-->
×

Warning

JUser: :_load: Unable to load user with ID: 28


ကမ္ဘာပေါ်ရှိ လုပ်ခလစာ အမြင့်ဆုံးနိုင်ငံများ

HR မန်နေဂျာများရဲ့ ခေါင်းထဲမှာတော့ အရည်အချင်းရှိတဲ့ ၀န်ထမ်းတစ်ယောက်ကိုဘယ်လောက် ပေးသင့်လဲဆိုတာသိကြပေမယ့်၊ နိုင်ငံတစ်ခု နဲ့တစ်ခု နှုန်းထားတွေက မတူညီကြပါဘူး။

ဒီလို မတူညီတဲ့ လစာနှုန်းထားတွေကို စီကြည့်လိုက်ဖို့အတွက် နိုင်ငံတစ်နိုင်ငံက ကျောင်းပြီးကာစ ကျောင်းသား တွေရဲ့ မျှော်မှန်းလစာတွေနဲ့ စီထားပါသည်။

ဘယ်နိုင်ငံတွေက ကျောင်းပြီးကာစ ကျောင်းသားတွေကို အများဆုံးပေးပါသလဲ။ ဆွီဇာလန်နိုင်ငံမှ ကျောင်းသား များဟာ တစ်လကို ၀င်ငွေ $7038.80 ( ကျပ်သိန်း၈၀ ၀န်းကျင်)ရရှိနိုင်တာဖြစ်ပြီး၊ တစ်နှစ်လျှင် $84466 ရရှိနိုင်ပါသည်။

ဒီနိုင်ငံမှာလည်း ကျား၊မ လစာရရှိနှုန်းကွာခြားမှုရှိပြီး၊ ၊ ယောကျာ်းလေးများဟာ $7423.40 ရရှိနိုင်ပြီး၊ မိန်းကလေးများသည် ပျမ်းမျှ $6517.90 ရရှိနိုင်တာဖြစ်ပါသည်။

 

နော်ဝေနိုင်ငံဟာ ကမ္ဘာ့လစာအများဆုံး ရရှိနိုင်တဲ့ ဒုတိယနိုင်ငံဖြစ်ပြီး ပျမ်းမျှ တစ်နှစ်လျှင် $71324 မှ $68225 အထိဖြစ်ပါသည်။

U.S နိုင်ငံကတော့ စတုတ္ထနေရာမှာရပ်တည်နေတာဖြစ်ပြီး၊ အမေရိကန်ကျောင်းသားများဟာ တစ်လကို $4727.70 ကနေ $55532 အထိဖြစ်ပါသည်။ ယောကျာ်းလေးကျောင်းသားများဟာ တစ်ကိုလှင် $5040.10 ရရှိနိုင်တာဖြစ်ပြီး၊ အမျိုးသမီးများသည် $ 4377.60 အထိရနိုင်ပါသည်။

နံပါတ်ငါးနေရာကတော့ ဂျပန်နိုင်ငံဖြစ်ပြီး တစ်လလျှင် $4569.30 ရရှိနိုင်ပါသည်။

ဂျာမနီနိုင်ငံကတော့ နံပါတ်ခြောက်မှာဖြစ်ပြီး ကျားမလစာကွာခြားနှုန်းအကြီးမားဆုံး နိုင်ငံဖြစ်ပါသည်။ အမျိုးသားများဟာ တစ်လလျှင် $4512.30 ကနေပြီး၊ အမျိုးသမီးများသည် $800 နဲ့ အထက်ဖြစ်ပါသည်။

Source: Forbes 

Read times
Rate this item
(1 Vote)