-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလုပ်ငန်းအတွက် ထိရောက်စွာ ကြော်ငြာရမည့် နည်းလမ်းများ

စီးပွားရေးလုပ်ငန်းအတွက် ထိရောက်စွာ ကြော်ငြာရမည့် နည်းလမ်းများ Google

စီးပွားရေးလုပ်ငန်းကြီးတစ်ခု လုပ်ကိုင်တော့မည်ဆိုလျှင် ကြော်ငြာနှင့်ကင်းလို့ မရနိုင်ပါ။

ကြော်ငြာလုပ်ငန်းကို ထိရောက်စွာ လုပ်ကိုင်နိုင်ရန်အတွက် ကျောင်းတုန်းက သင်ရိုးညွှန်းတမ်းအဟောင်းကြီးတွင် သင်ကြားခဲ့ရသည်များကို မေ့ပစ်လိုက်ရန် လိုပေသည်။

- အကယ်၍ သင့်အနေနှင့် နေရာဒေသကို ဦးတည်ချက်ပစ်မှတ်ထား၍ ရှင်းလင်းပြတ်သားစွာ ကြော်ငြာလိုပါက ၊ နေ့ကလေးထိန်းဂေဟာ တစ်ခုတွင် သင့်ကလေးငယ်များကို လုံခြုံစိတ်ချစွာ ထိန်းကျောင်းပေးနိုင်သော ယုံကြည်စိတ်ချရသည့် နေ့ကလေးထိန်းဂေဟာဟူသည့် ကြော်ငြာမျိုး ၊ ကုန်စုံဆိုင်တံခါးပေါက်ဝတွင် သင်ဈေးဝယ်နေစဉ်အတွင်း ၊ သင်၏ ကားကို ရေးဆေး သန့်စင်ပေးထားမည်ဖြစ်ကြောင်း စသည့် ကြော်ငြာမျိုးတို့ကို ချိတ်ဆွဲကြော်ငြာထားနိုင်ပါသည်။

- သင်အသိပေးလိုသော အချက်အလက်များပါဝင်သည့် လက်ကမ်းကြော်ငြာစာရွက်များကို ရပ်ထားသော ကား၏ ရေသုတ်တံအောက်တွင် အသာညှပ်ထားခဲ့၍ ကြော်ငြာသော နည်းလမ်းဖြစ်သည်။ ထိုလက်ကမ်းကြော်ငြာသည်လည်း ကားနှင့်ပတ်သက်သော ကြော်ငြာတစ်မျိုးမျိုးဖြစ်လျှင် သင်၏ လက်ကမ်းကြော်ငြာသည် ပိုမိုထိရောက် အကျိုးရှိနိုင်ပေမည်။ ဥပမာ- ကားကူရှင် လဲလိုပါသလား ၊ ကားဆေးမှုတ် လိုပါသလား စသည်တို့ ဖြစ်သည်။

- အထပ်မြင့် အဆောက်အအုံများ၏ ဓာတ်လှေကားအတွင်း နံရံများတွင် ကြော်ငြာစာရွက်ငယ်များ ကပ်၍လည်း သင့်ဝန်ဆောင်မှုလုပ်ငန်းကို ကြော်ငြာနိုင်ပါသည်။ ဓာတ်လှေကား စီးစဉ် လူ၏ မျက်စိအာရုံရောက်မည့် နေရာအမြင့် ၊ အကွာအဝေးတို့ကို တိုင်းဆ၍ ကပ်ထားပေးမည်ဆိုလျှင် ပိုမိုသင့်တော်မည်ဖြစ်သည်။ အခြားကြော်ငြာများကပ်နိုင်သော်လည်း ဓာတ်လှေခါးဝန်ဆောင်မှု လုပ်ငန်းများဖြစ်လျှင် ပိုမို အကျိုးသက်ရောက်မှု ရှိပေမည်။ ပုဂ္ဂလိက ကုမ္ပဏီပိုင် ဓာတ်လှေကားဖြစ်စေ ၊ အများပိုင် ဓာတ်လှေကားဖြစ်စေ ၊ သက်ဆိုင်ရာ ခွင့်ပြုမိန့်ကို ရယူရန် လိုပါသည်။

