-->
×

Warning

JUser: :_load: Unable to load user with ID: 29


Virgin ပိုင်ရှင်သူဌေးကြီး Richard Branson အကြောင်းသိကောင်းစရာ

Richard Branson ဆိုတဲ့ လူထူးဆန်းကြီးကိုတော့ စာဖတ်သူတို့ အနည်းငယ် စိမ်းနေကြပါမှာ . . .Virgin Airline, Virgin Media, Virgin Empire & Virgin Atlantic အစရှိတဲ့ စီးပွားရေးလုပ်ငန်းစုတွေနဲ့တော့ ရုပ်ရှင်တွေထဲ၊ ဇာတ်လမ်းတွေထဲမှာ မြင်လေ့ရှိကြမှာပါ . . .ဒီလို စီးပွားရေးလုပ်ငန်းစုကြီး ကို Richard Banson ဆိုတဲ့ လူထူးဆန်းကြီးတစ်ယောက် ဘယ်လို စွန့်ဦးတီထွင်ပြီး ထူထောင်ခဲ့သလဲ . . .သူဘယ်လိုကြိုးစားခဲ့လို ယနေ့အခါနာမည်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ထူထောင်သူအဖြစ် ရပ်တည်နိုင်ခဲ့သလဲ စသဖြင့် အတုယူနိုင်အောင် Aung Myin ကနေ ဖော်ပြပေးလိုက်ပါတယ်။

 

Richard ရဲ့ စီးပွားရေးလုပ်ငန်းရှင် အသေးစားလေးတစ်ဖြစ်လဲ ငယ်စဉ်ကလေးဘဝငယ်စဉ်ကတည်းက စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ ဝါသနာပါလာတယ်လို့ ဆိုရမယ် . . .Richard ဟာ အသက် ၁၁ နှစ်အရွယ်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခု စတင်လုပ်ကိုင်ဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

 

ငယ်သူငယ်ချင်း Nik Powell နဲ့ အတူ ဘက်ဂျရီဂါ ငှက်မွေးမြူရေး လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ပါတယ်။ ငှက်ကလေးတွေ အတွက် လှောင်ချိုင့်လေးတွေကိုတော့ Richard ရဲ့ အဖေက ပြုလုပ် ပေးခဲ့ပါတယ်။ ဘက်ဂျရီဂါ ငှက်ကလေးတွေဟာ ထင်ထားတာထက် မျိုးပွားနှုန်း ပိုမို များပြား မြန်ဆန်တာ ကြောင့် အချိန်ခဏလေး အတွင်းမှာပဲ လူငယ် စွန့်ဦးတီထွင်လေး နှစ်ယောက်ဟာ ငှက်ကလေးတွေကို ပြန်လည် ရောင်းချနိုင်ခဲ့ပါတယ်။ကျောင်းပိတ်ရက်တွေ ပြီးဆုံးသွားချိန်မှာတော့ Richard နဲ့ Nik အနေနဲ့ မြို့ခံကလေးတွေ ကို ငှက်လေးတွေ အများကြီး ရောင်းချနိုင်ခဲ့ပါတယ်။

 

Virgin စီးပွားရေး လုပ်ငန်းစု မွေးဖွားခြင်းရဲ့ အစ

====================
Richard ဟာ အထက်တန်းကျောင်းရောက်တော့ သူငယ်ချင်း Jonathan နဲ့အတူ Stowe School မှာပြထမ်းထားတဲ့ အရေးမပါတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာနိုင်ခြင်း မရှိတာကြောင့် ကျောင်းကနေ ထွက်ခဲ့ကြပါတယ်။

 

Richard နဲ့ Johnny တို့ နှစ်ယောက် အနေနဲ့ သူတို့ရဲ့ အတွေးအခေါ်တွေဟာ အလုံးစုံသော အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်တယ်လို့ ခံယူထားကြပြီး စီနီယာ ဂျူနီယာ နှိမ့်ချဆက်ဆံမှုတွေ၊ အတင်းအကျပ် ဘုရား ဝတ်ပြုခိုင်းခြင်းတွေ၊ အားကစားပွဲတွေမှာ ပါဝင်ခိုင်းခြင်းတွေ၊ ရိုက်နှက်ဆုံးမမှုတွေ၊ လက်တင်ဘာသာစကားကို လေ့လာခိုင်းတာတွေကို ဆန့်ကျင်မယ်ဆိုရင် မဂ္ဂဇင်း ထုတ်ဝေပြီး ဆန့်ကျင်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်မယ်လို့ တွေးမိခဲ့ကြပါတယ်။

 

