-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့် Product က ဈေးကွက်ထဲမှာ နေရာယူနိုင်စေမယ့် Channel Distribution!

သင့် Product က ဈေးကွက်ထဲမှာ  နေရာယူနိုင်စေမယ့် Channel Distribution! google.com

ကိုယ့်ရဲ့ Product က ဈေးကွက်ထဲမှာ နေရာယူနိုင်ပြီး ဝယ်ယူသူတွေလက်ထဲကို ရောက်ရှိနိုင်အောင် ဆိုတာ ဖြန့်ချီရေးကောင်းမှဖြစ်မှာပါ။

ဒါကြောင့်မို့ ကျနော် အခုပြောပြချင်တာကတော့ Channel Distribution အကြောင်းပါ..

Product တစ်ခုကို ထုတ်လုပ်တဲ့ လုပ်ငန်းလုပ်ကိုင်ချင်သူတွေအတွက်လည်း အသုံးတည့်ပါ လိမ့်မယ်။

ကုန်ပစ္စည်းထုတ်လုပ်သူတွေအတွက် ဖြန့်ချီရေးဆိုတာ အင်မတန်အရေးပါပါတယ်။

ဖြန့်ချီရေးကောင်းမှသာ ကိုယ့်ရဲ့ Product က ဈေးကွက်ထဲမှာ နေရာယူနိုင်မှာဖြစ်ပြီး ဝယ်ယူသူတွေလက်ထဲကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီတော့ အရေးကြီးတဲ့ ဖြန့်ချီရေးအကြောင်းကို အပိုင်းသုံးပိုင်းခွဲပြီး ပြောပြချင်ပါတယ်…

 

 ဖြန့်ချီရေးဆိုတာ ဘာလဲ?

ဖြန့်ချီရေးကို သီးသန့်လုပ်ကိုင်သူ(Distributor) တွေဟာ ရှင်းရှင်းပြောရရင် ထုတ်လုပ်သူ နဲ့ လက်လီရောင်းချသူတွေ၊ ထုတ်လုပ်သူ နဲ့ ဝယ်ယူသူအကြားမှာ ဆက်သွယ်ပေးတဲ့ သူတွေပါပဲ။

သူတို့ဟာ ထုတ်လုပ်သူတွေရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး သိုလှောင်ပါတယ်။

ပြီးရင်တော့ ကုန်ပစ္စည်းတွေရဲ့ ဖြန့်ချီရေးလမ်းကြောင်း(Distribution Channel) ကနေ တစ်ဆင့် ပြန်လည်ရောင်းချပါတယ်။

သူတို့ဟာ ထုတ်လုပ်သူ နဲ့ ဝယ်ယူသူ နှစ်ဖက်စလုံးနဲ့ ကောင်းမွန်သော ဆက်ဆံမှုကို တည်ဆောက်ထားရပါတယ်။

ဘောဂဗေဒအမြင်အရ ဖြန်ချီရေးဆိုတာက Product တွေကို ဈေးကွက်အနှံ့ ရောက်အောင် ဖြန့်ကျက်ထားခြင်းဖြင့် ဝယ်ယူရန်အဆင်သင့်ဖြစ်အောင် လုပ်ခြင်းပဲ ဖြစ်ပါတယ်။

ဖြန့်ချီရေးမှာ သယ်ယူပို့ဆောင်ခြင်း၊ ပါကင်ပိတ်ခြင်း၊ Delivery ပို့ဆောင်ပေးခြင်းတို့ ပါဝင်ပါတယ်။

ဖြန့်ချီရေးဟာ အရောင်းအတွက် အခြေခံလိုအပ်ချက် ဖြစ်တဲ့အတွက် Distributor ကို မှန်မှန်ကန်ကန်ရွေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကြာချိန် နဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

 

