-->
×

Warning

JUser: :_load: Unable to load user with ID: 28


အောင်မြင်သောလုပ်ငန်းရှင်များ ရှောင်ရှားရမယ့်စကားလုံးအသုံးအနှုန်းများ

အောင်မြင်သောလုပ်ငန်းရှင်များ ရှောင်ရှားရမယ့်စကားလုံးအသုံးအနှုန်းများ Forbes

စကားလုံးများသည် အလွန်အစွမ်းထက်ပါသည်။ အချို့စကားလုံး အသုံးအနှုန်းမှားတဲ့အခါ ကိုယ့်ပေးချင်တဲ့ messssge နဲ့ ရည်ရွယ်ချက်ကိုမရပဲဖြစ်တတ်ပါသည်။ အောင်မြင်သူများသည် ဘယ်လိုစကားအသုံးအနှုန်းများ ကိုရှောင်ရှားပြီး၊ ဘယ်လို လွှမ်းမိုးမှုရှိအောင် ပြောရမလဲဆိုတာ နားလည်ပါသည်။

 

၁. ခုလေးတင် (Just)

ဒီစကားလုံးသည် ကိုယ့်ကိုကာကွယ်သည် စကားလုံးမျိုးဖြစ်ပြီး၊ ကိစ္စတစ်ခုအရေးပါမှုကို လျော့ကျစေသည်။ အကယ်လို့ ကိုယ်ဟာ E-mail မစစ်ရသေးဘဲ၊ ဒီ E-mail ဟာ အချိန်နဲ့ အခြားအရာ ဆောင်ရွက်စရာတွေလို ရင်၊ အရေးမကြီးသလို ပုံစံမျိုးမလုပ်ပြသင့်ပါဘူး။ ဒီလိုလုပ်ဆောင်ခြင်းသည် စိတ်ထဲမှာ အခြားသူအတွက် ရန်လို မှုတွေဖြစ်ပေါ်စေပြီး၊ မကျေနပ်မှုနဲ့ မိမိရဲ့လုပ်ပိုင်ခွင့်ကို လျော့ကျစေပါသည်။

 

 

၂. ကျွန်တော်ထင်တာကတော့

ဘာတွေလုပ်လုပ်၊ တွေးတွေး အရာအားလုံးက အတွေးထဲက စတင်တာပါ။ ဒါပေမယ့် စကားလုံးတိုင်းမှာ ကျွန် တော်ထင်တာကတော့ ဆိုတာကိုတော့ မသုံးသင့်ပါသည်။ ဒီစကားလုံးရဲ့နောက်ကွယ်ရဲ့အဓိပ္ပါယ်က မင်းထင်တာမှားချင်ရင် မှားလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်ထင်တာကတော့လို့ပြောတဲ့အတွက် မှားလည်း အဆင်ပြေတယ်လို့ ဆိုလိုချင်တာဖြစ်သွားပါသည်။ ပြီးတော့ကိုယ့်ကို ကာကွယ်တဲ့ပုံစံလည်း ဖြစ်ပါသည်။

ဒီလိုအသုံးပြုခြင်းဟာ ကိုယ့်စကားလုံးရဲ့ Power ကိုကျစေပြီး၊ ကိုယ့်ရဲ့အမြင်ကို အခြားလူသဘောမတူသော် လည်းရဲရဲဝံ့ဝံ့ထုတ်ပြောဖို့လိုပြီး၊ ယင်းမှသာ လေးစားမှုပိုလာမှာဖြစ်ပါသည်။

 

 

၃. အရမ်း သေချာလွန်းသောပုံစံ

ကိုယ်ပြောလိုတဲ့စကားမှာ အရမ်း၊ လုံးဝသေချာတယ် စတဲ့စကားလုံးတွေသုံးခြင်းအားဖြင့် မိမိပြောလိုတဲ့ Message ကိုပိုကောင်းလာစေမှာမဟုတ်ပါဘူး။ ကျွန်တော်အရမ်းစိတ်လှုပ်ရှားတယ်ဆိုတဲ့စကားထက်၊ ကျွန်တော် စိတ်လှုပ်ရှားစေတယ်ဆိုတဲ့ စကားက ပိုမိုကောင်းမွန်ပါသည်။ ဒီလိုသုံးနှုန်းခြင်းအားဖြင့် Drama ဖြစ်စေပြီး၊ စကားလုံးနည်းနည်းက ပိုမိုထိရောက်ပါသည်။

 

 

၎. စိတ်မပူနဲ့ ၊ ကျွန်တော်ကြိုးစားမယ်။

ကျွန်တော်ကြိုးစားမယ်ဆိုတဲ့ စကားလုံးဟာ ကိုယ့်အရည်အချင်းကိုမယုံကြည်တဲ့သဘောမျိုးဖြစ်သွားစေပါသည်။ ကိစ္စတစ်ခုကိုလုပ်ဖို့ ကြိုးစားကြည့်မယ်ဆိုတဲ့ စကားဟာ၊ ကြားရသူအတွက် စိတ်ရှုပ်ကာ၊ ကိုယ့်မန်နေဂျာ ကလည်း သင်ဟာ ကြိုးစားဖို့တောင် ယုံကြည်မှုမရှိသူလို့ ထင်မှတ်စေပါသည်။

နောက်တစ်ချက် စိတ်မပူနဲ့ ဆိုတဲ့စကားဟာ မိမိကိုယ်ယုံကြည်မှုလွန်ကဲသူအဖြစ်ထင်စေပြီး၊ ကိုယ့်လူတွေကို ကိုယ်ဘာလုပ်နေတယ်ဆိုတာကို မသိစေဘဲ၊ အခြားလူတွေက မလုပ်နိုင်သလိုဖြစ်စေပါသည်။ ခေါင်းဆောင် သူဆိုတာ ကိုယ့်လူတွေကို အားပေးဖို့ဖြစ်ပြီ၊ သူတို့ power မရှိသလိုမထင်စေသင့်ပါဘူး။

 Source: Forbes 

Read times
Rate this item
(5 votes)