-->
×

Warning

JUser: :_load: Unable to load user with ID: 28


Warren Buffet နှင့် Ann Graybiel တို့၏ အကျင့်စရိုက်ပြောင်းလဲမှု အပေါ် အကြံပြုချက်များ

Warren Buffett မှကျောင်းသူ၊ ကျောင်းသာများအား ပြောလေ့ပြောထရှိသော စကားကတော့၊ သူတို့လုပ်နိုင်တဲ့ အကောင်းဆုံးအရာက ကိုယ့်ကိုကိုယ်ကောင်းမွန်တဲ့အလေ့အထတွေ ဖန်တီးဖို့ပါပဲ။

Buffett အဆိုအရဆိုရင်တော့ ကျောင်းသားအရွယ်မှာ အလေ့အကျင့်ကောင်းတွေဖန်တီးဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါသည်။ အသက်ကြီးလာ သည်နှင့်အမျှ အကျင့်ဆိုတာပြောင်းရတာ တော်တော်ကိုခက်လာပါသည်။ ဒါပေမယ့် သိပံ္ပပညာရှင် Ann Graybiel ကတော့အသက်ဆိုတာ လူတွေထင်သလောက် အရမ်းအရေးမကြီးဘူးလို့ ဆိုထားပါသည်။

Buffett ကျောင်းသားများကို အကြံပေးထားတာကတော့ ရိုးရှင်းပါသည်။ ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့် ပြီးဘယ်လိုလူမျိုးကိုကြိုက်ပါသလဲ။ ဘယ်လိုလူမျိုးကို မကြိုက်ပါသလဲ။ ပြီးတော့ ဘယ်အချက်တွေကြောင့် ဒီလိုလူမျိုးတွေကို ကြိုက်တာ၊မကြိုက်တာ ဖြစ်ပါသလဲ။

Buffett ရဲ့ဆရာဖြစ်သော Bejamin Graham ဟာကိုယ့်အပြုအမူကိုပြန်ဆန်းစစ်ဖို့အတွက် ဒီလိုနည်းလမ်းကို အသုံးပြုပါသည်။ Graham ဆိုတာကတော့ Value Investing ဆိုတဲ့စာအုပ်နဲ့ Intelligent Investor ဆိုတဲ့ စာအုပ်ကို တွဲဖက်ရေးသားသူဖြစ်ပြီး၊ Columbia University က Buffet ရဲ့ ပါမောက္ခလည်းဖြစ်ပါသည်။

နောက်ပိုင်းမှာ ကျွန်တော်ဟာ ကိုယ့်ကြိုက်တဲ့လူတွေရဲ့ အကျင့်စရိုက်ကိုမှတ်သားထားပြီး၊ ကိုယ့်မကြိုက်တဲ့ လူတွေရဲ့စရိုက်ကိုပါ မှတ်သားထားပါသည်။ ကြင်နာမှု၊ ရက်ရောမှု၊ ကိုယ့်ကိုနှိမ့်ချမှု၊ ရိုးသားမှု နဲ့ ဟာသဥာဏ်ရွှင်မှုတွေဟာ အရေးကြီးပါသည်။ ကျွန်တော်ဟာ စည်းကမ်းရှိသူ၊ ရည်မှန်းချက်ရှိသူတို့ကို လည်း ကြိုက်တာကို မြင်လာပါသည်။ ပြီးတော့ ကိုယ့်ကိုကျန်းမာရေးဂရုစိုက်သူတွေကို လည်းသဘောကျပါသည်။ ပြီးတော့ မကြိုက်တဲ့လူတွေကတော့ တစ်ကိုယ်ကောင်းဆန်သူ၊ ရည်ရွယ်ချက်ပြတ်ပြတ်သားသားမရှိသူ၊ အတင်းပြောတတ်သူတွေဖြစ်ပါသည်။ နောက်တစ်ချက်က ကိုယ့်အပြစ်ကိုယ် ပြင်ပကြောင့် ဖြစ်တာပါဆိုပြီး အပြစ်တင်တတ်သူတွေဖြစ်ပြီး၊ ကိုယ့်ကိုယ်ကို အမြဲမကျေနပ်ကြသူတွေဖြစ်ပါသည်။

ဒီတော့ ကိုယ့်အကျင့်တွေကို မပြောင်းခင်မှာ အခုလိုကောင်းခြင်း၊ ဆိုးခြင်းအချက်တွေကို မှတ်သားထားပါသည်။ ၂၀၁၆ခုနှစ်ကုန်ဆုံးခါနီးမှာ ကျွန်တော် ဦးနှောက်နဲ့အာရုံကြောပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး၊ နောက်ထပ် MIT တက္ကသိုလ် ရဲ့ပါမောက္ခဖြစ်တဲ့ (Ann Graybiel) နဲ့ တွေ့ဆုံခဲ့ပြီး အကျင့်ပြောင်းလဲ ခြင်းနဲ့ပတ်သက်တဲ့အချက်တွေကို မေးမြန်းခဲ့ပါသည်။