 ဖြန့်ချီခြင်းပုံစံ ၃မျိုး

ဖြန့်ချီရေးနည်းဗျူဟာတွေဟာ ကိုဖြန့်မဲ့ ပစ္စည်းအပေါ်မှာ အများကြီး မူတည်နေပါတယ်။

ဒါကြောင့် ဖြန့်ချီသူတွေဟာ ကိုယ်ဖြန့်ပေးရမဲ့ လုပ်ငန်းရဲ့ ပစ္စည်းကို ကြည့်ပြီး နည်းလမ်းရှာဖွေလေ့ရှိပါတယ်။

ယေဘူယျအားဖြင့် ဖြန့်ချီတဲ့နေရာမှာ နည်းလမ်း သုံးမျိုးရှိပါတယ်။

 

-Intensive Distribution(ပြင်းပြင်းထန်ထန်ဖြန့်ချီခြင်း) များနိုင်သမျှ များများဖြန့်ချီတဲ့ ဗျူဟာပါ။

တင်လို့ရတဲ့ ဆိုင်တွေ အကုန်လုံးမှာ လိုက်တင်ခြင်းပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဈေးကွက်ရဲ့ နေရာအနှံ့မှာ ရှိနေဖို့ပါ။

 

-Selective Distribution(ရွေးချယ်ပြီးဖြန့်ချီခြင်း) ကိုယ်ပစ္စည်းကို ဖြန့်ချီခြင်တဲ့ ဒေသမှာ ကိုယ်တင်ချင်တဲ့ ဆိုင်ကို သေသေချာချာရွေးပြီး တင်တဲ့ ဗျူဟာပဲ ဖြစ်ပါတယ်။

ဒါဟာ ကိုတင်မဲ့ ပစ္စည်းပေါ်မူတည်ပြီး ကိုယ့်ပစ္စည်းနဲ့ လိုက်မဲ့ ဆိုင်ကို သေသေချာချာရွေးရမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် ထုတ်လုပ်သူတွေဟာ ဈေးနုန်းကို မြင့်မြင့်သတ်မှတ်နိုင်ပြီး ကိုယ်ပစ်မှတ်ထားတဲ့ Customer အမျိုးအစားကိုလည်း ရောင်းချနိုင်ပါတယ်။

ဒီလိုမျိုး ရွေးချယ်ပြီး ဖြန့်ချီတဲ့ ပုံစံဟာ ကိုယ့်ရဲ့Productuctကို သက်ဆိုင်ရာဒေသမှာ ကိုယ်ရှိစေချင်တဲ့ နေရာမှာပဲ ရှိနေစေပါလိမ့်မယ်။

 

-Exclusive Distribution(သီးသန့်ဖြန့်ချီခြင်း) ကန့်သတ်ထားတဲ့ နေရာမှာသာ သီးသန့် ဖြန့်ချီတဲ့ ဗျူဟာမျိုးပါ။

ဒီလို ဖြန့်ချီမှုမျိုးဟာ ဇိမ်ခံပစ္စည်းတွေ၊ Branded ပစ္စည်းတွေ၊ ဈေးနုန်းကြီးမြင့်တဲ့ ပစ္စည်းတွေမှာ အများဆုံတွေ့ရပါတယ်။

ဒီလိုဖြန့်ချီခြင်းအားဖြင့် Product Brand ရဲ့ ပုံရိပ်ကို ထိန်းသိမ်းနိုင်တဲ့အပြင် သီးသန့်ဖြစ်တည်မှုကို မြင်အောင်ပြလို့ ရပါတယ်။

 

ကိုယ့် Product ရဲ့ ဖြန့်ချီရေးလမ်းကြောင်း(Distribution Channel)ကို သိအောင်လုပ်ပါ

အပေါ်မှာ Distribution Channel ဆိုတာကို ထည့်သွင်းပြောပြခဲ့ပါတယ်။

Distribution Channel ဆိုတာဟာ ထုတ်လုပ်သူ နဲ့ ဝယ်ယူစားသုံးသူ(Consumer) ကြားကို ဆက်သွယ်ပေးတဲ့ လမ်းကြောင်းတွေပါပဲ။

