-->
×

Warning

JUser: :_load: Unable to load user with ID: 28


ဘယ်လို အကျင့်ဆိုးတွေက ကိုယ့်ရဲ့အရည်အချင်းကို ထိခိုက်စေတာလဲ။

မကောင်းတဲ့အကျင့်များကို မွေးမြူထားခြင်းသည် မိမိအရည်အသွေးကိုနိမ့်ကျစေပါတယ်။ တစ်ခါတစ်ရံ မိမိသတိမထားမိခင် ဖြည်းဖြည်းခြင်းဆိုးဝါးတဲ့ ထိခိုက်မှုတွေဖြစ်လာနိုင်ပါသည်။

မကောင်းတဲ့အကျင့်များ မွေးမြူထားခြင်းဟာ မိမိရဲ့တိကျမှု၊ တီထွင်စွမ်းအားနဲ့ လုပ်အားတွေကို လျော့ကျစေပါသည်။ ဒီတော့ မကောင်းတဲ့အမူအကျင့်တွေကို ထိန်းချုပ်ဖို့လိုအပ်ပြီး၊ မိမိကို ထိန်းချုပ်နိုင်စွမ်းရှိ သူများသည် ပိုမိုပျော်ရွှင်ကြသူများဖြစ်ကြပါသည်။

 

၁. ဖုန်း၊ Tablet နဲ့ ကွန်ပြူတာကို အိပ်ရာထဲမှာအသုံးပြုခြင်း။

လူတွေရဲ့ ဒီအကျင့်ဟာ သူတို့ရဲ့လုပ်နိုင်စွမ်းအားနဲ့ အိပ်ခြင်းကိုအနှောက်အယှက် ဖြစ်စေတယ်ဆိုတာကို သတိမထားမိကြပါဘူး။ ဒီလိုနေထိုင်ခြင်းဖြင့် မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ၊ အားအင်၊နဲ့ အိပ်ချိန်တို့ကိုထိခိုက်နိုင် ပါသည်။ မနက်လင်းတဲ့အခါထွက်တဲ့ အလင်းဟာ လူကိုပိုမိုတက်ကြွစေပြီး၊ အိပ်ချင်စေတဲ့ ဟော်မုန်းကို လျော့ ကျစေပါသည်။ ညနေရောက်တဲ့အခါ အလင်းကျသွားတဲ့အချိန်မှာ Melatonin ဆိုတဲ့ဟော်မုန်းဟာ မိမိကို အိပ်ငိုက်စေပါသည်။

ညနေပိုင်းမှာ ဦးနှောက်အတွက် ဒီလိုအလင်းရောင်ပြင်းထန်တာတွေဟာ ပြသနာရှိနိုင်ပါသည်။ ယနေ့ခေတ် အသုံးပြုကြတဲ့ Laptop၊ Tablet နဲ့ဖုန်းတို့ဟာ ဒီလို Melatonin ဟော်မုန်းထွက်ရှိမှုကို နည်းစေပြီး၊ အိပ်ချင်စိတ် ကိုလျော့ကျစေပါသည်။ ဒီလိုအိပ်ချိန်ကိုထိခိုက်ခြင်းသည်၊ လုပ်အားစွမ်းရေကျဆင်းဖြစ်လာနိုင်ပါသည်။ ဒီတော့ ညစာစားပြီးချိန်မှာဒီလို အရာတွေကို မသုံးစွဲသင့်ပါဘူး။

 

၂. အင်တာနက်ကို မကြာခနသုံးစွဲခြင်း

အလုပ်ကိုအသေအချာမလုပ်ခင် ၁၅မိနစ်ခန့် အာရုံစိုက်ဖို့လိုအပ်ပါသည်။ ယင်းနောက်အမှန်တကယ် စိတ်ပါ သွားသောအခါ Flow လို့ခေါ်တဲ့ Productivity ဖြစ်လာပါသည်။ ဒီလို Flow အဆင့်ကိုရောက်သွားတဲ့ အခါ သာ မန်လူထက် ၅ ဆခန့်ပိုမိုလုပ်နိုင်တယ်လို့ သုသေသနပြုလုပ်ထားပါသည်။ ဒီတော့ မိမိအလုပ်လုပ်နေစဉ်ကာလ အတွင်းမှာ သတင်း၊ Facebookနဲ့ အားကစားသတင်းကို ကြည့်ဖို့ခန ရပ်လိုက်ခြင်းဟာ အဆိုပါ Flow ဖြစ်စဉ်ထဲ က ဆွဲထုတ်လိုက်တာပဲဖြစ်ပါသည်။ ဒီတော့ နောက်တစ်ကြိမ် ၁၅ မိနစ်ခန့်၊ အလုပ်ကိုပြန်စဖို့အတွက် အာရုံစိုက် ရန်လိုအပ်ပါသည်။

 

၃.အလွန်အမင်း perfect ဖြစ်ချင်သူ

စာရေးဆရာများသည် နာရီပေါင်းများစွာ မိမိရဲ့ ၀တ္ထုနဲ့ဇာတ်ကောင်ကောင်းမွန်ဖို့အတွက် အသုံးချပြီး၊ စာအုပ်ထဲ မှာတကယ်မထည့်မယ် စာမျက်နှာကိုတောင် စဉ်းစားပြီးရေးသားကြပါသည်။ ဒီလိုလုပ်ဆောင်ခြင်းဟာ idea အတွက် နာရီပေါင်းများစွာလိုအပ်တယ်လို့ သိလို့ပါပဲ။ တခါတစ်ရံမိမိရဲ့ idea ဟာ အရမ်းမပြည့်စုံဘူးထင်တဲ့ အခါ ကျွန်တော်တို့အလုပ်ကိုခန ရပ်တန့်ပြီးစဉ်းစားကြပါသည်။ ဒီတော့ ကိစ္စတစ်ခုကိုမစမချင်း ၊ ကောင်းမွန်တဲ့ အရာတစ်ခုကိုဖန်တီးဖို့ မဖြစ်နိုင်ပါဘူး။စာရေးဆရာ Jodi Picoult ပြောခဲ့တာကတော့ မကောင်းတဲ့စာမျက်နှာကို ပြင်လို့ရပါတယ်၊ ဒါပေမယ့် စာမျက်နှာလွတ်ကိုတော့ ပြင်လို့မရပါဘူးတဲ့။

Source : Forbes 

Read times
Rate this item
(1 Vote)