-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်မြင်နေတဲ့စီးပွားရေးပညာရှင်တွေရဲ့ ကောင်းမွန်သောစိတ်ဓာတ်နဲ့ အတွေးအကြံများ

အောင်မြင်နေတဲ့စီးပွားရေးပညာရှင်တွေရဲ့ ကောင်းမွန်သောစိတ်ဓာတ်နဲ့ အတွေးအကြံများ Google

သင်ဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ချင်တယ်ဆိုရင် အစအဆုံးကိုအသစ်ပြန်စဉ်းစားတာထက် အောင်မြင်နေသူတွေကိုအတုယူပြီး လိုအပ်သလိုပြန်လည်ပြင်ဆင်ခြင်းဖြင့် သင်ဖြစ်ချင်တဲ့အခြေအနေကို ရရှိလာဖို့ ပိုမိုနီးစပ်လာမှာ သေချာပါတယ်။

သင်ဖြစ်ချင်တဲ့ဘဝအခြေအနေကို ပိုင်ဆိုင်ဖို့ဆိုတာ သင်ဟာ Freelancer တစ်ယောက်၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဒါမှမဟုတ် အချိန်ပြည့်ဝန်ထမ်းတစ်ယောက် ဖြစ်နေပါစေ ကိုယ့်အဖွဲ့ အစည်းထဲမှာ ဘယ်လိုဦးဆောင်ရမလဲဆိုတာကို နားလည်သဘောပေါက်ရပါမယ်။ သင်ဟာအောင်မြင်သောလုပ်ငန်းရှင်တစ်ဦး ဒါမှမဟုတ် သြဇာညောင်းသူတစ်ဦးဖြစ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ အောင်မြင်နေတဲ့ စီးပွားရေးခေါင်းဆောင်တွေရဲ့ စရိုက်လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။


၁။ အစွမ်းအစများကိုမြင်နိုင်ခြင်း။

မြေတောင်မြှောက်ပေးခြင်းဖြင့် မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုတွေဖြစ်လာနိုင်ပါတယ်။ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေဟာ ကောင်းမွန်တဲ့စိတ်တွေ၊ အတွေးအကြံတွေနဲ့ပဲ ဝန်းရံထားကြတယ်။ Steve Jobs ဟာ လူတွေမှာရှိတဲ့ Talent ကို ထိုးဖောက်မြင်နိုင်တဲ့ ထူးခြားတဲ့နည်းလမ်းတွေကို သိရှိထားပါတယ်။ သူဟာတက္ကသိုလ်မှာ သင်တန်းပို့ချဖို့ဖိတ်ခေါ်တဲ့အခါ သဘောတူလက်ခံလေ့ရှိပြီး ထိုသင်တန်းများမှ အလားအလာရှိတဲ့ ဝန်ထမ်းတွေကို ရှာဖွေနိုင်ပါတယ်။ Jobs ဟာ သူ့ဘဝတစ်လျှောက်လုံးအတွင်း အရည်အချင်းရှိတဲ့ အလုပ်လျှောက်ထားသူပေါင်း (၅၀၀၀)ကျော်ကို Personal Interview လုပ်ခဲ့ပြီးနောက် သူတို့တွေနဲ့အတူ အောင်မြင်စွာ လက်တွဲလုပ်ကိုင်နိုင်ခဲ့ပါတယ်။


၂။ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ခြင်း။

၁၈၉၀ ခုနှစ်လောက်တုန်းက Henry Ford ဆိုသူဟာ Ford Quadricycle ဆိုပြီးသူ့နာမည်နဲ့ပဲ လေးဘီးတပ်စက်ဘီးကို ပထမဆုံးစတင်တီထွင်ခဲ့ပါတယ်။ ဒီစက်ဘီးလေးဟာ ကြီးမားတဲ့ဘီးလေးခုကို Frame တစ်ခုနဲ့ခိုင်ခံ့ အောင်ဖန်တီးထားပြီး Ethanol-powered အင်ဂျင်တပ်ဆင်ထားပါတယ်။ ဒါဟာ Ford အတွက် အောင်မြင်မှုကြီးတစ်ခုမဟုတ်ပါဘူး။ နောက်ပိုင်းမှာ Ford Motor တံဆိပ်နဲ့ ကားတွေတီထွင်လာနိုင်ခဲ့တယ်။ နောက်ပိုင်းမှာတော့သူဟာ ကမ္ဘာ့ အချမ်းသာဆုံးသူဌေးစာရင်းဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သင်ရော ကြိုးစားနေလား၊ လဲကျသေးလား၊ ကိုယ့်ကိုယ်ကိုယ် ပြန်ထနိုင်ခဲ့လား...?


