-->
×

Warning

JUser: :_load: Unable to load user with ID: 28


အောင်မြင်တယ့်ခေါင်းဆောင်ဖြစ်ဖို့ အသံနေအသံထားပြောင်းရန်လို

အောင်မြင်တယ့်ခေါင်းဆောင်ဖြစ်ဖို့ အသံနေအသံထားပြောင်းရန်လို GOOGLE

တစ်ခါတစ်ရံမှာ စကားပြောသည့်အသံနေအသံထားက အရေးမပါဘူးဟု သင်မြင်နိုင်ပါတယ်။

အမှန်တစ်ကယ်မှာတော့ စကားပြောသည့်အသံအနေအထားပေါ်မူတည်၍ လူအများအပေါ် လွှမ်းမိုးနိုင်သည့် အနေအထားများ ပြောင်းလဲနိုင်ပါတယ်။ အသံအနေအထားပြောင်းလဲ၍ လူအများကို လွှမ်းမိုးရန် အောက်ပါအချက်များကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

၁။ အသံအနိမ့် နှင့် အသံအမြင့်

မိမိ၏ အသံအနိမ့်အမြင့်ကို ဂရုပြုရန် အကောင်းဆုံး လုပ်ဆောင်ချက်ကတော့ မိမိအသံကို Record သွင်း၍ ပြန်လည်နားထောင်ခြင်းဘဲဖြစ်ပါတယ်။ အသံအနိမ့်အမြင့်ကို ထိန်းချုပ်နိုင်ခြင်းအားဖြင့် စကားပြောသည့်အခါ မိမိပြောသည့်စကားက တစ်ဖက်သူပေါ်ကို ပိုမိုထိရောက်မှုရှိသလို speech (သို့) Presentation ပြုလုပ်သည့်အခါ တွင်လည်း ပရိသတ်ကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။

၂။ အမြန်ပြောခြင်းနှင့် အနှေးပြောခြင်း

လူတွေက စကားအမြန်ပြောဆိုခြင်းကို မကောင်းဘူးလို့ထင်မြင်တတ်ကြပါတယ်။ သို့သော်လည်း အချို့အရာတွေမှာ အမြန်ပြောသင့်သည့်အခါ များရှိပါတယ်။ အချို့အလေးအနက်ထားရမည့်စကားများတွင် အနှေးပြောဆိုခြင်းကလည်း ပိုမိုလေးနက်စေရန် အထောက်အကူပြုပေးပါတယ်။

၃။ အာမေဋိတ်အားများပြောခြင်း

အာမေဋိတ်အသံအများအပြာပြောဆိုလျှင်တော့ စကားပြောကောင်းတဲ့ လက္ခဏာထဲမှာ မပါပါဘူး။ သို့သော်လည်း အချို့ စကားပြောအချိန်တွေမှာ လူအများ၏ စိတ်ဝင်စားမှုကို ခံချင်ပါက အာမေဋိတ်သံ အနည်းငယ် ပြောဆိုသင့်ပါတယ်။ အာမေဋိတ်သံပြောဆိုခြင်းက သင်ပြောဆိုနေသည့်အရာကို ပိုမိုလေးနက်စေဟု သာမက ပိုမိုထိရောက်စေကြောင်းကိုလည်း လေ့လာချက်များအရ တွေ့ရပါတယ်။

စကားပြောဆိုသည့်အရာမှာ ကြွယ်ဝနိုင်ပါစေ။

Read times
Rate this item
(0 votes)