-->
×

Warning

JUser: :_load: Unable to load user with ID: 28


စိတ်ဖိစီးမှု လျော့ချရန်နည်းလမ်း ၅ ချက်

စိတ်ဖိစီးမှု လျော့ချရန်နည်းလမ်း ၅ ချက် GOOGLE

ယခုခေတ်သစ်လုပ်ငန်းခွင်တွေမှာ အဓိကကြုံရတဲ့ပြသနာကတော့

အလုပ်ဖိစီးမှုဒဏ်ပဲဖြစ်ပါသည်။ အလုပ်တွေ များလာတဲ့အလျောက် လူတိုင်းဟာ ပင်ပန်းသလို၊ စိတ်ဖိစီးမှုများလည်း ရှိလာတတ်ပါသည်။ စိတ်ဖိစည်းမှုမတွေ များလာခြင်းဟာ မိမိကိုယ်တိုင်အတွက်လည်း ကောင်းကျိုးမရှိသလို မိမိအလုပ်လုပ်နေတသာ ပတ်ဝန်းကျင်၊ organization အတွက်လည်းကောင်းကျိုးမရှိနိုင်ပါဘူး။ အဲ့ဒီတော့ ယနေ့အတွက် Myanmar Advertising Directory မှ စိတ်ဖိစည်းမှုတွေကို လျော့ချရန်နည်းလမ်းများကို စုစည်းတင်ပြပေးလိုက်ပါသည်။

၁. ရေများများသောက်ပါ။

သင်အလုပ်စားပွဲများပဲ ဖြစ်ဖြစ်ရေဘူးတစ်ဘူးကို ချထားပြီး၊ စိတ်ဖိစည်းမှု (သို့) စိတ်လှုပ်ရှားမှုများဖြစ်လာစေပါ ကရေကို နည်းနည်းချင်းစီသောက်ပေးခြင်းက စိတ်ကို အလိုလျောက်သက်သာမှုရစေပါသည်။

၂. အသက်ပြင်းပြင်းရူပါ။

လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်းပဲဖြစ်ဖြစ် Meeting အတွင်းရောက်နေသည်ဖြစ်စေ၊ နာရီဝက်တစ်ခါ အသက် ပြင်းပြင်း ၅ခါရူပေးပါ။ ထိုသို့ရူပေးခြင်းက လည်းသင့်ကိုသက်သာစေရန် အထောက်အကူပေးပါလိမ့်မည်။

၃. မတ်တပ်ရပ်ပေးပါ။

တစ်ခါတစ်ရံ တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ထိုင်နေခြင်းက သင့်ကိုပိုမိုစိတ်ကျဉ်းကျပ်စေသလို၊ အလုပ် လုပ်ရာတွင်လည်း စိတ်ဖိစည်းမှုပိုမိုများပြားစေ ပါသည်။ ထိုသို့မဖြစ်ရလေအောင် သင်အနေဖြင့် အလုပ်စားပွဲ နောက်မှာပဲဖြစ်ဖြစ် မကြာခဏ မတ်တပ်ရပ်ပေးခြင်းက သက်သာရာရစေပါသည်။

၎. ကိုယ်လက်ဆန့်ပေးခြင်း။

ကိုယ်တွေလက်တွေ ဆန့်ပေးခြင်းဖြင့် အလုပ်ကြောင့်ဖြစ်တတ်သော စိတ်ဖိစည်းမှုများကို လျော့ကစေပါသည်။ ကြွက်သားအတွင်း သွေးစီးဆင်းမှု လည်ပတ်မှုအားကောင်းမွန်ခြင်းက ကျန်းမာရေးရူထောင့်အနေနှင့် စိတ်ဖိ စည်းမှုကို လျော့ချပေးနိုင်ပါသည်။

၅. တရားထိုင်ပါ။

တရားထိုင်ခြင်းဟာ ဘာသာရေးနှင့်သာ သက်ဆိုင်တယ်လို့ အများကလက်ခံထားကြပါသည်။ သို့သော်လည်း တရားထိုင်ခြင်းက သင့်ကို စိတ်တည်ငြိမ်ပြီး ဖိစည်းမှု လျော့ချစေရန်အကောင်းဆုံးနည်းပဲဖြစ်ပါသည်။ အချို့ နည်းလမ်းတွေဟာ စိတ်ဖိစည်းမှုကိုခဏတာသာ လျော့ချပေးနိုင်ပါသည်။ သို့သော်လည်း နေ့စဉ်ပုံမှန်တရား ထိုင်ခြင်းအားဖြင့် မိမိ ပြုလုပ်သောအလုပ်များတွင် စိတ်စုစည်းမှုအားကောင်းခြင်းကြောင့် အမှားလည်းနည်း လာပြီး၊ စွမ်းဆောင်ရည်ကိုပါ တိုးတက်စေယုံသာမက စိတ်ဖိစည်းမှုကိုလည်း အမြဲလျော့ချပေးနိုင်ရန် ကူညီ ပါလိမ့်မည်။

လုပ်ငန်းခွင်အသီးသီးတွင် အောင်မြင်ရရှိနိုင်ကြပါစေ။

    

Read times
Rate this item
(3 votes)