၃။ ဘယ်တော့မှကျေနပ်ရောင့်ရဲမနေခြင်း။

Google, Yahoo, Facebook တို့ကို တည်ထောင်ခဲ့သူတွေရဲ့တူညီတဲ့အချက်က သူတို့တွေဟာတက္ကသိုလ်အဆောင်အခန်းထဲကနေစတင်ပြီး အားလုံးဟာအခုချိန်မှာ Dollar Billion ချီတဲ့ ကုမ္ပဏီကြီးတွေဖြစ်နေပါပြီ။ အောင်မြင်တဲ့စီးပွားရေးခေါင်းဆောင်တွေဟာ သူတို့ရဲ့အောင်မြင်မှုအတွက် ဘယ်တော့မှကျေနပ်ရောင့်ရဲမနေပါဘူး။ သူတို့စီးပွားရေး Level ကို မြင့်သထက်မြင့်နိုင်ဖို့ကို ဆက်လက်ကြိုးစားနေကြပါတယ်။ IKEA တည်ထောင်သူ Ingvar Kamprad က ပြောဖူးပါတယ်။ “အောင်မြင်မှုရရှိသွားပြီလို့ ခံယူလိုက်ပြီဆိုရင် အဲ့ဒါဟာအန္တရာယ်အရှိဆုံး အနေအထားကိုရောက်နေပါပြီ။ မနက်ဖြန်တိုင်းမှာ ပိုကောင်းအောင်လုပ်နိုင်ဖို့ ညတိုင်းပြန်လည်စဉ်းစားသုံးသပ်ခြင်းဖြင့် ကြိုတင်ကာကွယ်ပါ” တဲ့။


၎။ ပြင်းထန်သောစိတ်ခွန်အားရှိခြင်း။

စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်ဟာ ဘယ်လောက်ပဲခက်ခက်ခဲခဲ စွန့်စားရမယ့်အရာ(ကိစ္စ) ဖြစ်နေပါစေ၊ သူလုပ်မယ်လို့ ဆုံးဖြတ်ပြီးသွားရင် စိတ်အားထက်သန်မှု အပြည့်နဲ့လုပ်ပါတယ်။ Jobs ပြောသလိုပဲ “ပြသနာတွေ၊ မှားနေတဲ့အရာတွေ၊ မမှန်ဘူးလို့ထင်နေတဲ့အရာတွေကို အမှန်ဖြစ်ချင်ရင်ထင်မြင်ချက်တွေကို ဖျက်ဆီးပစ်ရပါမယ်။ အစပိုင်းမှာကတည်းက စိတ်အားထက်သန်မှုအားနည်းနေမယ်ဆိုရင်(လုံလောက်တဲ့ စိတ်အားထက်သန်မှု မရှိခဲ့ဘူးဆိုရင်) သင်ဟာဘယ်လိုမှ ရှေ့ဆက်တိုးနိုင်မှာမဟုတ်ပါဘူး။” ဒီကိစ္စနဲ့ပတ်သတ်ပြီး Oprah Winfrey ကလည်း “Passion Is Energy.” “ စိတ်အားထက်သန်မှုဟာ ခွန်အားပါပဲ။” “သင့်ကိုလှုံ့ဆော်လာတဲ့ အရာတွေကို စိတ်ရဲ့စွမ်းအားနဲ့ လုပ်ဆောင်လိုက်ပါ။” လို့ ပြောဆိုခဲ့ပါတယ်။

Read More>>>ကိုယ်သဘောကျတဲ့အရာတွေကိုပဲ စွန့််ဦးတီထွင်ပါ
၅။ တစ်ခုတည်းသောရည်မှန်းချက်ထားခြင်း။

အရာအားလုံးဟာ Idea တစ်ခုကနေ စတင်လိုက်တာပါပဲ။ Howard Schultz ဟာ single brand တစ်ခုနဲ့ ကမ္ဘာတဝန်းလုံးကို ထိုးဖောက်နိုင်မယ့် Coffee House တွေ ဖွင့်ဖို့စိတ်ကူးရခဲ့တယ်။ သူဟာ သူ့စိတ်ကူးအိပ်မက်တွေကို တကယ်ပဲလက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တယ်။ Starbucks ဆိုတဲ့ brand နဲ့ အောင်မြင်လာခဲ့တယ်။ သူကပြောတယ် “သင်ဟာ စွန့်ဦးတီထွင်သူ entrepreneur တစ်ဦးဆိုရင်တော့ အိပ်မက်ကြီးကြီးမက်ဖို့ လိုပါတယ်။ အိမ်မက်ကိုကြီးသထက်ကြီးအောင်မက်ပါ။ ဒါမှ ကိုယ့်စိတ်ကူးအိပ်မက်တွေကို တခြားသူတွေဘယ်လိုမှမမြင်နိုင်၊ အတုမခိုးနိုင်တော့ဘူးပေါ့”။


