-->
×

Warning

JUser: :_load: Unable to load user with ID: 28


ဖောက်သည်များရဲ့ သဘောထား

ဖောက်သည်များရဲ့ သဘောထား Google.com

ဖောက်သည်များရဲ့ သဘောထား

ဘယ်ကုမ္ပဏီ ၊ ဘယ်လုပ်ငန်း မှာပဲဖြစ်ဖြစ် မိမိလုပ်ငန်းရဲ့ ဖောက်သည်တစ်ယောက်ရရှိလာအောင် ကြိုးစားရင်း မိမိရဲ့အချိန်တွေကို အဆိုပါ ဖောက်သည် တစ်ယောက်တည်းနဲ့ကုန်ဆုံးသွားခြင်း ၊

ဝန်ထမ်းတစ်ယောက်ပြီး တစ်ယောက်ပြောင်း၍ ကြိုးစားသော်လည်း မိမိဖောက်သည်ဖြစ်မလာခြင်း ၊ မဖြစ်နိုင်သော တောင်းဆိုချက်များ တောင်းဆိုတတ်တဲ့ ဖောက်သည်တစ်ယောက်မဟုတ် တစ်ယောက် ရှိကြစမြဲပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အဆိုပါဖောက်သည်များအကြောင်းကို သိရှိနားလည်ပြီး ညှိနှိုင်းဆွေးနွေးနိုင်လျှင် မိမိကုမ္ပဏီအတွက် အကျိုးအမြတ်ပင်ဖြစ်ပေသည်။

မိမိဘာလိုချင်သည်ကို မသိသော သူများ

- စိတ်ထဲတွင် အမြဲတမ်း တစ်ခုပြီးတစ်ခု ပြောင်းလဲနေသူ ၊ မိမိနဲ့ပြောဆိုနေတုန်းက လိုအပ်ချက်တစ်ခု တကယ်လုပ်မယ်ဆိုတော့ နောက်တစ်ခု ပြောင်းသွားသူ။

- သူနဲ့တွေ့ဆုံခဲ့စဉ်က သူ့ရဲ့ဆုံးဖြတ်ချက်တွေကို ရေးချမှတ်သားထားပြီး သူ့ကို ပြန်လည်ပြသပါ။ တစ်ခုခုထပ်ပြောင်းပါက သာမန်အသေးအဖွဲ့လေးများသာ ပြောင်းလဲပေးနိုင်ရင် ပြောင်းပေးပါ။

လိုတာထက်ပိုပြီး လိုချင်သူများ

- မိမိလုပ်ငန်းရဲ့သက်ဆိုင်သော အခွင့်အရေးအားလုံးကို လိုချင်သူ။

- သဘောတူညီမှုထားရှိသော ရပိုင်ခွင့်သာ ရရှိမည်ဖြစ်ကြောင်း နားလည်အောင် ရှင်းပြပါ။

Read times
Rate this item
(1 Vote)