-->
×

Warning

JUser: :_load: Unable to load user with ID: 28


ဖောက်သည်များရဲ့ သဘောထား ၂

ဖောက်သည်များရဲ့ သဘောထား ၂ Google.com

ဖောက်သည်များရဲ့ သဘောထား ၂

ဘယ်ကုမ္ပဏီ ၊ ဘယ်လုပ်ငန်း မှာပဲဖြစ်ဖြစ် မိမိလုပ်ငန်းရဲ့ ဖောက်သည်တစ်ယောက်ရရှိလာအောင် ကြိုးစားရင်း မိမိရဲ့အချိန်တွေကို အဆိုပါ ဖောက်သည် တစ်ယောက်တည်းနဲ့ကုန်ဆုံးသွားခြင်း ၊

ဝန်ထမ်းတစ်ယောက်ပြီး တစ်ယောက်ပြောင်း၍ ကြိုးစားသော်လည်း မိမိဖောက်သည်ဖြစ်မလာခြင်း ၊ မဖြစ်နိုင်သော တောင်းဆိုချက်များ တောင်းဆိုတတ်တဲ့ ဖောက်သည်တစ်ယောက်မဟုတ် တစ်ယောက် ရှိကြစမြဲပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အဆိုပါဖောက်သည်များအကြောင်းကို သိရှိနားလည်ပြီး ညှိနှိုင်းဆွေးနွေးနိုင်လျှင် မိမိကုမ္ပဏီအတွက် အကျိုးအမြတ်ပင်ဖြစ်ပေသည်။

သူလိုချင်တာ ၊ သူဖြစ်ချင်တာပဲ သိသောသူ

- နားလည်သဘောပေါက်မှုအားနည်းသော သူတစ်ယောက်ဖြစ်ပါတယ်။ အလုပ်တစ်ခုကို သူလိုချင်သည့် အချိန်တွင် လုံးဝပြီးရမည်ဟု ထင်မြင်နေသူ။

- မဖြစ်နိုင်သော အခြေအနေတစ်ခုကို တောင်းဆိုလာလျှင် သူတို့နားလည်အောင် ဖြစ်နိုင်သည့် အခြေအနေကို ရှင်းပြပါ။

အရာရာကို အချိန်တိုင်း အရေးပေါ်ဖြစ်နေသောသူ

- အခြားလုပ်ငန်းများကို ဂရုမစိုက်ပဲ သူ့လုပ်ငန်းတစ်ခုတည်းကို မပြီးမချင်း အချိန်ပြည့် အာရုံစိုက်ပြီး လုပ်စေသောသူ။

- အချိန်ဇယားတစ်ခုထားရှိပြီး မည်သည့်အချိန်တွင် မည်သို့လုပ်ကိုင်ပြီးစီးမည်ဆိုသည်ကို ပြသလုပ်ကိုင်ပါ။ အခြားအလုပ်များ လုပ်ကိုင်ရန် ရှိသေးသည်ကို သတိပြုပါ။

Read times
Rate this item
(0 votes)