-မတ်တပ်ရပ် ဘတ်စ်ကားစီးခရီးသည်များ၏ မျက်စိရှေ့မှောက်တည့်တည့်တွင် ကျရောက်နိုင်သည့် ဘတ်စ်ကားတွင်း နံရံပေါ်တွင် သင့်စီးပွားရေး ကြော်ငြာစာရွက်တစ်ရွက် ရှိနေပါလျှင် သင့်လုပ်ငန်း၏ ခရီးစဉ် ထက်ဝက်ရောက်ရှိပြီး ဖြစ်နေပေလိမ့်မည်။ သို့သော် ဘတ်စ်ကားလိုင်းမှ ထည့်သွင်းလိုသော ဆောင်ပုဒ်တစ်ခုတော့ ပါရှိရန် ယာဉ်လိုင်းက တောင်းဆိုမှု ပြုနိုင်ပေသည်။ ဥပမာ- ကားပေါ်တွင် ဆေးလိပ်မသောက်ရ ၊ ဆင်းမည့်မှတ်တိုင် ကြိုပြောပါ စသည်တို့ဖြစ်သည်။ သင်ကလည်း သင်လုပ်ငန်းဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ်ရှင်းပြချက်များ ပါဝင်သော စာသားတို့ကို ထည့်သွင်းရေးသား ဖော်ပြနိုင်သည်။ ကားစီးခရီးသည်၏ ခရီးတာရှည်လေ သင်၏ ကြော်ငြာထိရောက်လေ ဖြစ်သည်။

- လူအများ ဝင်ထွက်သွားလာ စားသောက်ကြသော လက်ဖက်ရည်ဆိုင် ၊ ကော်ဖီဆိုင် ၊ စားသောက်ဆိုင်များသည် သင့်လုပ်ငန်းဝန်ဆောင်မှုကို စားသုံးသူများအား အသိပေးကြော်ငြာရန် အကောင်းဆုံး ကျောက်သင်ပုန်းကြီးများ ဖြစ်ကြသည်။ ထိုနေရာများတွင် သင့်စီးပွားရေးလုပ်ငန်း၏ ဝန်ဆောင်မှု အ၀၀ကို ပြည့်စုံစွာရေးသားပြီး အသေးစိတ် ပြောပြနိုင်ပေသည်။ စူးရှသော ရုပ်ပုံများဖြင့်လည်းကောင်း ၊ ထိရောက်သော စာသားများဖြင့်လည်းကောင်း ၊ သင့်စိတ်တိုင်းကျ ကြော်ငြာနိုင်သော နေရာများဖြစ်သည်။ စားသောက်ကုန်ကြော်ငြာများဖြစ်လျှင် အတိုင်းထက်အလွန် ကောင်းပါသည်။ ယခုအခါ လမ်းဘေးကွမ်းယာဆိုင်များတွင်ပင် ကြော်ငြာစာရွက်များ ၊ ဗီနိုင်းကြော်ငြာများ နေရာယူလာကြပြီ ဖြစ်သည်။

- မြို့ပတ်ရထားတွဲအတွင်း ၊ ဘူတာရုံစင်္ကြံတစ်လျှောက် ၊ ဌာနဆိုင်ရာခွင့်ပြုချက်များရယူလျက် မိမိလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ၊ မိမိကုန်ပစ္စည်းကြော်ငြာ စသည်တို့ကို ထိထိမိမိ စာသားများဖြင့် လက်ကမ်းကြော်ငြာအရွယ်စာရွက်များ လူစည်ကားရာ နေရာအနှံ့ကပ်၍ ကြော်ငြာနိုင်သည်။ တစ်ခုသတိပြုရန်မှာ မိမိကြော်ငြာစာရွက်ကို အလေးဂရုပြုအာရုံမထားနိုင်သော ရထား အတက်အဆင်း လှေကားနေရာများ ၊ စင်္ကြံအဝင်အထွက် အပေါက်အဝနေရာများတွင် မကပ်သင့်ပေ။

 

By Myanmar Advertising Guide

Nan.png

Read times
Rate this item
(1 Vote)