပျိုးရသကဲ့သို့ ဖြစ်နေ ပေသည်။ သို့ဖြစ်ပေရာ တရုတ်ကုမ္ပဏီတို့ နိုင်ငံ တကာ အမှတ်တံဆိပ် ထူထောင်ရန်အတွက် နှောင့် နှေးခဲ့ကြရသည်မှာ သဘာဝကျပေသည်။ ထူးထူး ခြားခြားအဖြစ် Lenovo နှင့် Haier တို့သာ ဖောက် ထွက်နိုင်ခဲ့ကြသည်ကို တွေ့ရသည်။
မရေရာမသေချာမှုများ မြင့်မားနေပြီး ကုန်ကျ စရိတ်ကြီးမားသည့်အပြင် ရေရှည်ကာလတစ်ရပ်ကု ိ ဖြတ်သန်းပြီးမှ ရရှိနိုင်မည့် နိုင်ငံတကာအမှတ်တံဆိပ် ထူထောင်ခြင်းကို ပြုမည့်အစား နိုင်ငံတကာအမှတ် တံဆိပ်အဖြစ်သို့ ရောက်ရှိပြီးသား အမှတ်တံဆိပ်ကို ဝယ်ယူလိုက်ခြင်းက မြန်ဆန်ထိရောက်မှုရှိသည့် အပြင် ရေရာသေချာနေသဖြင့် ထိုသို့ ဝယ်ယူသည့် နည်းလမ်းကို ကျင့်သုံးလိုက်ကြသည်ကို တွေ့ရ သည်။ ထိုမဟာဗျူဟာအရ ငွေကြေး အခက်ကြုံနေ ရသော အမှတ်တံဆိပ်များကို ဝယ်ယူသိမ်းပိုက်ကြ သည်။ Volvo နှင့် Weetabix တို့သည် ထင်ရှားသည့် သာဓကများ ဖြစ်ကြပေသည်။
ဖောက်ထွက်နိုင်ခဲ့သူ
တရုတ်ကုမ္ပဏီတို့သည် ရေရာသေချာမှသာ ရင်းနှီးမြှုပ်နှံမှုကို ပြုလိုကြပေရာ အများစုသည် ကုန်ထုတ်လုပ်မှုနည်းပညာနှင့် စက်ကိရိယာပိုင်း၌ ရင်းနှီးမြှုပ်နှံဖြစ်ကြပြီး ထုတ်လုပ်မှုစရိတ် သက်သာ စွာဖြင့် ထုတ်လုပ်နိုင်မည့် နည်းလမ်းများကို အသုံးပြု ကာ ရပ်တည်ကြသည်။ အရည်အသွေးနှင့် သက် သာမှုကို ချိန်ထိုးသည့်အခါ သက်သာမှုကိုသာ ဂရုမူ လိုက်ကြခြင်းများပင် ရှိနေသည်။
သို့သော် ကြုံတွေ့နေရသော အခြေအနေမှ လွန်မြောက်နိုင်ရန် မိမိ၏ သာလွန်ကောင်းမွန်မှုကို အသုံးပြုကာ ဖောက်ထွက်နိုင်ကြသည့် လုပ်ငန်းများ လည်း ပေါ်ပေါက်ခဲ့သည်။
၁၉၈၉ခုနှစ်၌ ဟာမင်းလိုသည် Hu Fong Industrial Companyကို ထူထောင်ပြီး ပလတ် စတစ်ဖြင့် ပြုလုပ်ထားသည့် ကလေးကစားစရာများ ကို ဒီဇိုင်းထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဈေးကွက် တင်ခြင်းတို့ လုပ်ကိုင်ခဲ့သည်။ ဟောင်ကောင်တွင် ရုံးချုပ်ဖွင့်လှစ်ထားရှိပြီး လုပ်ကိုင်ခဲ့ရာ၌ Gerber နှင့် Disney ကဲ့သို့သော ကမ္ဘာ့အမှတ်တံဆိပ်များထံမှ အမှာစာများ လက်ခံရယူကာ ထုတ်လုပ်ပေးခဲ့သည်။ သူ့လုပ်ငန်းမှ ထုတ်လုပ်သော ကုန်စည်တို့ကို တရုပ် ပြည်တွင်းဈေးကွက်တွင် ရောင်းချရာ၌ သူရရှိသည့် ထုတ်လုပ်မှုစရိတ်ထက် လေးငါးဆမြင့်မားသော ဈေး နှုန်းများဖြင့် ရောင်းချလျက်ရှိသည်ကို ဟာမင်းလို သတိပြုမိခဲ့သည်။ ထိုသို့သော ဈေးနှုန်းဖြင့် ရောင်းချ လျက်ရှိသော်လည်း ဟာမင်းလိုကို ၎င်းတို့က