-->
×

Warning

JUser: :_load: Unable to load user with ID: 28


အောင်မြင်လိုတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဆောင်ရွက်သင့်သည့်အချက် ၁၂ ချက် (၂)

အောင်မြင်လိုတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်လိုသူတွေလိုက်နာသင့်တဲ့ ကျန်ရှိနေတဲ့အချက် ၆ချက်ကို ဆက်လက်တင်ပြပေးလိုက်ပါသည်။

၇. ကိုယ့်ဘ၀အတွက် အားကျရမယ့်လူတွေကို ရှာဖွေထားပါ။

ကိုယ်အားကျရတဲ့သူက ဘယ်သူပါလဲ။ ကိုယ့်ဘ၀အတွက် လမ်းညွှန်ပေးသူကဘယ်သူပါလဲ။ ကိုယ့်လုပ်ငန်း ဘယ်အခြေအနေရောက်နေမှန်းမသိတဲ့အခါ ဘယ်သူ့ဆီသွားပါသလဲ။ ဒီတော့ကိုယ့်ဘ၀အတွက်အားကျရမယ့် လူ၊ လမ်းညွှန်ပေးမယ့်လူကိုရှာထားပါ။

၈. စာဖတ်ပါ။

၈နှစ်အတွင်းမှာ စွန့်ဦးတီထွင်ထောင်ပေါင်းများစွာကို အင်တာဗျူးတဲ့အခါ တူညီတဲ့အချက်က အားလုံးစာဖတ်ကြ ပါသည်။ သူတို့ဟာ မနက်တိုင်းသတင်းဖတ်ကြပါသည်။ ပြီးတော့ ၀တ္ထုကိုဥာဏ်ကွန့်မြူးဖို့အတွက်လည်းဖတ်ကြ ပါသည်။ ပြီးတော့ စီးပွားရေးစာအုပ်များကို ကောင်းမွန်တဲ့ ခေါင်းဆောင်ဖြစ်အောင် ဖတ်ကြပါတယ်။ ဒီတော့ ဘယ်စာအုပ်ကိုဘာကြောင့်ဖတ်တယ် ဆိုတာကို မှတ်ထားပြီး၊ တစ်နှစ်လုံးစာဖတ်မယ့်စာအုပ်တွေကို မှတ်သား ထားပါ။

၉. အချိန်အများစုကို မေးခွန်းများမေးဖို့ထားပါ။ အရမ်းဖြေဖို့ မကြိုးစားပါနဲ့။

အသက်ကြီးလာတာနဲ့ အမျှကိုယ်မသိတဲ့အရာက မသိတာပါ။ ဒီတော့ မေးခွန်းများမေးပါ၊ စကားပြောရင် ဖြည်းဖြည်းပြောပြီး၊ နားထောင်တဲ့နေရာမှာ မြန်ပါစေ။

၁၀. သူငယ်ချင်းများရှာပါ။

ထိပ်ဆုံးမှာနေရတာဟာ အထီးကျန်ပါတယ်။ မင်းအောင်မြင်လာလေလေ၊ သူငယ်ချင်းနည်းလာလေလေပါပဲ။ သူတို့ဖြစ်ချင်တာတွေ ဖြစ်လာတဲ့အချိန်မှာ တစ်ယောက်တည်းဖြစ်နေတတ်ပါတယ်။ ဒီတော့ မင်းအချိန်တိုင်း ခေါ်နိုင်တဲ့သူငယ်ချင်းများကို တန်ဖိုးထားပါ။

၁၁. ကိုယ့်ကိုဘယ်လို မှတ်မိနေစေချင်တာကို စဉ်းစားထားပါ။

စိတ်ဝင်စားစရာကောင်းတာက လူတွေကိုသူတို့ကိုယ် သူတို့အခြားလူဘယ်လို မှတ်မိစေချင်လဲဆိုတာပါပဲ။ ကျွန်တော်တို့လူတွေကို မှတ်မိစေချင်တဲ့ပုံစံရှိပေမယ့်၊ တကယ်အကောင်အထည်ဖော်တာနည်းပါတယ်။

၁၂. ကိုယ်ထားခဲ့တဲ့အရာတွေ၊ အရင်ကထက်ပိုမိုကောင်းမွန်နေပါစေ။

လူတွေဟာ ကိုယ်တွေ့ရှိခဲ့တဲ့နေရာကို ကိုယ်ထားခဲ့တဲ့အခါ ပိုမိုကောင်းမွန်နေသင့်ပါတယ်။ ကိုယ်နေတဲ့ ရုံး၊ ကျောင်း၊ အိမ်၊ အဖွဲ့အစည်းက ကိုယ်ထွက်သွားတဲ့အခါ ပိုမိုကောင်းမွန်နေပါသလား။ Vanderbloemen Search Group ရဲ့ဆောင်ပုဒ်ကတော့ စဉ်ဆက်မပြတ် တိုးတက်စေမှုပါပဲ။ ဒီစကားစုဟာ ကိုယ့်ကိုတိုင်၊ ပတ်ဝန်းကျင်၊ စနစ် တို့ကိုပိုမိုကောင်းမွန်လာအောင်လုပ်ဆောင်ဖို့ သတိပေးနေသလိုပါပဲ။

ဒီအချက်၁၂ ချက်ကတော့ ခေါင်းဆောင်တိုင်းလိုက်နာသင့်တဲ့အချက်တွေပဲ ဖြစ်ပါသည်။

Source: Forbes

Read times
Rate this item
(1 Vote)