အဲ့ဒီလို လမ်းကြောင်းတွေဟာ ရိုးရှင်းသလို ရှုပ်ထွေးတဲ့လမ်းကြောင်းတွေလည်း ရှိပါတယ်။

တိုက်ရိုက်လမ်းကြောင်းတွေလည်းရှိသလို တိုက်ရိုက် မဟုတ်တဲ့ လမ်းကြောင်းတွေလဲ ရှိပါတယ်။

တိုက်ရိုက်လမ်းကြောင်းမှာဆိုရင် ထုတ်လုပ်သူတွေဟာ ဝယ်ယူသုံးစွဲသူတွေကို တိုက်ရိုက်ဖြန့်ချီပါတယ်။

တိုက်ရိုက်မဟုတ်တဲ့ လမ်းကြောင်းမှာဆိုရင် ကြားခံဖြန့်ချီရေးတွေကနေ တစ်ဆင့်ဖြန့်ချီပါတယ်။

အဲ့ဒီလို ထုတ်လုပ်သူနဲ့ ဝယ်ယူသူအကြား ဆက်သွယ်ပေးတဲ့ လမ်းကြောင်းတွေကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် Distribution Channelဟာ အဆင့်လေးဆင့် ရှိတာကို တွေ့ရမှာပါ။

 

-Level Zero

Level Zero လို့ခေါ်တဲ့ ပထမဆုံးအဆင့်ဟာ အရိုးရှင်းဆုံးပါပဲ။

ထုတ်လုပ်သူကနေ ဝယ်ယူသူကို တိုက်ရိုက်ရောင်းချတာကို ဆိုလိုတာပါ။

ကြားခံဖြန့်ချီပေးသူ လုံးဝမရှိလို့ Level Zero ကို ခေါ်တာပါ။

 

-Level One

Level One မှာတော့ ထုတ်လုပ်သူနဲ့ ဝယ်ယူသုံးစွဲသူကြားမှာ ကြားခံတစ်ခုရှိနေပါပြီ။

ဥပမာ ကိုယ့်လုပ်ငန်းနဲ့ ဝယ်ယူသူကြားထဲမှာ လက်လီရောင်းတဲ့ ကုန်စုံဆိုင်တစ်ဆိုင် ရှိနေတာပါ။

 

-Level Two

ဒီတစ်ဆင့်မှာတော့ ထုတ်လုပ်သူနဲ့ ဝယ်ယူသူကြားမှာ ကြားခံနှစ်ဆင့် ရှိနေပါပြီ။

ဥပမာ ထုတ်လုပ်သူမှ လက္ကားဒိုင် ၊ လက္ကားဒိုင်မှ လက်လီဆိုင် ၊ လက်လီဆိုင်မှ ဝယ်ယူသူသို့ ဆိုတာပဲ ဖြစ်ပါတယ်။

ထုတ်လုပ်သူ နဲ့ ဝယ်ယူသူကြားထဲမှာ လက္ကား နဲ့ လက်လီဆိုပြီး နှစ်ဆင့်ခံနေတာကို တွေ့ရမှာပါ။

 

-Level Three
ဒီတစ်ဆင့်မှာပိုလာတာက အေးဂျင့်(သို့)ပွဲစားတွေပါ။

အေးဂျင်တွေက ထုတ်လုပ်သူတွေရဲ့ ကိုယ်စား လက္ကားဒိုင်တွေနဲ့ ညှိနိုင်းတယ်။

လက္ကားဒိုင်တွေက လက်လီဆိုင်တွေကိုဖြန့်ချီတယ်။

လက်လီဆိုင်တွေကနေတစ်ဆင့် ဝယ်ယူသူတွေ လက်ထဲရောက်ပါတယ်။

ထုတ်လုပ်သူနဲ့ ဝယ်ယူသူတွေကြားထဲမှာ အေးဂျင့် ၊ လက္ကား နဲ့ လက်လီဆိုင်ဆိုပြီး အဆင့်၃ဆင့် ရှိမှာကို တွေ့ရမှာပါ။

Recommended for you-ဒီအချက်တွေကို လိုက်နာရင် ဈေးကွက်မှာ ဘယ်တော့မှ မကျရှုံးတော့ဘူး!

Credit; htetzanlinn

Read times
Rate this item
(2 votes)