-->
×

Warning

JUser: :_load: Unable to load user with ID: 29


KFC ရဲ့ သတိရခြင်းအကြောင်းကို ရိုက်ပြထားတဲ့ကြော်ငြာအသစ်

အခုကြော်ငြာ လေးဟာမလေးရှား KFC က ရိုက်ကူးထားတဲ့ ကြော်ငြာလေးဖြစ်ပြီး Creative Idea တွေ အများကြီးပါတဲ့ ကြော်ငြာ အသစ်လေးမို့ မားကတ်တင်း သမားတွေ ဗဟုသုတ ရစေရန် အလို့ဌာ ကြည့်ရှု့ဖို့ လက်တို့လိုက်ရခြင်းပဲဖြစ်ပါတယ်။

 

ကိုဗစ်ကိစ္စ တွေဖြစ်တော့ မလေးရှား KFC ဆိုင်တွေ ပိတ်ရပါတယ် ဒီတော့ KFC က သူ့ပရိသတ်တွေကို သတိရနေအောင် All by my self သီချင်းတီးလုံးနဲ့ သူ့ဆိုင်မှ အသုံးအဆောင်ပစ္စည်းများစကားပြောသယောင် နောက်ခံစကားပြောသူနဲ့ အဆိုပါကြော်ငြာ လေးကို ရိုက်ကူးပြသထားပါတယ်။

 

ကြော်ငြာ စစချင်းမှာ ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ မှောင်မိုက်နေတဲ့ KFC ဆိုင် အမှောင်ခန်းကြီးကို ပြသပြီး KFC မှ ရိုက်ကူးပြသသည်ဆိုကာရေးသားထားပါတယ် ပြီးနောက် See you soon နေရာမှာ KFC you soon ဆိုကာ ရေထားပါသေးတယ်။ခုံတွေက သတိရကြောင်း စကားပြောသရောင် ရိုက်ထားပါတယ် ၊ အချဉ်ရည်ဗုံးတွေက စကားပြောသယောင်ရိုက်ပြထားပါသေးတယ်။

 

ဘားကုတ် စကန်နာကြီးကလည်း သတိရကြောင်း စကားပြောသယောင်ရိုက်ပြထားပါတယ် ၊ ထို့အပြင် အညိုရောင် လင်ဗန်းကြီးတွေမှလဲ See you again စာသားနဲ့ ရိုက်ထားပါသေးတယ်။ထို့အပြင် အအေးစက်ကြီးမှ စကားပြောသယောင်ရိုက်ပြထားပါသေးတယ် ၊ ကလေးထိုင်ခုံတွေက လည်းကလေးတွေကို သတိရနေသယောင်ရိုက်ပြထားပါသေးတယ်။ပြီးမှ သူတို့ KFC ဆိုင်မှာ ပါဆယ်လာဝယ်လို့ရပြီဖြစ်ကြောင်းကို နောက်ဆုံးမှာ မှ ကြော်ငြာ ဝင်တာပါ။

 

အခုဆိုရင်တော့ KFC မှ သူ့ကာစတန်မာတွေကို သတိရကြောင်း သတိရလို့ Playlist တောင်ဆိုင်မှာ ဖွင့်ဖို့ အဆွေးသီချင်း ၈၆ ပုဒ်သက်မှတ်ထားပါတယ်တဲ့ Play list နာမည်ကတော့ KFC you soon ပါတဲ့။အခုဆိုရင်တော့ မလေးရှားက လော့ဒေါင်းဖြေတဲ့ အချိန်မှာယခု ဇွန်လ ၁၀ ကနေ သြဂုတ်လ ၃၁ ရက်ထိ ကဆိုင်တွေကို ပြန်လည်ပတ်စေတဲ့ အချိန်ပါ။

 

ဒီကြော်ငြာ လေးက KFC ပြန်ဖွင့်ပြီနော်ဆိုတာထက် ပိုပြီး Creative ဆန်တဲ့ရိုက်ကူးပြသမှု့လေးတစ်ခုပါ။ကြော်ငြာလေးကို Naga DDB Tribal မှထုတ်လုပ်ပြီး Chief Creative Officer အဖြစ် Alvin Teoh မှ စိတ်ကူးပုံဖော်ထားကာ Film Director အဖြစ် Quek Shio Chuan မှ ရိုက်ကူးထားပါတယ်။

 

<<< Zawgyi >>>

 


-----------------------------------------------------------------------------

 


 


 


 


 


 


 

Ref : The Drum

Read times
Rate this item
(0 votes)