ဒါကြောင့် “Student” လို့ အမည်ရတဲ့ မဂ္ဂဇင်းကို စတင် ထုတ်ဝေခဲ့ပြီး မဂ္ဂဇင်းမှာ ရေးသားဖို့ အတွက် စာရေးဆရာတွေ၊ ကြော်ငြာ ထည့်သွင်းဖို့ အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကို အလျင်အမြန် ချဉ်းကပ်ခဲ့ပါတယ်။“Student” မဂ္ဂဇင်းဟာ လူအများ စိတ်ဝင်စားခြင်းကို ခံလာရပေမယ့် အနေနဲ့ အရှုံးပေါ်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် Richard ဟာ တစ်မျိုးကြံရပါတော့တယ်။

 

Richard အနေနဲ့ တေးဂီတဟာ ကျောင်းသားဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင် ပတ်သတ်နေတယ် ဆိုတာကို သိရှိလာခဲ့ပြီး နာမည်ကြီး သီချင်း အယ်လ်ဘမ်တွေကို ချိုသာတဲ့ ဈေးနှုန်းနဲ့ ရောင်းချ ပေးနိုင်မယ့် နည်းလမ်းကို တွေးတောမိခဲ့ပါတယ်။သီချင်းခွေ အရောင်းဆိုင်ကို အစမှာတော့ “Slipped Disc” လို့ အမည်ပေးဖို့ အတွက် စဉ်းစားခဲ့ ကြပေမယ့် မိန်းကလေး သူငယ်ချင်း တစ်ဦးက “Virgin” လို့ အမည်ပေးဖို့ အတွက် အကြံပေးခဲ့ပါတယ်။

 

ယခုမှ ပထမဆုံး အကြိမ် စတင် လုပ်ကိုင်ကြမှာ ဖြစ်တာကြောင့် Virgin ဆိုတဲ့ အမည်က အတွေ့အကြုံ မရှိသေးတဲ့ သူတို့နဲ့ ပိုမို လိုက်ဖက်တယ်လို့ ခံယူခဲ့ကြပြီး အဲဒီနာမည် ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။Student မဂ္ဂဇင်းကတော့ ၁၉၇၀ ခုနှစ်မှာ ရပ်တန့်လို့ သွားခဲ့ပါတယ်။ ဒါပေမယ့် Virgin Mail Order က Student မဂ္ဂဇင်း နေရာမှာ ဝင်ရောက် နေရာယူခဲ့ပြီး ဖောက်သည်သစ် များစွာကို ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။

 

Virgin သီချင်းခွေ အရောင်းဆိုင် ဖြစ်ပေါ်လာခြင်း

==================


၁၉၇၁ ဇန်နဝါရီလမှာ စာတိုက်ကြီး လုပ်သားတွေ ဆန္ဒပြမှု ပေါ်ပေါက် လာခဲ့တာကြောင့် Virgin Mail-Order လုပ်ငန်း ပြိုလဲသွားနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့် အခြေတကျ ဆိုင်ခန်းနဲ့ ဖွင့်လှစ် ရောင်းချဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။သူတို့ ဖွင့်လှစ်မယ့် Virgin သီချင်းခွေ အရောင်းဆိုင်လေးဟာ လူအများစု အတွက် မိတ်ဆွေသစ်တွေ ရှာဖွေနိုင်မယ့် နေရာ၊ သီချင်းခွေလေးတွေ အတူတကွ နားထောင်နိုင်မယ့် နေရာ၊ သူတို့ ဝယ်ယူမယ့် တေးဂီတထဲမှာ စီးမျောနိုင်မယ့် နေရာလေး တစ်ခု အဖြစ် ဖန်တီးဖို့ အတွက် ကြံစည်ခဲ့ကြပါတယ်။

 

Virgin သီချင်းခွေ အရောင်းဆိုင်လေးကို Oxford လမ်းမထက်က ဖိနပ်ဆိုင်ရဲ့ အပေါ်ထပ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။Richard နဲ့ Nick နှစ်ဦးလုံးဟာ ဆိုင်မှာ လာရောက် ဝယ်ယူအားပေးတဲ့ ဖောက်သည်တွေကို နွေးထွေး ပျူငှာစွာ ဆက်ဆံခဲ့ကြပြီး ဖောက်သည်တွေ ကို သီချင်း နားထောင်ဖို့ အတွက် နားကြပ်တွေ၊ ဂီတ ဂျာနယ်တွေ မေတ္တာလက်ဆောင် အနေနဲ့ ပေးအပ်ခဲ့တဲ့ အပြင် ကော်ဖီ အလကား တိုက်ကျွေးခဲ့ပါတယ်။

 

ဆက်ဆံရေး ကောင်းမွန်တာကြောင့် လူအများအကြားမှာ Virgin Store ဟာ နာမည်ကောင်းနဲ့ ကျော်ကြား လာခဲ့ပါတယ်။နာမည်ကြီး သီချင်းခွေ အရောင်းဆိုင်တွေမှာ ဝယ်ယူရတာထက် Virgin Store မှာ ဝယ်ယူရတာ ပိုမို စစ်မှန်တယ်လို့ လူအများ အနေနဲ့ လက်ခံ ယုံကြည်လို့ လာကြပါတယ်။