၆။ မိမိရဲ့အမှားကို ဝန်ခံတတ်ခြင်း။

အမေဇုံ (Amazon) ကုမ္ပဏီဟာ Animal Farm နဲ့ 1984 (from Users’ Kindles) ဆိုတဲ့ စာအုပ်တွေရဲ့ လက်ခံမူကြမ်း (Soft Copy) တွေကို ဖျက်ခဲ့မိတယ် (deleted). အဲဒီကိစ္စကြောင့် Amazon ကုမ္ပဏီဟာ ဆိုးဆိုးရွားရွား ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသည့်အပြင် Amazon ကုမ္မဏီဟာ သူတို့ရဲ့အမှားအတွက် အရေးယူခြင်းခံရတဲ့သတင်းကို တရားဝင်သတင်းစာမျက်နှာများမှာပါ ထုတ်လွှင့်ပြသခြင်း ကိုခံခဲ့ရပါတယ်။ ထိုထုတ်လွှင့်သည့် သတင်းစာမျက်နှာတို့တွင် Amazon ကုမ္ပဏီရဲ့ CEO Jeff Bezos ကိုယ်တိုင်ဝန်ချတောင်းပန်ခဲ့ပါတယ်။ သူက “ကျွန်တော်တို့ရဲ့လုပ်ရပ်ဟာ တစ်ကယ်ကိုမိုက်မဲစွာနဲ့ အမြော်အမြင်နည်းပါးခဲ့ပါတယ် ပြီးတော့ ကျွန်တော်တို့ လက်ကိုင်ကျင့်သုံးတဲ့ မူဝါဒတွေကိုလည်း သွေဖယ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ Customer တွေကိုလည်း တကယ်ကို အလေးအနက်တောင်းပန်ပါတယ်” လို့ ထပ်မံဝန်ချတောင်းပန်ခဲ့ပါတယ်။


၇။ အကြောက်တရားကင်းမဲ့ခြင်း။

Richard Branson ငယ်ငယ်တုန်းက မိသားစုခရီးစဉ်အတွင်း သူရေကူးနိုင်၊ မကူးနိုင်ကို သူ့အဒေါ်နဲ့ လောင်းကြေးထပ်ခဲ့တယ်။ Richard ဟာ မိမိကိုယ်ကိုယုံကြည်ထားတဲ့ ဘယ်အရာကိုမဆိုလွယ်ကူလျင်မြန်စွာ သင်ယူနိုင်တယ်ဆိုတဲ့အရည်အချင်းကို ကံမကောင်းစွာနဲ့မပြသနိုင်ခဲ့ဘူး။ ဒါကိုလက်မခံချင်တဲ့ Richard ဟာ အပြန်လမ်းမှာသူ့အဖေကို ကားရပ်ခိုင်းပြီးအနီးမှာရှိတဲ့ မြစ်ထဲကိုခုန်ချပြီးလောင်းကြေးကိုပါ အနိုင်ယူပြနိုင်ခဲ့တယ်။ အခုချိန်မှာတော့ Richard Branson ဟာ ကုမ္မဏီပေါင်း (၄၀၀) ကျော်နဲ့ ဖွဲ့စည်းထားတဲ့ Virgin Group ကို တည်ထောင်ထားတဲ့ ဘီလီယံနာတစ်ယောက်ဖြစ်နေပါပြီ။ သူဟာ စွန့်စားနိုင်ရမယ်ပြီးတော့ Comfort Zone ထဲကနေ ရုန်းထွက်နိုင်ရမယ်ဆိုတဲ့သဘောတရားကို လက်ခံယုံကြည်သူတစ်ယောက် ဖြစ်တယ်။ Richard Branson ပြောခဲ့တာကတော့ “သင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းဖြင့် သင်ယူရမှာ မဟုတ်ပါဘူး” “ကိုယ်တိုင် လုပ်ကြည့်ပြီး လွှဲချော်ကျရှုံးခြင်း တွေကသာ သင်ယူရမှာပါ” လို့ပြောထားပါတယ်။

Credit; LifeStyle

 

Read times
Rate this item
(0 votes)