Pat Brans: Warren Buffett ပြောကြားခဲ့တဲ့ အလေ့အကျင့်ပြောင်းလဲခြင်းနဲ့ ပတ်သက်တဲ့အချက်ကို ဘယ်လိုမြင်ပါလဲ။

Ann Graybiel: Buffet ပြောခဲ့တဲ့အချက်တွေက အရမ်းကောင်းပါတယ်။ ကိုယ်ကြိုက်တဲ့ သူများအကျင့်ကိုကူးချ တာကလည်း အရမ်းကောင်းတဲ့အတွေးပါ။ ရှေးဂရိလူမျိုးတွေကလည်း ဒီအကြောင်းကို အများကြီးရေးခဲ့ပါသည်။ ကိုယ့်ဘ၀မှာ လမ်းညွှန်သူတစ်ဦးကလည်းအရေးပါပါတယ်။ ဒါပေမယ့် အသက်ကြီးလို့ ပြောင်းလဲဖို့ခက်တယ် ဆိုတဲ့အချက်ကိုတော့ ကျွန်တော်လက်မခံပါဘူး။

Brans: ဒါဆို အသက် ၅၄ ရှိနေပြီဖြစ်တဲ့ကျွန်တော် ကအကျင့်တွေကိုပြောင်းလဲနိုင် သေးတယ်ဆိုတဲ့သဘောပေါ့။ ဒါဆို အသက်နဲ့ အကျင့်အကြောင်းပြောပြပေးပါလား။

Graybiel: အကျင့်တွေကိုပြောင်းလဲဖို့ နောက်ကျတယ်ဆိုတာမရှိပါဘူး။ အသက်ကြီး လာတာနဲ့အမျှ ခက်ခဲတာတော့မှန်ပါတယ်။ ဒါကအသက်နဲ့ အချိန်နဲ့ကြောင့်ပိုဆိုင်မယ်လို့ ထင်ပါတယ်။ အသက်ကြီးလာလေ၊ ပို အလုပ်ရှုပ်လေပါပဲ။ ပြီးတော့မိသားစုကို စောင့်ရှောက်ဖို့အတွက် ပိုပြီးအလုပ်လုပ်လာကြပြီး၊ ကိုယ့်အတွက်ကို ပြင်ဆင်ဖို့အချိန်မပေးနိုင်တာဖြစ်လာပါတယ်။ ဒီတော့ ကိုယ်အချိန်တွေကို ဦးစားပေးဘာလုပ်မယ် ဆိုတာရယ်၊ လုပ်ချင်တဲ့စိတ်ရယ်ဖြစ်လာတဲ့အခါမှာ ပြောင်းလဲနိုင်ပါတယ်။

Brans: ခုလိုကောင်းတဲ့အကျင့်စရိုက်၊ ဆိုးတဲ့အကျင့်စရိုက်မှာမှ၊ အသက်ရှုတာ၊ စားတာ၊ စက်ဘီးစီးသင်တာ တွေကကော အကျင့်စရိုက်လား။ အခြားနည်းနဲ့ပြောမယ်ဆိုရင် ဒီအရာတွေအတွက် ဦးနှောက် လုပ်ဆောင်တဲ့ လုပ်ငန်းကတူလား။

Graybiel: အကျင့်စရိုက်ဆိုတာ အဓိပ္ပါယ်ဖွင့်ဖို့ခက်ပါတယ်။ ပြီးတော့ အကျင့်စရိုက်ရယ်၊ ကျွမ်းကျင်မှုရယ်မှာ ပိုပြီးအဓိပ္ပါယ်ဖွင့်ရတာ ခက်ပါတယ်။ ဥပမာအားဖြင့် Piano တီးသင်ဖို့အတွက် နှစ်လ သုံးလကြာတယ်၊ပြီးတော့ မတီးတော့ နှစ်ပေါင်းများစွာရပ်ထားမယ်ဆိုရင်၊ အရာအားလုံးကို တစ်ကပြန်စရမှာပါ။

ဒီတော့ အကျင့်တစ်ခုဖြစ်ဖို့ဆိုတာ အချက်အလက်ပေါင်းများစွာ ပေါင်းစည်းထားတာပါ။ ပထမက သင်ယူပြီး၊ ဦးနှောက်က အချက်အလက်တွေကို စနစ်တကျသိမ်းဆည်းပြီး နောက်ပိုင်းမှာ အသေးစိတ်စဉ်းစားစရာမလို လုပ်နိုင်လာတာပါ။

Source: Forbes

 

Read times
Rate this item
(3 votes)