အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အမေရိကန်၏၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်
အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။ ယခုလက်ရှိတွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။ New York မြို့မှာမွေးဖွားကြီးပြင်းခဲ့ပြီး အမေရိကန်နိုင်ငံ၏ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်အဖြစ် လူသိများခဲ့ပါတယ်။ စီးပွားရေးလောကမှ နိုင်ငံရေးဘက်သို့လည်း ခြေဦးလှည့်လာတဲ့သူတစ်ဦးဆိုလည်းမမှားပါဘူး။ ယနေ့မှာတော့ Myanmar Advertising Directory မှ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ မှတ်သားဖွယ်ရာစကားစုများကို တင်ပြပေးမှာဖြစ်ပါတယ်။
၁။ လူတိုင်းဟာ ဘ၀မှာစဉ်းစားတွေးတောစရာတွေနဲ့ ပြည့်နှက်နေမှာအမှန်ပဲဖြစ်ပါတယ်။ အဲဒီတော့ စဉ်းစားတွေးတောရမည့်အတူတူကြီးကြီးမားမား တွေးတောပါ။
၂။ သင်တို့တစ်စုံတစ်ယောက်ကစတင်တိုက်ခဲ့မယ်ဆိုရင် ဘယ်တော့မှ ငြိမ်မခံနေပါနှင့်။ ပြန်လည်တိုက်ခိုက်ပါ။ အချို့အရာတွေမှာ ကြမ်းတမ်းသင့်ရင်ကြမ်းတမ်းရပါမယ်။
၃။ သင်အတိတ်မှ ဖြစ်ပျက်ခဲ့တယ့်အတွေ့အကြုံတွေကနေသင်ယူပါ။ ထို့နောက် သင့်အနာဂတ်အတွက် တိကျသေချာသော အစီအစဉ်ကိုဆွဲပါ။ ပြီးရင်တော့ သင်ယခုလက်ရှိလုပ်ကိုင်နေတာကို အစွမ်းကုန်ကြိုးပမ်းပါ။ အဲဒီလိုဆိုရင်တော့သင်ဟာ ဘ၀ရဲ့ပျော်ရွှင်ခြင်း အဓိပ္ပာယ်ကိုအစပြုလိုက်ခြင်းပဲဖြစ်ပါတယ်။
၎။ ငွေကို ဘယ်တော့မှ သင့်ရဲ့အဓိကတွန်းအားအဖြစ် အသုံးမချပါနှင့်။ အောင်မြင်ချင်ပါက ငွေကို အဓိကထားခြင်းထက် ထိုငွေကို ဘယ်လိုကစားရမည်ကို အဓိကစိတ်ပါဝင်စားမှုရှိနေပါစေ။
၅။ တစ်ခါတစ်ရံမှာ သင်ဘာမှမလုပ်ဘဲ နေလိုက်ခြင်းက သင့်ရဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတွေဖြစ်နေတတ်ပါတယ်။
၆။ သင့်မှာ စွဲလန်းမှုတစ်ခုမရှိပါက သင့်မှာကြိုးစားအားထုတ်မှုရှိမှ မဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုမရှိတော့ရင်တော့ သင်ဟာ အလကားလူဖြစ်သွားပြီဆိုတာ ၁၀၀% သေချာနေပါပြီ။
၇။ အလုပ်တစ်ခုရဲ့အဆုံးသတ်မှ သင်ဟာ ဘယ်လောက်အမှားတွေလုပ်ခဲ့လည်းဆိုတာ တွက်ဖို့မသင့်ပါဘူး။ သင်ဘယ်လောက်အောင်မြင်ပြီးမြောက်အောင် လုပ်သွားနိုင်လဲဆိုတာကို သက်သေပြမိပါစေ။
အလုပ်ခွင်တွင်ရှိသောလူတိုင်းအောင်မြင်သောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။
 
					
 
		  	


 
 
 
  
  
  
  
  
  
  
  
  
  
  
  
  
  
  
 