 

Manor စတူဒီယို တည်ထောင်ခြင်း

===============


Richard အနေနဲ့ သီချင်းခွေဆိုင်ဖွင့်ရင်း လေ့လာမိတာက သီချင်းခွေတွေကို မြို့တွင်းမှာ ရှိတဲ့ စတူဒီယိုတွေမှာ အသံသွင်းရတာ အရမ်းကြီး ရှေးရိုးဆန်တယ် ဆိုတာကို သိလာခဲ့ပါတယ်။ သီချင်းခွေတွေကို ကျေးလက်ဒေသတွေမှာ အသံသွင်းရတာ အနုပညာရှင်တွေ အတွက်လည်း ပိုပြီး သက်တောင့်သက်သာ ရှိမှာ ဖြစ်သလို စိတ်ဖိစီးမှု ပိုမိုလျော့နည်းစေမှာ ဖြစ်တယ် ဆိုတာကို သိရှိလို့ လာခဲ့ပါတယ်။

 

ဘဏ်ကနေ ရရှိလာတဲ့ ချေးငွေတွေရယ် မိသားစု စုငွေတွေရယ် ကို အသုံးပြုပြီး Richard တစ်ယောက် Oxford မြို့ မြောက်ဘက် ၅ မိုင် အကွာမှာ တည်ရှိနေတဲ့ Manor အိမ်အိုကြီးကို ဝယ်ယူပြီး စတူဒီယို အဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။Virgin သီချင်းခွေ အရောင်းဆိုင် အနေနဲ့ ကြိုစားဆဲ အနုပညာရှင်တွေ၊ တေးဂီတဝိုင်းတွေ ကို သူတို့ စတူဒီယိုမှာ လာရောက် တီးခတ် အသံသွင်းဖို့ အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။

 

The Virgin Empire & Virgin Atlantic

================


Richard အနေနဲ့ တေးဂီတနဲ့ ပတ်သတ်တဲ့ စီးပွားရေး လုပ်ငန်းတွေ အပြင် အခြား စီးပွားရေး လုပ်ငန်း များစွာကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ကုမ္ပဏီ ၅၀ ကျော်နဲ့ စုဖွဲ့ထားတဲ့ Virgin စီးပွားရေး လုပ်ငန်းစုကြီးကနေ စုစုပေါင်း အမြတ်ငွေ ဒေါ်လာ ၁၇ သန်း ရရှိခဲ့ပါတယ်။ဗွီဒီယို ထုတ်လုပ် ဖြန့်ချီရေး လုပ်ငန်း အစ အဲကွန်း သန့်ရှင်းရေး လုပ်ငန်း အဆုံး လုပ်ငန်းပေါင်းများစွာ ကို လုပ်ကိုင်ခဲ့ပါတယ်။၁၉၈၄ ခုနှစ်မှာတော့ သူ့ဘဝ ကို အကြီးမားဆုံး ပြောင်းလဲ ပေးသွားမှာ ဖြစ်တဲ့ လေကြောင်းလိုင်း လုပ်ငန်းလောကထဲကို ဝင်ရောက်ခဲ့ပါတယ်။

 

Branded Venture Capital

==============


Branson ကို ယခုလို နာမည်ကျော်ကြားစေတဲ့ နောက်ထပ် အချက်တစ်ချက်ကတော့ “Branded Venture Capital” လို့ အမည်ရပြီး မှတ်သား လေ့လာသင့်တဲ့ စီးပွားရေး နည်းဗျူဟာ တစ်ခုကို တီထွင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

 

“Branded Venture Capital” ဗျူဟာရဲ့ အဓိက သော့ချက်ကတော့ နာမည်ကောင်းရအောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ နာမည်ကောင်းရနေပြီ ဖြစ်တဲ့ Virgin စီးပွားရေး လုပ်ငန်းစုမှာ ရင်းနှီးမြုပ်နှံချင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ရှိနေပြီ ဖြစ်တာကြောင့် Branson အနေနဲ့ မိမိဝင်ငွေ စိုက်ထုတ်စရာ မလိုပဲ ကုမ္ပဏီပေါင်းများစွာ ကို တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

၁၉၉၉ ခုနှစ်မှာတော့ Richard Branson အနေနဲ့ သူ့ရဲ့ စွန့်ဦးတီထွင်မှုတွေ အတွက် သူရဲကောင်းဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ဒီလောက်ဆိုရင် Sir Richard Branson ရဲ့ ဘဝဇာတ်ကြောင်းကို လေ့လာခွင့်ရလိုက်တဲ့ အတွက် ပညာတွေ အများကြီး ရပြီး စာရူ့သူတို့ ကျေနပ်နှစ်သိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

Aung Myin 

Read times
Rate this item
(0 votes)