-->
×

Warning

JUser: :_load: Unable to load user with ID: 29


Company Profile ဆိုတာ

Company Profile ဆိုတာ google

Company Profile ဆိုတာကတော့ သင့်အဖွဲ့အစည်းရဲ့ အကြောင်းကို သင့်ကိုယ်စားပြောပြပေးတဲ့ အဆင့်အတန်းကိုပြသတဲ့ Communication material ပဲဖြစ်ပါတယ်။ Corporate Brochure လို့လည်းခေါ်ပါတယ်။

? ဘယ်လိုတည်ထောင်ခဲ့တယ်၊
? ဘယ်သူတွေက တည်ထောင်ခဲ့တယ်၊
? ဘာရည်ရွယ်ချက်တွေနဲ့ တည်ထောင်တယ်၊
? ဘာတွေလုပ်ဆောင်ကြမယ် စတဲ့အချက်တွေပါဝင်ပါတယ်။ Brand Catalogue/Brand Portfolio အမှတ်တံဆိပ်တွေအတွက်လည်း လုပ်လေ့ရှိပါတယ်။

Company Profile ဆိုတာ လုပ်ဖို့လိုလို့လား။ ဘယ်သူတွေကိုပေးမလဲ။ ဘယ်နေရာတွေမှာသုံးမလဲဆိုရင်တော့

? အဖွဲ့အစည်းတွေ ရုံးတွေမှာ သင့်လုပ်ငန်း (သို့) အမှတ်တံဆိပ်ကို စာရင်းသွင်းတဲ့အခါ ၊
? Procurement Department လို့ခေါ်တဲ့ အ၀ယ်တော်ဌာနတွေကို တင်ပြတဲ့အခါ၊
? Project အကြီးကြီးတွေအတွက် Bidding ခေါ်တဲ့အခါတွေမှာ၊
? Business to Business ဈေးကွက်ချဲ့ထွင်ရေးတွေမှာ ပေးလေ့ရှိပါတယ်။

ပါဝင်တဲ့အချက်အလက်တွေသာမက တင်ပြပုံတွေက သင့်လုပ်ငန်းက ဘယ်လောက် ယုံကြည်စိတ်ချရတယ် ဘယ်လောက်အဆင့်အတန်းရှိတယ် သင်ဘယ်လောက်ကောင်းကောင်းပြင်ဆင်ထားတယ် ဆိုတာကို သင့်ကိုယ်စား ရွေးချယ်ရေးအဖွဲ့တွေကို ဆွဲဆောင်နိုင်အောင် communicate လုပ်ပေးမှာဖြစ်ပါတယ်။

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

Company Profile ဆိုတာ လုပ်ဖို့လိုလို့လား၊ ဘယ်နေရာတွေမှာသုံးမလဲ။ ဘယ်သူတွေကိုပေးမလဲ စသဖြင့် မကြာခဏမေးမြန်းကြပါတယ်။

သာမန် ခေါက်ချိုး Brochure/ Pamphlet/ Flyer တွေမှာတော့ သင့်လုပ်ငန်းရဲ့ ၀န်ဆောင်မှုတွေကို ပိုမိုအသားပေးဖော်ပြလေ့ရှိပြီး mass production အရေအတွက် အများအပြားထုတ်လေ့ရှိပါတယ်။ နေရာမရွေး ပေါပေါများများ Public ဖြန့်ဝေတဲ့အခါတွေ၊ Event ၊ Trade Show စသည်တို့မှာ သုံးလေ့ရှိပါတယ်။ ပုံနှိပ်ခအနေနဲ့ဆိုရင်လည်း Brochure ထုတ်လုပ်စရိတ်က Profile ထုတ်လုပ်စရိတ်ထက်များစွာ သက်သာလေ့ရှိပါတယ်။

အဓိကကတော့ သူ့နေရာနဲ့သူ သုံးတတ်ဖို့လိုပါတယ်။
❎ Profile သုံးသင့်တဲ့နေရာ မှာ Brochure သုံးလို့အဆင်မပြေသလို ၊
❎ Brochure လောက်နဲ့အဆင်ပြေမယ့်နေရာမှာ Profile သုံးရင်လည်း ပုံနှိပ်ခကုန်ကျမှု ပိုမိုမြင့်သွားနိုင်ပါတယ်။

သင့်အနေနဲ့လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်တော့ Profile ကို ပြင်ဆင်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ တခါတရံမှာ သင်မမျှော်လင့်ထားတဲ့အခွင့်အရေးတွေက သင့်ကိုစောင့်ကြိုနေတတ်ပါတယ်။

? ပေါ်လာတဲ့အခွင့်အရေးတွေကို အမိအရဖမ်းယူနိုင်ကြဖို့ ဆန္ဒပြုရင်း မျှဝေပေးလိုက်ပါတယ်။

ကိုယ်ပိုင်အစွမ်းအစဖြင့် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာဖြစ်လာတဲ့ Kylie Jenner

 

Credit - The Branded Creative

 

Read times
Rate this item
(1 Vote)