-->
×

Warning

JUser: :_load: Unable to load user with ID: 28


အောင်မြင်သည့် မီလီယံနာတွေ အားလပ်ချိန်မှာဘာလုပ်ကြသလဲ

အောင်မြင်သည့် မီလီယံနာတွေ အားလပ်ချိန်မှာဘာလုပ်ကြသလဲ GOOGLE

ကမ္ဘာပေါ်မှာလူအများအပြားရှိပေမယ့် အောင်မြင်ချမ်းသာတဲ့လူတွေဟာ

ရှားပါးလွန်းလှပါတယ်။ ရှားပါးလွန်းလှတဲ့အလျှောက် အောင်မြင်သူတွေမှာလည်း အများနှင့်မတူတဲ့ အလေ့အကျင့်တွေရှိ တတ်ပါတယ်။

ယနေ့ Myanmar Advertising Directory ပရိသတ်ကြီးအတွက် အောင်မြင်သူမီလီယံနာများ အားလပ်ချိန်မှာ လုပ်လေ့လုပ်ထရှိသည့် အချက်များကို စုစည်းတင်ပြပေးလိုက်ပါတယ်။

အားကစားလုပ်ခြင်း

အားကစားလုပ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်သည့်အလေ့အကျင့်တစ်ခုဖြစ်သလို စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေသည့် စွမ်းအင်ပေးစွမ်းနိုင်သည်ဟု အောင်မြင်သူအများစုက လက်ခံထားကြပါတယ်။

ထို့ပြင် ထိုအားကစားလုပ်ခြင်းက ၎င်းတို့ အလုပ်လုပ်သည့်အခါတွင် ပိုမိုလန်းဆန်းတက်ကြွစေသလို အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။

အသစ်အသစ်သောအရာများကို ရှာဖွေသင်ယူခြင်း

အချို့လူများက နေရာတစ်ခု ရာထူးတစ်ခုကို ရောက်သွားပြီဆိုလျှင် သင်ကြားမှု သင်ယူမှုများ ရပ်တန့်သွားတတ်ကြပါတယ်။ မီလီယံနာတွေကတော့  အဲဒီလိုမဟုတ်ပါဘူး။ အမြဲတမ်းရှာဖွေစူးစမ်းသင်ယူဖို့ အသင့်ဖြစ်နေကြပြီး စွန့်ဦးတီထွင်မှုတွေကို လုပ်ဆောင်ရန် အမြဲတစေ နိုးကြားနေတတ် ပါတယ်။

ချစ်ခင်သူများနှင့် အချိန်ကို ကုန်ဆုံးစေခြင်း

အောင်မြင်မှုရရှိရန်အတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ကြိုးစားနေရမည်ဟု သတ်မှတ်မထားပါဘူး။ အဓိကအနေဖြင့် Work and Life Balance ရှိဖို့ လိုအပ်ပါတယ်။

ထို့ကြောင့် အောင်မြင်သူများက အလုပ်ကိုလည်းလုပ်သလို စိတ်အပန်းဖြေပျော်ရွှင်ဖို့အတွက် မိသားစု သို့မဟုတ် ချစ်ခင်သူများနှင့် အချိန်ကို ကုန်ဆုံးစေပါတယ်။

ခရီးထွက်ခြင်း

အောင်မြင်သူများဟာ ခရီးထွက်သည့်အခါ အပန်းဖြေဖို့သက်သက်တစ်ခုတည်းအတွက် ခရီးထွက်ကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ရည်ရွယ်ချက်ဟာ ရိုးရှင်းပါတယ်။ အတွေ့အကြုံဗဟုသုတအသစ်များ ရရှိချင်တဲ့ ရည်ရွယ်ချက်နှင့် ခရီးထွက်ကြခြင်းပဲ ဖြစ်ပါတယ်။

ထိုခရီးထွက်ခြင်းမှရတဲ့ အားသာချက်ကို အလုပ်ခွင် သို့မဟုတ် လူမှုရေးနယ်ပယ်ထဲတွင် ပြန်လည်အသုံးချကာ အောင်မြင်မှုတစ်ဆင့်ထပ်မံတက်လှမ်းနိုင်ရန် ကြိုးပမ်းကြပါတယ်။

အလုပ်ခွင်တွင်အလုပ်လုပ်နေသောသူများအားလုံး အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်စေရန် ဆုတောင်းရင်း …. Myanmar Advertising Directory

Source: Inc.

Read times
Rate this item
(2 votes)