အမြဲ ဈေးဆစ်ကြသည်။ ပိုမိုသက်သာသောနှုန်းထားဖြင့် လုပ်ကိုင်ပေးရန် ဖိအားပေးကြသည်။ သို့ဖြစ်ရာ သူအတွက် သိပ်မကျန်တော့သည့် အဖြစ်မျိုးကို ကြုံ လာရသဖြင့် ဟာမင်းဟိုသည် ကိုယ်ပိုင်အမှတ် တံဆိပ်ဖြင့် ကလေးသုံးပစ္စည်းများ ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ “ငါ့ကို နမ်း” ဟု အဓိပ္ပာယ်ရသော အမည်ဖြစ်သည့် ချင်ချင်ဝို ဟူသော အမည်အမှတ် တံဆိပ်ဖြင့် ထုတ်လုပ်ကာ တရုတ်ပြည်တွင်း ဈေး ကွက်ကို တင်သည်။ အခြား အာရှပြင်ပရှိနိုင်ငံများသို့ Kidsme အမည်ဖြင့် တင်ပို့ရောင်းချသည်။
ဟာမင်းဟိုသည် သူများထံမှ ရယူရသော ကန်ထရိုက်အလုပ်များထံမှ ရရှိသည်ထက် ကိုယ်ပိုင် လုပ်ငန်းမှ ရရှိသည့် ဝင်ငွေက သာရမည်ဟု ရည်မှန်း ချက်ထားရှိကာ လုပ်ကိုင်ခဲ့သည်။ ထုတ်လုပ်သော ပစ္စည်းများသည် နုနယ်သည့် ကလေးများအတွက် ဖြစ်ပေရာ ပြည်ပဈေးကွက်များတွင် နေရာရယူနိုင် ရန်အတွက် အရည်အသွေးကို အထူးဂရုစိုက်ကာ လုပ်ကိုင်ခဲ့ရပေသည်။ သူ့ရည်မှန်းချက်များ ပြည့်ဝခဲ့ ပြီး နိုင်ငံတကာဈေးကွက်တွင် အသိအမှတ်ပြုခံရ သည့် အမှတ်တံဆိပ်ကို ထူထောင်နိုင်ခဲ့ပေသည်။
လိပ်လား ယုန်လား
နိုင်ငံတကာဈေးကွက်များဆီသို့ ဖောက်ထွက် နိုင်သော အမှတ်တံဆိပ်သည် အနည်းအကျဉ်းမျှသာ ဖြစ်နေသည့်အတွက် အမှတ်တံဆိပ်ထူထောင်ရန် အတွက် ရင်းနှီးမြှုပ်နှံရန် လက်တွန့်နေကြရသည်။ ပြည်တွင်းဈေးကွက်၌ လျှမ်းလျှမ်းတောက်နေသည် ဖြစ်သော်လည်း ပြည်ပဈေးကွက်များတွင် မိမိတို့ မည်သူမည်ဝါဖြစ်သည်ကို မသိသည့် အဖြစ်ကို ရင် ဆိုင်ရင်း ဈေးကွက်တွင် အမှတ်တံဆိပ်များနေရာမရ ဖြစ်နေခဲ့ကြရသည်။
ထိုစိန်ခေါ်မှုကို ကျော်လွှားရန်အတွက် ယွမ် ဘီလျံချီပြီး အကုန်အကျခံရမည်။ ‘ဈေးပေါသည်’ ဟူ သော ဂုဏ်ပုဒ်ကို ‘အရည်အသွေးမကောင်း’ ‘စိတ် မချရ’ ဟူသည့် ပါးစပ်သတင်းတို့က ချေဖျက်ပစ်နေ ကြသည်ကို အရည်အသွေးကောင်းမွန်အောင် လုပ် ပြီး အဖတ်ဆယ်ခဲ့ကြသူများ ရှိသော်လည်း အမှတ် တံဆိပ်တို့သည် ပြည်ပဈေးကွက်တွင် တိုးမပေါက်ခဲ့ ကြချေ။ တိုးတက်ဖြစ်ခွန်းမှု အလွန်ပင် နှေးကွေးနေ ကြပေရာ တရုတ်ကုမ္ပဏီတို့၏ လုပ်ကိုင်ပုံကိုကြည့်ပြီး ‘အာရှ လိပ်များ’ ဟု အပြောခံခဲ့ကြရသည်။
နှေးကွေးနေရသည်ကို မြန်ဆန်စေရန်အတွက် မဟာဗျူဟာကို ပြောင်းလဲကျင့်သုံးလိုက်ပြီး ယုန် အဖြစ်သို့ ရောက်ရှိအောင် လုပ်ကိုင်လိုက်ကြသည်။ ထူထောင်ပြီးသား အမှတ်တံဆိပ်တို့ကို ငွေထုပ်ပိုက် ပြီး လိုက်လံဝယ်ယူလိုက်ကြသည်။
