-->
×

Warning

JUser: :_load: Unable to load user with ID: 28


ဖောက်သည်များအား ၀န်ဆောင်မှုပေးခြင်း

ဖောက်သည်များအား ၀န်ဆောင်မှုပေးခြင်း Google.com

ဖောက်သည်များအား ၀န်ဆောင်မှုပေးခြင်း

စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုဆိုတာ (Customer) အရေအတွက် များစွာပိုင်ဆိုင်နေခြင်းလို့လည်း ဆိုနိုင်ပါတယ်။

Customer သီအိုရီတစ်ခုကတော့ (No Customer = No Business) ပါပဲ ၊ ဖောက်သည်တွေသာ မရှိခဲ့ဘူးဆိုရင် စီးပွားရေးဆိုတာလည်း မရှိပါဘူးတဲ့။

Customer တိုင်းဟာ Value ဆိုတဲ့ (တန်ဖိုးတရား) ကိုရှေးရှုတက်ကြပါတယ်။ သဘောတရားမှာတော့ Value = Benefit / Cost ပါပဲ ၊ သူတို့ပေးလိုက်တဲ့ ကုန်ကျစရိတ်-အချိန်ထက်စာရင် ၊ ပြန်ရလိုက်တဲ့ တန်ဖိုး-အရည်အသွေးက ပိုကောင်းနေရင်တော့ Customer Satisfy (ဖောက်သည် စိတ်ကျေနပ်မှု) ဆိုတာ ဖြစ်လာပါတယ်။

လုပ်ငန်းတိုင်းမှာ Company ကုမ္ပဏီ ၊ Competitor ပြိုင်ဘက်၊ Customer ဆိုပြီး အဓိက အာရုံစိုက်ဖို့လိုပါတယ်။

ခေတ်ပြိုင်စီးပွားရေးဖြစ်လာတာနဲ့ Customer ဆိုတာ (Value - တန်ဖိုးတရားပိုပေးနိုင်တဲ့) ဘက်ကို ယိုင်လဲမှာဖြစ်ပါတယ်။

မိမိက တန်ဖိုးပိုပေးရင် မိမိဘက်မှာရှိပြီး ၊ Competitor က တန်ဖိုးပိုပေးရင် အပြိုင်ဘက်က အနိုင်ရသွားမှာပါ။့ 

စီးပွားရေးတစ်ခုမှာတော့ အဓိက အာရုံစိုက်ရမှာတော့ မိမိဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုကို အမြဲတမ်းပေးနေဖို့လိုပါတယ်။

Customer ၀န်ဆောင်မှုအတွက် အကောင်းဆုံးသော လိုအပ်ချက်များ

- ဖောက်သည်ကို အသိအမှတ်ပြုပေးနိုင်ခြင်း။

- ဖောက်သည်တွေရဲ့ လိုအပ်မှုကို ခန့်မှန်းနိုင်ခြင်း။

- ဖောက်သည်ရဲ့ စိတ်ကျေနပ်မှုကို ၀န်ဆောင်မှုပေးခြင်း။

- ဖောက်သည်တွေကို နွေးထွေးရင်းနှီးစွာ ဆက်ဆံပေးမှုရှိခြင်း။

- ဖောက်သည်တွေကို ကျေးဇူးတင်တဲ့ အပြုအမူ အမြဲဖြစ်ခြင်း။

- အဆင်ပြေမှုအသွင် ဟုတ်ကဲ့စေသော ၀န်ဆောင်မှုမျိုး ရှိစေခြင်း။

Source: myanmarleaders

Read times
Rate this item
(1 Vote)