-->
×

Warning

JUser: :_load: Unable to load user with ID: 28


2016 ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံး သူဌေးများ

2016 ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံး သူဌေးများ Forbes

၂၀၁၆ ခုနှစ်၏ အတက်အကျများသော Stock market၊ ရေနံဈေးနှုန်း၊ ဒေါ်လာဈေးတို့ကြောင့် ၂၀၀၉ ထက်စာလျှင် ဘီလီယံသူဌေး ၁၀ ဦး၊ အချမ်းသာဆုံး List ထဲမှပြုတ်ကျသွားခဲ့သည်။ အကြိမ် သုံးဆယ်မြောက်စစ်တမ်းကောက်တဲ့ အခါမှာ ၂၀၁၆ ခုနှစ်တွင် ဘီလီယံသူဌေး ၁၈၁၀ ဦးရေရှိပြီး၊ ယခင်နှစ်က ၁၈၂၆ဦးရှိခဲ့သည်။ ၂၀၁၀ ခုနှစ် မှစတင်ပြီး၊ ယခုကဲ့သို့ ဘီလီယံ သူဌေးဦးရေကျဆင်းခြင်းမှာ ပထမအကြိမ်ဖြစ်သည်။

 

 အဆိုပါ List ထဲမှ သူဌေး ၂၂၁ ဦးမှာ ဘီလီယံသူဌေးစာရင်းမှ ပြုတ်ကျခဲ့ပြီး၊ ၁၉၈ ဦးဘီလီယံသူဌေးအသစ်များ မှာ List ထဲသို့ ၀င်ခဲ့ပြီး၊ ၂၀၁၅ခုနှစ်တွင် ၂၉ ဦးသေဆုံးခဲ့သည်။

 

အချမ်းသာဆုံး ဘီယံသူဌေးများမှာ

 Bill Gates ဖြစ်ပြီးပိုင်ဆိုင်မှုမှာ $75 ဘီလီယံဖြစ်သည်။ သူဟာ မနှစ်ကထက်စာလျင် $4.2 ဘီလီယံ ပိုမိုဆင်း ရဲသွားခဲ့သည်။ သူဟာ သုံးနှစ်တိုင်တိုင် နံပါတ် ၁ နေရာတွင် ရပ်တည်နေပါသည်။လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်အတွင်းတွင် Forbes ၏ ရှာဖွေချက်အရ လူ၅ ဦးသာ အချမ်းသာဆုံး နေရာတွင်ရပ်တည်နေပြီး၊ အဆို ပါ ၅ဦးထဲမှ ၃ဦးသာ ကမ္ဘာ့အချမ်းသာဆုံး ၄ ဦးထဲတွင်ပါဝင်ပြီး၊ ယင်းထဲတွင် Warren Buffett နှင့် Carlos Slim တို့ပါဝင်ပါသည်။

 

အဆိုပါ List ထဲတွင် Buffet သည် နံပါတ် ၃ နေရာတွင် ရပ်တည်နေပြီး၊ Zara ပိုင်ရှင် Amancio Ortega သည် အဆင့်၂ နေရာတွင် ရပ်တည်နေပြီး၊ Carlos Slim သည် နံပါတ်၎ နေရာတွင် $27.1 ဘီလီယံ ပိုင်ဆိုင်မှုဖြင့် ရပ်တည်နေပါသည်။

 

Facebook လုပ်ငန်းပိုင်ရှင် Mark Zuckerberg သည် အဆိုပါဘီလီယံသူဌေးများထဲတွင် မနှစ်ကထက် $11.2 ဘီလီယံ ပိုမိုချမ်းသာကာ၊ နံပါတ် ၁၆ မှ ၆ သို့အဆင့်တက်သွားခဲ့သည်။

 

၂၀၁၆ ခုနှစ်တွင် Mark Zuckerberg နှင့် Amazon ပိုင်ရှင် Jeff Bezos ဆိုတို့ဟာ ကမ္ဘာ့အချမ်းသာဆုံး ၁၀ စာ ရင်းထဲသို့ ၀င်ရောက်ခဲ့ပြီး၊ တရုတ်ပြည်မှ AMC ပြဇာတ်ရုံပိုင်ရှင် Wang Jianlin သည် ကမ္ဘာ့အချမ်းသာဆုံး အဆင့် ၂၀ သို့တက်ရောက်ခဲ့သည်။

 

နိုင်ငံများထဲတွင် U.S သည် ဘီလီယံသူဌေး ၅၄၀ဦးရှိပြီး၊  ဒုတိယနေရာတွင် တရုတ်မှ ၂၅၁ ဦးသော သူဌေးများ ရှိပြီး၊ ဂျာမနီတွင် ၁၂၀ ဦးနှင့် ရုရှတွင် ၇၇ တို့ရှိကြပါသည်။ 

Source: Forbes  

Read times
Rate this item
(1 Vote)