တရုတ်မှ မဟာလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် ရှန်ဟိုင်းအခြေစိုက် Fosun Group သည် ကမ္ဘာအနှံ့ အမှတ်တံဆိပ် ဈေးဝယ်ထွက်ခဲ့ရာ၌ ပြင်သစ်မှ Club Med ကို ၂၀၁၃ခုနှစ် မေလတွင် ဝယ်ယူခဲ့သည်။ ဝက်သားထုတ်လုပ်သည့် လုပ်ငန်း Shuanghui သည် နာမည်ရပြီးသား Smithfield Foods ကို ဝယ် ယူရန်အတွက် အမေရိကန်ဒေါ်လာ ၇ ဘီလျံဖြင့် ကမ်းလှမ်းခဲ့သည်။
ထိုသို့ ယုန်လိုကျင့်ကြံပြီး ထူထောင်ပြီးသား အမှတ်တံတဆိပ်ကို လက်ဝယ်ရယူလိုက်ပြီးရုံဖြင့် ကိစ္စ မပြီးပြတ်သေးချေ။ အမှတ်တံဆိပ်ကို ဆက် လက် ထိန်းပေးထားတတ်ဖို့ လိုအပ်နေပေသေး သည်။ တရုတ်ကုမ္ပဏီတို့သည် ပြည်တွင်းအတွေ့ အကြုံများတွင် အမှတ်တံဆိပ် ထူထောင်ခြင်းနှင့် ထိန်းပေးထားခြင်းတို့တွင် အားနည်းကြသည်။သို့ဖြစ် ရာ အကိုင်အတွယ် မတတ်ပါက အမှတ်တံဆိပ် တန်ဖိုး ထိုးကျသွားနိုင်သည်။ သို့ဖြစ်ရာ ဝယ်ယူပြီး ချိန်၌ ခပ်လှမ်းလှမ်းမှသာ အသာလက်ပိုက်ကြည့် ရင်း လေ့လာသင်ယူကြသည်။
တရုတ်ယာဉ် လုပ်ငန်းစုကြီး Geely သည် ဆွီဒင်မှ ယာဉ်လုပ်ငန်း Volvo ကို ဝယ်ယူပြီးသော အခါ စီမံခန့်ခွဲမှုကို ထဲထဲဝင်ဝင် ဝင်ရောက် လုပ်ကိုင် ခြင်း မပြုဘဲ ခပ်လှမ်းလှမ်းမှာသာ နေသည်။ ၎င်း၏ ဝဘ်က်ဆိုဒ်တွင်လည်း Volvo အကြောင်းကိုအနည်း အကျဉ်းမျှသာ ဖော်ပြသည်။
ဂျပန်ကုမ္ပဏီအချို့သည် ကုန်စည် ထုတ်လုပ် ဖြန့်ဖြူးရာ လမ်းကြောင်းတစ်လျှောက် ဈေးချိုခြင်း ဂုဏ်ပုဒ်ဖြင့် လူသုံးများအောင် ပြုခဲ့ကြပြီးသောအခါ နာမည်ကောင်း ရရှိအောင် လုပ်ကိုင်ခဲ့ကြသည်။ ထို လမ်းကြောင်းဖြင့် အိမ်သုံးအီလက်ထရွန်းနစ်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သော Haier နှင့် Pearl River Piano တို့ လျှောက်လှမ်းကာ အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ ဖက်ရှင်နှင့် ဟိုတယ်လုပ်ငန်းကဲ့သို့ သော လူအဓိကကျသည့် လုပ်ငန်းမျိုးအဖို့်မှာ ယခု လမ်းကြောင်းကို လျှောက်လှမ်းရန် မဖြစ်နိုင်ချေ။
ဟိုတယ်လုပ်ငန်းကြီးတစ်ခုဖြစ်သော Wanda အနေဖြင့် လန်ဒန်မြို့တော်၌ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကို ဖွင့်လှစ်သောအခါ ၎င်း၏အမည်ကို သုံး စွဲလျှင် အလုပ်ဖြစ်မည်မဟုတ်ချေ။ ပြည်တွင်းရှိ ၎င်း၏ဟိုတယ်များကိုပင်လျှင် စီမံအုပ်ချုပ်မှုကို နိုင်ငံ တကာအဆင့်ရှိ Sofitel ၏ လက်ထဲ ထည့်ပေးထား ရသည်။
