-->
×

Warning

JUser: :_load: Unable to load user with ID: 28


ကမ္ဘာ့အကျော်ကြားဆုံးလူများနှင့် သူတို့ရဲ့ဝါသနာ

ကမ္ဘာ့အကျော်ကြားဆုံးလူများနှင့် သူတို့ရဲ့ဝါသနာ Google

သင်တို့ထင်သလို အောင်မြင်သူတွေဟာ အမြဲတစေ ကြိုးစားနေကြတာ မဟုတ်ပါဘူး။ သူတို့ဟာ အောင်မြင်သလို Work & Life Balance ကိုလည်း ထိန်းထားနိုင်ပါတယ်။

ယခုဆောင်းပါး မှာတော့ ကမ္ဘာ့အောင်မြင်ကျော်ကြားသူအများစုသို့ အားလပ်ချိန်တွေမှာ ဘယ်လိုဝါသနာပါတာတွေလုပ်ပြီး ကုန်ဆုံးသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Richard Branson

အင်္ဂလန်နိုင်ငံရဲ့ အကြီးဆုံး Virgin လုပ်ငန်းစုကြီး၏ပိုင်ရှင် Richard Branson ကတော့ သူ့ရဲ့ သတင်းတွေ အင်တာဗျူးတွေကို ကြည့်ခြင်းအားဖြင့် အားလပ်ချိန်တွေကို ရေလွှာလျောစီးခြင်း၊ ရွက်လှေလွှင့်ခြင်းများနှင့် ကုန်ဆုံးကြောင်း သိရပါတယ်။ ဒါပေမယ့် သူဌေးကြီး Richard ရဲ့ အနှစ်သက်ဆုံး ၀ါသနာကတော့ ချက်စ် ထိုးခြင်းဖြစ်ပါတယ်။ ချက်စ် ထိုးခြင်းအားဖြင့် သူ့ရဲ့စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေကို တိုးတက်စေပြီး သူ၏လုပ်ငန်းမှာလည်း အထောက်အကူဖြစ်တယ်ဟုလည်း သိရပါတယ်။

1111

Bill Gates

ကမ္ဘာ့အချမ်းသာဆုံး Microsoft ပိုင်ရှင်ကြီး Bill Gates ကတော့ ရှေးရိုးကျတဲ့ Bridge လို့ခေါ်တဲ့ ဖဲကစားနည်းကို နှစ်သက်ပါတယ်တဲ့။ သူက ဒါ့အပြင် Tennis ရိုက်ခြင်းနှင့်လည်း အချိန်တွေကို ကုန်ဆုံးလေ့ရှိပါတယ်။

22222

Kate Midaleton

အင်္ဂလန်နိုင်ငံရဲ့ မင်းသမီး Cambridge မြို့စားမင်းသား William ရဲ့ ကြင်ယာတော် Kate Midaleton ကတော့ သူမအားလပ်ချိန်တွေကို အရောင်ချယ်ခြင်းနှင့် ကုန်ဆုံးလေ့ရှိတယ်လို့ သိရပါတယ်။ အရောင်ချယ်ခြင်းက သူ့ရဲ့စိတ်ကို တည်ငြိမ်စေတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ချပေးတာကြောင့်ပါလို့ သူမက ဆိုပါတယ်။

333333

Warren Buffet

အမေရိကန်နိုင်ငံ The Berkshire Hathaway ရင်းနှီးမြှုပ်နှံမှုကုမဏီ၏ CEO Warren Buffet ကတော့ သူ့ရဲ့ အားလပ်ချိန်တွေမှာ Ukulele (ဂီတာအသေးစားမျိုး) ကသာ ကြိုက်နှစ်သက်တယ်လို့ဆိုပါတယ်။ Warren ဟာ သူ့ရဲ့ Ukulele တီးတတ်စွမ်းရည်နဲ့ ပရဟိတပွဲတွေမှာ ဖျော်ဖြေပြီး ပိုက်ဆံတွေကို ကလေးငယ်များ ပညာသင်ကြားရေးမှာ လှူတယ်လို့ သိရှိရပါတယ်။

4444444

Angelina Jolie

Angelina Jolie ကတော့ Hollywood မှ ကမ္ဘာကျော် အက်ရှင်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမဟာ အက်ရှင်မင်းသမီးဖြစ်တဲ့အလျှောက် ဒါးတွေကိုစုဆောင်းရတာဝါသနာပါတယ်လို့ ပြောပါတယ်။ သူမတင်သာမက ဒါးစုဆောင်းခြင်းဝါသနာကို သူမ၏ သားတွေကပါ စိတ်ဝင်စားတယ်လို့ သိရပါတယ်။

5555555

Source: Business Insider

Read times
Rate this item
(0 votes)