-->
×

Warning

JUser: :_load: Unable to load user with ID: 28


အမျိုးသမီးတွေဟာ ဘာလို့ အောင်မြင်တယ့်ခေါင်းဆောင်တွေဖြစ်နိုင်တာလဲ???

အမျိုးသမီးတွေဟာ ဘာလို့ အောင်မြင်တယ့်ခေါင်းဆောင်တွေဖြစ်နိုင်တာလဲ??? GOOGLE

ကမ္ဘာပေါ်မှာ အမျိုးသားနှင့် အမျိုးသမီး ခွဲခြားဆက်ဆံတာဟာ လွန်ခဲ့တဲ့ ဆယ်ရာစုနှစ်များစွာတည်းက တည်ရှိခဲ့ ပါတယ်။

ယခုအချိန်မှာ ကမ္ဘာ့အဖွဲ့အစည်းများကလည်း အမျိုးသမီးလူထုလှုပ်ရှားမှုကို အားပေးလုပ်ဆောင်လာပါတယ်။ သို့သော်လည်း အချို့အာရှနိုင်ငံတွေမှာ အမျိုးသမီးများကို နှိမ့်ချဆက်ဆံမှုတန်းတူအခွင့်အရေးမပေးမှုများ ဆက်လက်ကြုံတွေ့နေရပါတယ်။ မည်မျှပင် တန်းတူအခွင့်အရေးမပေးစေကာမူ အမျိုးသမီးတွေမှာ ခေါင်းဆောင်အဖြစ် မွေးရာပါအရည်အချင်းအချို့ ရှိနေပါ တယ်။

ထိုအရည်အချင်းများကို Myanmar Advertising Directory မှ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

၁။ ကြင်နာတတ်ခြင်း

ခေါင်းဆောင်ကောင်းတစ်ဦး၏ အဓိကအရည်အချင်းကတော့ ကြင်နာတတ်တယ့်နှလုံးသားပဲဖြစ်ပါတယ်။ ခေါင်းဆောင်တွေဟာ အမျိုးမျိုးသော လူအများကို တွေ့ကြုံဆက်ဆံရပါတယ်။ အချို့အရာတွေမှာ အကြင်နာတရားကို ရှေ့ထား၍ စီမံခန့်ခွဲခြင်းက ပိုမိုထိရောက်အောင်မြင်စေပါတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ အဓိကအရည်အချင်းဖြစ်တဲ့ ကြင်နာတတ်ခြင်းနှလုံးသားကို အမျိုးသမီးများ က ပိုငဆိုင်ထားပါတယ်။

၂။ သစ္စာရှိခြင်း

သုတေသနတွေ့ရှိချက်အရ အမျိုးသမီးများဟာ အမျိုးသားများထက်သစ္စာတရားခိုင်မြဲကြပါတယ်။ လူတစ်ဦးတစ်ယောက် (သို့) အလုပ်တစ်ခုကို သစ္စာတရားကိုရှေ့ထား၍ လုပ်ကိုင်တတ်ကြပါတယ်။ ထိုသစ္စာတရားရှိခြင်းက အမျိုးသမီးများ၏မွေးရာခေါင်းဆောင်အရည်အချင်းတွေပဲဖြစ်ပါတယ်။

၃။ ဇွဲရှိခြင်း

အမျိုးသားအများစုဟာ အမျိုးသမီးများနှင့် ယှဉ်လျှင် ဇွဲဝရိယကြီးမားမှုမရှိကြောင်း လေ့လာချက်များအရ တွေ့ရှိရတတ်ပါတယ်။ အမျိုးသမီးများဟာ ၎င်းတို့၏ ပင်ကိုယ်အကျင့်စရိုက်အရ မည်သည့်အရာမဆို မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကြိုးစားတတ်ကြပါတယ်။ ထိုအကျင့်စရိုက်ကပဲ အမျိုးသမီးများကို ခေါင်းဆောင်များအဖြစ် တွန်းပို့ပေးနေတာဖြစ်ပါတယ်။

၎။ အောင်မြင်မှုကိုရူးသွပ်ခြင်း

အမျိုးသားအများစုဟာ အရာရာကို စိတ်လက် ပါ့ပါးနေ၍ လုပ်ကိုင်တတ်ကြသော်လည်း အမျိုးသမီးများက မည်သည့်အရာမဆို ဥိးတည်ချက်ခိုင်ခိုင်မာမာထားကလုပ်ကိုင်တတ်ကြပါတယ်။ အောင်မြင်ပါမည်ဟူသောရည်ရွယ်ချက်ကိုလည်း အပြည့်အ၀ဆုတ်ကိုင်ထားပြီး အောင်မြင်အောင်ကြိုးစားကာ လုပ်ကိုင်တတ်ကြပါတယ်။ ယင်းပင်ကိုယ်အချက်ကြောင့်ဘဲ အမျိုးသမီးများကို ခေါင်းဆောင်အဖြစ် မွေးဖွားလာသူများဟု ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ အမျိုးသမီးများအောင်မြင်မှုအပေါင်းသရဖူဆောင်းနိုင်ပါစေ

Source: Inc.

Read times
Rate this item
(2 votes)