နိုင်ငံတကာအမှတ်တံဆိပ်ရယူလိုကြသော တရုတ်လုပ်ငန်းစုကြီးများသည် နိုင်ငံပိုင်ကုမ္ပဏီကြီး များ ဖြစ်နေခြင်းကလည်း အားနည်းချက်တစ်ခု ဖြစ်နေသည်။ ပြည်တွင်းဈေးကွက်၌ နိုင်ငံပိုင်လုပ်ငန်း စုကြီး ဖြစ်နေခြင်းကြောင့် လုပ်ကိုင်ရ လွယ်ကူသည်။ ပြည်ပတွင် နိုင်ငံပိုင်ကုမ္ပဏီဖြစ်နေခြင်းသည် စားသုံး သူတို့ သဘောတွေ့သည့် အချက် မဟုတ်ချေ။
ထိုသို့သော အခက်အခဲများနှင့် မဖြစ်နိုင်ချေ များ ရှိနေခြင်းကြောင့် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် နိုင်ငံတကာတွင် တွင်ကျယ်နိုင်ရေးမှာ မရေရာသော အိပ်မက်တစ်ခုဖြစ်ပြီး အချိန်အားဖြင့်လည်း ကြာမြင့် ဖွယ်ရာ ရှိနေသည်။ တိုင်းပြည်၏ စီးပွားရေးတစ်ရပ် လုံး အရှိန်အဟုန်မပျက် တိုးတက်ကြီးထွားနိုင်ရေးကို ထိန်းထားဖို့အတွက် နိုင်ငံတကာ အမှတ်တံဆိပ်များ လက်ဝယ်ရရှိဖို့က အရေးတကြီး လိုအပ်ချက် ဖြစ် လာနေသည်။ သို့ဖြစ်ရာ ငွေထုပ်ပိုက်၍ နိုင်ငံတကာ အမှတ်တံဆိပ် ပိုင်ရှင်တို့ကို ဝယ်ယူသိမ်းပိုက်ခြင်းဖြင့် အမှတ်တံဆိပ်ကို လက်ဝယ်ရရှိအောင် လုပ်ကိုင် လျက် ရှိကြပေသည်။ ။ကုမ္ပဏီတို့အနေဖြင့် ကုန်ထုတ်လုပ်မှုအပိုင်း တွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်ကြသော် လည်း မိမိကုန်စည်ရောင်းချရာ ပြည်တွင်းပြည်ပ ဈေးကွက်များတွင် အမှတ်တံဆိပ်ထူထောင်ရန် အတွက် ကုန်ကျစရိတ်ကို ချွေတာသုံးစွဲကြသည်။
Pepsi ရဲ့ ၂၀၂၀ အသစ်စက်စက် ကြော်ငြာ Campaign
ထိုသို့သော အခက်အခဲများနှင့် မဖြစ်နိုင်ချေ များ ရှိနေခြင်းကြောင့် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် နိုင်ငံတကာတွင် တွင်ကျယ်နိုင်ရေးမှာ မရေရာသော အိပ်မက်တစ်ခုဖြစ်ပြီး အချိန်အားဖြင့်လည်း ကြာမြင့် ဖွယ်ရာ ရှိနေသည်။ တိုင်းပြည်၏ စီးပွားရေးတစ်ရပ် လုံး အရှိန်အဟုန်မပျက် တိုးတက်ကြီးထွားနိုင်ရေးကို ထိန်းထားဖို့အတွက် နိုင်ငံတကာ အမှတ်တံဆိပ်များ လက်ဝယ်ရရှိဖို့က အရေးတကြီး လိုအပ်ချက် ဖြစ် လာနေသည်။ သို့ဖြစ်ရာ ငွေထုပ်ပိုက်၍ နိုင်ငံတကာ အမှတ်တံဆိပ် ပိုင်ရှင်တို့ကို ဝယ်ယူသိမ်းပိုက်ခြင်းဖြင့် အမှတ်တံဆိပ်ကို လက်ဝယ်ရရှိအောင် လုပ်ကိုင် လျက် ရှိကြပေသည်။
<<< Zawgyi >>>
ဖောက်ထွက်နိုင်ခဲ့သူ
လိပ်လား ယုန်လား
ယခင် လိပ်ခုံးကားလေးများကို ဆက်လက်ထုတ်လုပ်တော့မှာ မဟုတ်ကြောင်း ရိုက်ကူးပြသထားတဲ့ Volkswagen ရဲ့ ကြော်ငြာ အသစ်
Myanmar Advertising Directory 
Read times
Rate this item
(0 votes)