-->
×

Warning

JUser: :_load: Unable to load user with ID: 28


အာရှပစိဖိတ်ဒေသရှိ အကောင်းဆုံးသော ကုန်ပစ္စည်း တံဆိပ် (Brand) ၃ မျိုး

အာရှပစိဖိတ်ဒေသရှိ အကောင်းဆုံးသော ကုန်ပစ္စည်း တံဆိပ် (Brand) ၃ မျိုး google

၂၀၁၆ ခုနှစ်အတွက် Brand အကောင်းဆုံး ကုမ္ပဏီ ၅ခုနဲ့ ပတ်သက်ပြီးတင်ပြလိုက်ပါတယ်။

၁. ဆမ်ဆောင်း

ဆမ်းဆောင်းကုမ္ပဏီသည် ၂၀၀၄ခုနှစ်တွင် အဆင့် ၁၅ နေရာမှ ၂၀၁၂ ခုနှစ်တွင် ၁နေရာအဖြစ်ရပ်တည် လာခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ နံပါတ်တစ် Brand နေရာကိုထိမ်းသိမ်းလာခဲ့တာဖြစ်ပါသည်။ ၂၁၀၆ ခုနှစ်အတွက် Asia Pacific ရှိကြော်ငြာအသုံးအစရိတ်မှာ ဂျပန်တွင် 30 million USD၊ အိန္ဒိယတွင် 242 million USD နဲ့ တရုတ်တွင် 377 million USD အထိသုံးစွဲခဲ့တာဖြစ်ပါတယ်။

၂. Apple ဖုန်းနှင့် အခြားလျှပ်စစ်ပစ္စည်းများ

Apple သည် ၂၀၀၄ ခုနှစ်တွင် အာရှ ပစိဖိတ်ဒေသတွင် နံပါတ် ၁၂၇ မှ ၂၀၁၂ခုနှစ်တွင် အဆင့် ၂ သို့ရပ်တည်ခဲ့ပြီး ၂၀၁၆ခုနှစ်အထိ အဆင့်နှစ်ကိုထိန်းသိမ်းလာခဲ့တာဖြစ်ပါသည်။ ကြော်ငြာအသုံးစရိတ် တွေကတော့ ၂၀၁၆ခုနှစ်တွင် အိန္ဒိယတွင် 72 million USD၊ ဂျပန်တွင် 129 million USD နှင့် တရုတ်တွင် 362 million USD အထိ သုံးစွဲခဲ့ပါသည်။

၃. Sony လျှပ်စစ်ပစ္စည်းဆိုင်ရာ ကုမ္ပဏီ

ဒီကုမ္ပဏီကတော့ ၂၀၀၄ ခုနှစ်မှာ အဆင့် ၁နေရာမှာရပ်တည်ခဲ့ပြီး ၂၀၀၆ခုနှစ်မှာ အဆင့်၂ကို ဆင်းသွားခဲ့ပြီး ၂၀၀၈မှ ၂၀၁၁ အထိ အဆင့်၁ နေရာကို ပြန်ယူခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် Brand အကောင်းဆုံးအဖြစ် အဆင့် ၃ကို ပြန်ဆင်းသွားတာပါ။ ကြော်ငြာအသုံးစရိတ်တွေကတော့ ၂၀၁၆တွင် တရုတ်နိုင်ငံမှ 16 million USD၊ အိန္ဒိယတွင် 104 million USD နဲ့ ဂျပန်နိုင်ငံတွင် 233 million USD အထိသုံးစွဲခဲ့တာဖြစ်ပါသည်။

Read times
Rate this item
(1 Vote)